Loading...

အင်္ဂါဂြိုလ်ပျံသန်းမည့် နာဆာစီမံကိန်းတစ်ခုမှာ ဦးဆောင်သူ မြန်မာအမျိုးသမီး မီမီအောင် ကို အားပေးဝန်းရံလိုက်တဲ့ ဇဏ်ခီ

zaw50.jpeg

အင်္ဂါဂြိုလ်ပျံသန်းမည့် နာဆာစီမံကိန်းတစ်ခုမှာ ဦးဆောင်သူ မြန်မာအမျိုးသမီး မီမီအောင် ကို အားပေးဝန်းရံလိုက်တဲ့ ဇဏ်ခီ

Loading...

နိုင်ငံကျော် မင်းသားတစ်လက်ဖြစ်တဲ့ ဇဏ်ခီကတော့ နာဆာရဲ့ (၂၀၂၀) အင်္ဂါဂြိုလ်ခရီးစဉ်စီမံကိန်းတစ်ခုကို ဦးဆောင်နေတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို အားပေးဝန်းရံထားပါတယ်။အဲဒီအမျိုးသမီးကတော့ အမေရိကန်ပြည်ထောင်စု၊ဝါရှင်တန်ဒီစီ တွင်အခြေစိုက်ထားတဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (National Aeronautics and Space Administration, NASA) ရဲ့ ဂျက်တွန်းအားဓာတ်ခွဲခန်းမှ အင်္ဂါဂြိုလ်ရဟတ်ယာဉ်ဆိုင်ရာစီမံကိန်း မန်နေဂျာအဖြစ် ဆောင်ရွက်နေသူကတော့ မမီမီအောင်ပဲဖြစ်ပါတယ်။

နာဆာရဲ့ သိပ္ပံနဲ့အင်ဂျင်နီယာဝန်ထမ်း (၃၀) ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး မီမီအောင်ကတစ်ယောက်အပါအဝင်ပါပဲ။သူကတော့ သင်္ချာဘာသာရပ်ဆိုင်ရာဒေါက်တာဘွဲ့ရထားတဲ့ အမေရဲ့ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်တတ်မှုရဲ့ အရေးပါမှုကို ငယ်ငယ်လေးကတည်းက နားလည်တတ်မြောက်လာခဲ့တာပါလို့ သိရပါတယ်။အခုလို့ ပထမဆုံး စီမံကိန်းကို အုပ်စုနဲ့အတူ ဆောင်ရွက်ရတဲ့အခါ စိန်ခေါ်မှုတွေကြုံရတတ်ပြီး အမေဆီကသင်ယူခဲ့ရတဲ့အတွေ့အကြုံတွေကို ပြန်အားကိုးနိုင်ခဲ့ပါတယ်လို့ ဆိုထားပါတယ်။

အခုလို့ မြန်မာအမျိုးသမီးတစ်ဦးက ကမ္ဘာကျော် အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာနရဲ့ အရေးကြီးစီမံကိန်းတစ်ခုကို ဦးဆောင်နေရတာဟာ ဂုဏ်ယူစရာသတင်းတစ်ခုဖြစ်တာမို့ ဇဏ်ခီကတော့ အားပေးဂုဏ်ပြုဝန်းရံနေတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဇဏ်ခီနဲ့အတူ မမီမီအောင်ဝန်းရံလိုက်ကြရအောင်နော်။

Loading...

Asian Academy Creative Awards 2019 ဆုကို ချီးမြင့်ခြင်းခံရတဲ့ကလေးသရုပ်ဆောင် ပြည့်ပြည့်

Screenshot_2019-10-17-21-06-41-448_com.facebook.katana.jpeg

Asian Academy Creative Awards 2019 ဆုကို ချီးမြင့်ခြင်းခံရတဲ့ကလေးသရုပ်ဆောင် ပြည့်ပြည့်

Loading...

ပရိသတ်ကြီးရေ.. ချစ်ရတဲ့ ပရိသတ်ကြီးများအတွက် ဂုဏ်စရာလည်းကောင်းသလို ဝမ်းသာပျော်ရွှင်စရာလည်းကောင်းတဲ့ သတင်းကောင်းလေးတစ်ခု ပါးချင်ပါတယ်နော်….ချစ်ပရိသတ်တွေအတွက် သတင်းကောင်းလေးကတော့ 2019 ခုနှစ် Asian Academy Creative Awards ဆုပေးပွဲကြီးမှာ မြန်မာနိုင်ငံက မင်းသမီးချောလေးဖြစ်တဲ့ ဝတ်မှုံရွှေရည်နဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ဟာ ထူးချွန်ဆုတွေ ပေးအပ်ချီးမြှင့်ခံလိုက်ရပါပြီနော်..။

“လိပ်ပြာစံအိမ်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ဝတ်မှုံရွှေရည်က ဆွတ်ခူးရရှိခဲ့တာဖြစ်ပြီး ချစ်စရာကောင်းပြီး အရွယ်လေးနဲ့ မလိုက်အောင် သရုပ်ဆောင်ပိုင်နိုင်လွန်းလှတဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်လေးကတော့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့ကြတာပါ..။

Brave Empire Entertainment ရဲ့ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သလို ပြည်တွင်းပြည်ပ ပရိသတ်တွေရဲ့ တခဲနက်ကြိတ်ကြိတ်တိုး အားပေးမှုတွေကို ရရှိခဲ့တဲ့ လိပ်ပြာစံအိမ် – The Only Mom ရုပ်ရှင်ဇာတ်ကားကြီးကတော့ ၂၀၁၉ ခုနှစ် Asian Academy Creative Awards မှာ Regional ဆုပေါင်း (၆) ဆုကို ရရှိခဲ့တာဖြစ်ပြီး အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု၊ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးဓာတ်ပုံဆုနဲ့ အကောင်းဆုံးဇာတ်ဝင်တေးဆုတွေပဲ ဖြစ်ပါတယ်နော်..။

Asian Academy Creative Awards ဆုပေးပွဲကြီးကတော့ နှစ်စဉ် အာရှ-ပစိဖိတ်မှ တစ်နှစ်တာအတွင်း ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများကို ရွေးချယ်ပြီး ဆုရွေးချယ်ချီးမြှင့်တဲ့ ဆုပေးပွဲကြီးပဲ ဖြစ်ပါတယ်နော်..။အခုလို အကောင်းဆုံးတွေကိုသာ ရွေးချယ်ချီးမြှင့်တဲ့ ဆုပေးပွဲကြီးမှာအကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့တဲ့ ပြည့်ပြည့်လေးအတွက် ပရိသတ်တွေအားလုံးကလည်း ဝမ်းသာဂုဏ်ယူနေကြပါတယ်နော်..။

Loading...

ဘယ်ပန်းချီရေးလို့မမီ (သို့) ဆက်ဆိုဖုန်းဖြင့် လမ်းမပေါ် ဖျော်ဖြေနေရသည့် မန္တလေးက အဘိုးအို (ရုပ်သံ)

2019-10-17_173237-696x368.png

ဘယ်ပန်းချီရေးလို့မမီ (သို့) ဆက်ဆိုဖုန်းဖြင့် လမ်းမပေါ် ဖျော်ဖြေနေရသည့် မန္တလေးက အဘိုးအို (ရုပ်သံ)

Loading...

ဆင်းရဲချမ်းသာ ကွာဟမှုတွေ ပိုမိုများပြားလာတဲ့ ဒီကနေ့ခေတ်မှာ လူသားတွေရဲ့ ရပ်တည်နေထိုင်မှုအတွက် ရုန်းကန်နေရတဲ့ အခြေအနေတွေဟာ တကယ့်ကို မလွယ်ကူလှပါဘူး။

ဝင်ငွေရရှိနိုင်ဖို့ အလွယ်လမ်းကို မလိုက်ပဲ ကိုယ်တတ်ကျွမ်းတဲ့ အသိပညာ၊ အတတ်ပညာ တခုခုကို အခြေပြုပြီး ရှင်သန်နေကြသူတွေကိုတော့ လူမှုပတ်ဝန်းကျင်မှာ သမာအာဇီ၀ကျကျ အသက်မွေးမှုကြောင့် ချီးကျူးထိုက်သူတွေလို့ တင်စားပြောဆိုလေ့ ရှိကြပါတယ်။

ခုရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အသက်အရွယ်ရနေပြီဖြစ်ပေမယ့် ဘဝကို အရှုံးမပေးဘဲ ဆက်ဆိုဖုန်းနဲ့ လမ်းမအလယ် ဖျော်ဖြေနေသူ အဘိုးအိုတဉီးကို တွေ့ကြရမှာ ဖြစ်ပါတယ်။

သူဟာ မြန်မာပုဆိုးနဲ့ ရှပ်အင်္ကျီလက်ရှည်အဖြူနဲ့ အနီရောင်ဦးထုပ်တလုံးကို ဆောင်းထားခဲ့ပြီး ဆက်ဆိုဖုန်းကို ကျွမ်းကျွမ်းကျင်ကျင် တီးမှုတ်ကာ သီချင်းတေးသွားနဲ့အတူ လမ်းသွားလမ်းလာတွေ ကြားမှာ ဖျော်ဖြေနေခဲ့တာပါ။

မိဘမေတ္တာဘွဲ့ နာမည်ကျော် တေးသီချင်းတပုဒ်ဖြစ်တဲ့ “ဘယ်ပန်းချီရေးလို့မမီ”သီ ချင်းနဲ့ ကရုဏာသက်ဖွယ်ဖျော်ဖြေနေတဲ့ အဘိုးအိုရဲ့ အလှူခံပလိုင်းထဲကိုတော့ လမ်းသွား လမ်းလာ တချို့က ငွေစက္ကူတွေ ထည့်ပေးသွားကြတာတွေကိုလည်း တွေ့ရပါတယ်။

ဒီရုပ်သံဗွီဒီယိုဖိုင်ကိုတော့ Comte de Saint-Germain အမည်နဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူတဦးက မှတ်တမ်းတင်ကာ ပြန်လည်မျှဝေထားခဲ့တာပါ။

မှတ်ချက်ပေးသူတယောက်က ဘယ်နေရာမှာလဲဆိုတဲ့ အမေးကိုတော့ မန္တလေးမြို့မှာ ဖြစ်ပြီး ဝမ်းနည်းစရာကောင်းပေမယ့် အဘိုးအိုရဲ့ အနုပညာကိုတော့ တကယ်နှစ်သက်မိကြောင်း ပြန်ဖြေထားခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်လူမှုကွန်ရက်စာမျက်နှာ ပေါ်မှာ ရေပန်းစားနေခဲ့ပြီး နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသိန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Loading...

ပိုင်တံခွန်ကို အရမ်းဂုဏ်ယူမိတယ်လို့ ချီးကျူးစကားဆိုလိုက်တဲ့ ဝိုင်းလေး

zaw57-1.jpeg

ပိုင်တံခွန်ကို အရမ်းဂုဏ်ယူမိတယ်လို့ ချီးကျူးစကားဆိုလိုက်တဲ့ ဝိုင်းလေး

Loading...

အဆိုဘက်မှာ အရမ်းထူးချွန်တဲ့ဝိုင်းလေးကတော့ အိမ်မက်ဆုံရာအဆိုပြိုင်ပွဲကနေ လူသိများလာခဲ့တာလို့ ဆိုနိုင်ပါတယ်။နောက်ပိုင်းမှာလည်း Miss Myanmar World( 2014) Winner တစ်ယောက်ဖြစ်လာခဲ့ပြီး ယောကျာ်းလေးပရိသတ်တွေအားပေးနှစ်ခြိုက်တဲ့ အဆိုတော် အလှမယ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူမရဲ့သီချင်းတွေကို ပရိသတ်တွေက တခဲနက်အားပေးကြပြီး သီချင်းသစ်ထွက်တိုင်းလည်းပရိသတ်တွေပါးစပ်များမှာ ရေပန်းစားလေ့ရှိတာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်တဲ့ အဆိုတော်အလှမယ် တစ်ယောက်ပါနော်။

လက်ရှိမှာ ထိုင်းမင်းသမီးလေး Baifern Pimchanok နဲ့ နိုင်ငံကျော်ပြည်သူ့အချစ်တော် ပိုင်တံခွန် တို့ ရဲ့ ပူးပေါင်းရိုက်ကူးခဲ့တဲ့ Eleven ပေါက်ဆီကြော်ငြာကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားအပြောများနေတာ လို့ဆိုရမှာပါ။ ထိုင်းမင်းသမီးလေး Baifern Pimchanok ကတော့ ပိုင်တံခွန်သဘောကျရတဲ့ ထိုင်းမင်းသမီးလေးဖြစ်တယ်လို့ အင်တာဗျူးမှာ ဖြေကြားဖူးခဲ့တာပဲ ဖြစ်ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံတစ်ခုမှာတင်မဟုတ်ဘဲ နိုင်ငံခြားထိကျော်ကြားတဲ့ မင်းသားတွေဆိုတာ လက်ချိုးရီလို့ ရတယ်လို့ ဆိုရမှာပါ။

ဝိုင်းလေးကတော့ ပိုင်တံခွန်အတွက် အရမ်းဂုဏ်ယူမိကြောင်းကို ” Awn so proud of you Paing Takhon ” ဆိုပြီး ကြော်ငြာပို့စ်လေးကို Share ကာ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။နိုင်ငံအတွင်းမှာသာမက အနီးနားကနိုင်ငံတွေမှာပါ ကျော်ကြားနေတဲ့ ပိုင်တံခွန်အတွက် တကယ်ကို ဂုဏ်ယူစရာပါပဲ။ ပရိသတ်ကြီးလည်း ပိုင်တံခွန်အတွက် ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်။

Loading...

ဝတ်မှုံရွှေရည်ကို တွေ့လို ဖက်လှဲတကင်းနှုတ်ဆက်ခဲ့တဲ့ နေခြည်ဦးရဲ့ ချစ်စရာအပြုအမူ

tdgfyu-266x266.jpeg

ဝတ်မှုံရွှေရည်ကို တွေ့လို ဖက်လှဲတကင်းနှုတ်ဆက်ခဲ့တဲ့ နေခြည်ဦးရဲ့ ချစ်စရာအပြုအမူ

Loading...

ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးက မိန်းကလေး ပရိသတ်တွေ သည်းသည်းလှုပ် ချစ်ရသူတွေ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အနုပညာလမ်းမပေါ်မှာ နှစ်ပေါင်များစွာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး နေခြည်ဦးကတော့ တက်သစ်စ အောင်မြင်နေတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း လှပပြီး ချစ်စရာကောင်းလွန်းတဲ့ မင်းသမီးလေးနှစ်ယောက်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးကြတာကို တွေ့ရပါတယ်။

လက်ရှိမှာတော့ ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြုလုပ်တဲ့ Kanebo ရဲ့ The Exceptional Makeup Base launch ပွဲကို တက်ရောက်နေတာပဲ ဖြစ်ပါတယ်။

နေခြည်ဦးက Kanebo ရဲ့ The Exceptional Makeup Base launch ပွဲလေးမှာ ဝတ်မှုံရွှေရည်ကို တွေ့တွေ့ချင်း ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ပါတယ်။ ချစ်စရာကောင်းလှတဲ့ နေခြည်ဦးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်။

ဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးက “ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးမှာ တွဲဖက်သရုပ်ဆောင်ခဲ့ပြီး မနှစ်က Paris Fashion Week 2018 ပွဲကြီးကိုလည်း အတူတူ တက်ရောက်ခဲ့ဖူးတာမို့ ရင်းနှှီးပြီးသားသူတွေပဲ ဖြစ်ပါတယ်။

နေခြည်ဦးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ကြင်နာတဲ့ မြင်ကွင်းလေးကတော့ ကြည်နူးစရာလေးပဲနော်။ ပရိသတ်ကြီးလည်း နေခြည်ဦးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

Loading...

ဇနီးလေးမွေးနေ့မှာအနားအတူရှိနေပေးရင်း ကြည်နူးစရာကောင်းတဲ့ဆုတောင်းစကားလေးပြောလိုက်တဲ့ မြင့်မြတ်

Screenshot_2019-10-17-15-23-55.jpeg

ဇနီးလေးမွေးနေ့မှာအနားအတူရှိနေပေးရင်း ကြည်နူးစရာကောင်းတဲ့ဆုတောင်းစကားလေးပြောလိုက်တဲ့ မြင့်မြတ်

Loading...

ပရိသတ်တွေရဲ့ အချစ်တွေကို အနုပညာလောကမှာ အခိုင်အမာရရှိထားတဲ့အပြင် ကြည်နူးအားကျစရာ မိသားစုဘဝလေးကို

ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ ပြည်သူ့အချစ်တော် မင်းသားချောကတော့ မြင့်မြတ်ပဲ ဖြစ်ပါတယ်နော်။,အကယ်ဒမီထူးချွန်ဆုတွေရရှိထားပြီး

ပရိသတ်တွေရဲ့ ရင်ထဲကလှိုက်လှိုက်လှဲလှဲအားပေးမှုတွေနဲ့ ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ချစ်ဇနီးချောလေးနဲ့

ချစ်စရာကောင်းလွန်းတဲ့ သားချောလေးကို ပိုင်ဆိုင်ထားသူပါ။ မြင့်မြတ်ကတော့ ဒီကနေ့မှာ မွေးနေ့ကျရောက်လာတဲ့ ချစ်ဇနီးချောလေးရဲ့

အသက်(၃၁)နှစ်ပြည့် မွေးနေ့လေးမှာ ချစ်သားလေးနဲ့အတူ ဇနီးလေးဘေးမှာ နေရင်း ပျော်နေပါတယ်နော်။ ချစ်ဇနီးချောလေးရဲ့

မွေးနေ့လေးမှာ အနားအတူရှိနေပေးရင်း ချစ်ဇနီးချောလေး ခွံကျွေးတဲ့ ကိတ်လေးကိုလည်း အားပါးတရ စားနေတာမို့ တကယ်ကို

ချစ်စရာကောက်းပြီး လိုက်ဖက်တဲ့ စုံတွဲလေးပါနော်။ ချစ်ဇနီးလေးအတွက် အမှတ်တရ မွေးနေ့ဆုတောင်းစကားလေးကိုလည်း

“Happy Birthdayပါ ဆရာမကြီး ဆရာမကြီး အဖေနဲ့သားလေးကို ဒီထက်မကပိုချစ်နိုင်ပါစေ” ဆိုပြီး ချစ်ဇနီးချောလေးအတွက်

ချစ်စနိုးလေး မွေးနေ့ဆုတောင်းပေးထားတာပါနော်။ မြင့်မြတ်ကတော့ ချစ်ဇနီးလေး ခွံကျွေးတဲ့ မွေးနေ့ကိတ်လေးကို အားပါးတရစားနေတဲ့

ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကလည်း သဘောကျနေကြပြီး ပကာသနမဖက်တဲ့ နေထိုင်မှုလေးတွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြပါတယ်။

Loading...

“တတ်သိနားလည်တဲ့ လူကြီးတွေကိုပစ်ပယ်ပြီး ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးနေတဲ့အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ဝါရင့်အနုပညာရှင် မောင်မောင်မြင့်”

Screenshot_20191017_162102.jpeg

“တတ်သိနားလည်တဲ့ လူကြီးတွေကိုပစ်ပယ်ပြီး ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးနေတဲ့အပေါ် ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ဝါရင့်အနုပညာရှင် မောင်မောင်မြင့်”

Loading...

လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့ ဖခင်ကြီးလို့တင်စားခေါ်ဝေါ်ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဇာတ်ကြောင်းကိုပုံဖော်ထားတဲ့

ဗိုလ်ချုပ်ရုပ်ရှင်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀)ရက်နေ့ကစလို့ အမျိုးသားပြတိုက်မှာ စတင်ရိုက်ကူးနေတာပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးမှုနဲ့

ပတ်သက်လို့တချို့သောကိစ္စတွေမှာ လွဲချော်မှုတွေရှိနေတာကြောင့် ဝေဖန်မှုတွေဟာလည်းရှိနေပြီး ဒီလိုဝေဖန်ကြတဲ့ အထဲမှာ မြန်မာနိုင်ငံရဲ့ ဝါရင့်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ မောင်မောင်မြင့်ကလည်း အပါအဝင်ပဲဖြစ်ပါတယ်။

ဒါရိုက်တာမောင်မောင်မြင့်ကတော့ ဒီလိုနိုင်ငံရဲ့ အရေးကြီးလှတဲ့ သမိုင်းဇာတ်လမ်းတစ်ခုကို ရိုက်ကူးတဲ့နေရာမှာ လူငယ်တွေချည်းရိုက်ကူးနေတဲ့အပေါ်ကို “အခုဗိုလ်ချုပ်ရုပ်ရှင်ရိုက်တယ်။

အဲ့ဒီရိုက်ကြမယ့် အဖွဲ့အကုန်လုံးကို ကြည့်လိုက်တဲ့ အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းကို မှီတဲ့သူလည်း တစ်ယောက်မှမပါဘူး။ဒါဖြင့်ရင် ငါတို့ ဝင်းဖေကြီးတို့လို တကယ့်အင်္ဂလိပ်လက်ထက်ကလူဖြစ်လာတယ်။

မှီလိုက်ရုံတင်ဘယ်ကမလဲ ခင်ခဲ့မင်ခဲ့အတူတူသွားလာခဲ့တယ်။ အလုပ်လုပ်ခဲ့တာတွေရှိတယ်။ဘာဖြစ်လို့ ဒီလူတွေကို မေ့ပြီးတော့ ပစ်ထားသလဲ။ဒါမှမဟုတ်ရင် တမင်အသက်အရွယ်တွေကြီးလို့

ရွဲကုန်ကြပါပြီဆိုပြီး ဖယ်ထားသလား”ဆိုပြီး မေးခွန်းထုတ်လာတာပဲဖြစ်ပါတယ်။ တတ်သိနားလည်တဲ့ လူကြီးတွေကို ပလစ်ကာ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်ကူးနေကြပြီး လွဲချော်မှုတွေရှိနေတယ်လို့

ဝေဖန်ခံနေရတဲ့အပေါ်ကိုလည်း “အဲ့လိုလွဲချော်နေရတဲ့ အကြောင်းတွေက ဘာတွေလဲဆိုလို့ရှိရင် တကယ်ကတော့ တတ်သိနားလည်တဲ့သူတွေကို ပစ်ထားတဲ့ အတွက်ကြောင့်မို့လို့လွဲချော်နေတာ။

ထားပါတော့ (၁၉၄၂)ခုနှစ်တုန်းက သစ်ပုတ်ပင်ကြီးရဲ့ အခြေနေကဘယ်လိုနေလဲလို့မေးရင် ကျွန်တော်ပြောမှာပေါ့။တကယ်လို့ အဲ့လိုဟာမျိုးလေး တစ်ခုရလိုက်တဲ့အခါကျတော့

အချက်တစ်ချက်ပိုပြည့်စုံမသွားဘူးလား”လို့လည်း ဖြေကြားသွားတာပဲဖြစ်ပါတယ်။ဝါရင့် ဒါရိုက်တာ ဦးမောင်မောင်မြင့် ဖြေကြားထားတဲ့ အင်တာဗျူး လေးကိုလည်း မျှဝေပေးလိုက်ပါတယ်။

Loading...

ခဏတာ သုဒြာဖြစ်ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာတဲ့ နော်ဖောအယ်ထား

Screenshot_2019-10-17-16-06-17.jpeg

ခဏတာ သုဒြာဖြစ်ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာတဲ့ နော်ဖောအယ်ထား

Loading...

လတ်တလော လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲကြီးကတော့ မနေ့ကပဲ

ဇာတ်သိမ်းသွားပြီပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲကြီး ပြသပြီးသွားတဲ့ နောက်မှာတော့ သုဒြာအဖြစ် သရုပ်ဆောင်တဲ့ ချစ်စရာမင်းသမီးလေး

နော်ဖောအယ်ထားက ဇာတ်လမ်းတွဲ ရိုက်ကူးနေစဉ်က အမှတ်တရတွေကို ထုတ်ပြလာတာ တွေ့ရပါတယ်။ အရမ်းကို ချစ်ဖို့ကောင်းတဲ့

ကောင်မလေး နော်ဖောအယ်ထားက အခုလို ကြောက်စရာမိတ်ကပ်တွေနဲ့ အေးစက်နေတဲ့ မြေကြီးထဲမှာ ရိုက်ကူးရေးလုပ်နေရတာတောင်

အပြုံးမပျက်တာမို့ ပရိသတ်တွေက ပိုချစ်နေကြရတာပါနော်။ ချစ်ပရိသတ်တွေအတွက် “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲထဲက

သုဒြာဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြလာတဲ့ နော်ဖောအယ်ထားရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နော်ဖောအယ်ထားကတော့ “ခဏတာ သုဒြာဖြစ်ခဲ့တဲ့ မေ့မရတဲ့ အမှတ်တရ တွေ Congratulations Team The Missing Truth!

Special thanks to Ko Kaung Zan & Ma Wyne Shwe Yan Linn Taurus V Production ” ဆိုပြီး သူမရဲ့အမှတ်တရတစ်ချို့ကို ထုတ်ပြခဲ့တာပါ။

မြင်တာနဲ့တင် ကြောက်စရာကောင်းတဲ့ မိတ်ကပ်တွေနဲ့ နေ့တိုင်းနီးပါး အသားကျခဲ့ရတဲ့ သူမ။

အသစ်ပေမယ့်လည်း ကြိုးစားမှုက နည်းနည်းလေးမှမလျှော့တဲ့ နော်ဖောအယ်ထားက အတူတွဲလုပ်ရတဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာလည်း

လေးစားပြီး အကောင်းဆုံးသရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း မိန်းမလှလေးပေမယ့် သူမပုံစံနဲ့

မလိုက်ဖက်တဲ့ ကြိုးစားမှုတွေ လုပ်ခဲ့ရတဲ့ နော်ဖောအယ်ထားလေးကို ဂုဏ်ပြုစကား ပြောသွားကြပါဦးနော်။ ခရက်ဒစ်

Loading...

ကမ္ဘာ့ပေါ်မှာ အလှူအတန်း အရက်ရောဆုံးနိုင်ငံအညွှန်းကိန်းတွင် မြန်မာ ၅ နှစ်ဆက်တိုက် ထိပ်ဆုံးကရပ်တည်

960x0-20191017-181551.jpeg

ကမ္ဘာ့ပေါ်မှာ အလှူအတန်း အရက်ရောဆုံးနိုင်ငံအညွှန်းကိန်းတွင် မြန်မာ ၅ နှစ်ဆက်တိုက် ထိပ်ဆုံးကရပ်တည်

Loading...

ဗြိတိန်အခြေစိုက် ပရဟိတအဖွဲ့အစည်းတခုဖြစ်တဲ့ Charities Aid Foundation (CAF)က ထုတ်ပြန်တဲ့ ကမ္ဘာ့အလှူဒါန အရက်ရောဆုံးနိုင်ငံအညွှန်းကိန်း(World Giving Index)မှာ မြန်မာနိုင်ငံက ထိပ်ဆုံးက ရပ်တည်နေပါတယ်။

၁၉၇၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ Charities Aid Foundation (CAF)ရဲ့ ခုလိုသတ်မှတ်ချက်ဟာ ငွေကြေးပေးကမ်းလှူဒါန်းခြင်း၊ စေတနာ့ဝန်ထမ်းခြင်း၊ တပါးသူကို ကူညီခြင်းစတဲ့ အပိုင်း ၃ ပိုင်းနဲ့ တနိုင်ငံချင်းစီက ပျမ်းမျှလူဦးရေ အချိုးအစား ပေါ်မူတည်ပြီး စစ်တမ်းကောက်ယူကာ ထုတ်ပြန်နေတာ ဖြစ်ပါတယ်။

အခုထုတ်ပြန်တဲ့ အညွှန်းကိန်းမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၈ နိုင်ငံမှ လူဦးရေ ၁ ဿမ ၃ သန်းကို စစ်တမ်းကောက်ယူထားတာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ပေးကမ်းလှူဒါန်းမှု ၈၁ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။

မြန်မာနိုင်ငံနောက် ဒုတိယနေရာမှာတော့ ဗြိတိန်၊ မော်လ်တာ၊ ထိုင်းနဲ့ နယ်သာလန်နိုင်ငံ တွေက ၇၁ ရာခိုင်နှုန်းနဲ့ အစဉ်လိုက်ရပ်တည်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အစီရင်ခံစာထဲမှာတော့ ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ အများစုနေထိုင်ပြီး ပေးကမ်းစွန့်ကြဲတာတွေကို ဘာသာဓလေ့ထုံးတမ်း အရ လက်တွေ့ကျင့်သုံးခဲ့ကြတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အလှူဒါနအရက်ရောဆုံးနိုင်ငံအညွှန်းကိန်း (World Giving Index)မှာ ထိပ်ဆုံးက ရပ်တည်နေပေမယ့် အမှန်တကယ်လှူဒါန်းမှုပြု လုပ်တဲ့ ပမာဏဟာ နိုင်ငံတွင်း နိုင်ငံရေးနဲ့ လူမှုရေးပဋိပက္ခတွေကြောင့် သိသိသာသာ လျော့နည်းနေခဲ့တာကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ကမ္ဘာမှာ ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံတွေစာရင်းမှာ ပါဝင်တဲ့ မြန်မာနိုင်ငံအနေနဲ့ အခုလို ကမ္ဘာ့ပေးကမ်းလှူဒါန်းမှုအညွန်းကိန်းမှာ နံပါတ် ၁ အဖြစ် သတ်မှတ်ခံခဲ့ရတာ ၅ နှစ်ဆက် တိုက် ရှိနေခဲ့ပြီဖြစ်ပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည် )ကမ္ဘာ့ပေါ်မှာ အလှူအတန်း အရက်ရောဆုံးနိုင်ငံအညွှန်းကိန်းတွင် မြန်မာ ၅ နှစ်ဆက်တိုက် ထိပ်ဆုံးကရပ်တည်

Loading...

ပရဟိတ ပညာရေးဂေဟာတစ်ခုမှာ အလှူငွေတွေ လှူဒါန်းခဲ့တဲ့ သင်ဇာဝင့်ကျော်

20191017_122302.jpeg

ပရဟိတ ပညာရေးဂေဟာတစ်ခုမှာ အလှူငွေတွေ လှူဒါန်းခဲ့တဲ့ သင်ဇာဝင့်ကျော်

Loading...

အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ရင်း မိသားစုအတွက် ရပ်တည်နေတဲ့ သမီးလိမ္မာလေးပဲ ဖြစ်ပါတယ်။ အလှူအတန်းဆိုလည်း ဝါသနာပါတဲ့ သင်ဇာလေးက လတ်တလောမှာတော့ ပရဟိတ ပညာရေးဂေဟာတစ်ခုဆီသို့ ကိုယ်တိုင်သွားရောက်ပြီး အလှူလုပ်ခဲ့တဲ့ သူမရဲ့ကြည်နူးစရာပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ စိတ်ထားဖြူစင်လွန်းတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့အလှူလေးကိုတော့ ပရိသတ်တွေကလည်း အရမ်းကိုသဘောကျနေကြတာပါနော်။

ချစ်ပရိသတ်တွေအတွက် စိတ်ထားမွန်မြတ်သူလေး သင်ဇာဝင့်ကျော်ရဲ့ကြည်နူးစရာ အလှူလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။

မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ “ရှမ်းချယ်ရီ ပရဟိတ ပညာရေးဂေဟာ” မှာ ကလေးငယ်တွေအတွက်ရည်ရွယ်ပြီး၊ အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါအလှူအကြောင်းကိုတော့ သင်ဇာက သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

အရမ်းစိတ်ထားကောင်းလို့ တစ်နေ့တစ်ခြား ပိုလှလာတဲ့ သင်ဇာလေး…။

တစ်နေ့တစ်ခြား ပိုပိုအောင်မြင်လာတဲ့ သင်ဇာလေးကတော့ အကြမ်းစား ပွဲတက်ဖက်ရှင်တွေနဲ့လည်း ပရိသတ်တွေကို အံ့အားသင့်စေသူလေးဆိုလည်း မမှားပါဘူး။ လတ်တလောမှာ ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ သင်ဇာလေးကတော့ သူမပါဝင်ထားတဲ့ မြ ရုပ်ရှင်အတွက်လည်း အလုပ်တွေ ရှုပ်နေတာပါ။ ချစ်ပရိသတ်တွေလည်း အဆင်းရော အချင်းပါ ပြည့်စုံတဲ့ သင်ဇာ့ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Loading...

scroll to top