ဒဏ်ရာရပြီး ရန်သူနေအိမ်မှန်းမသိဘဲ ဝင်သွားခဲ့မိတဲ့ တပ်ကြပ်တစ်ယောက်ရဲ့ အဖြစ်

Loading...

[Unicode]
ကျွန်တော်ဟာ တပ်မတော်က တပ်ကြပ်တစ်ယောက်ပါ။ ညဦးပိုင်းက ကျွန်တော်တို့ တပ်စု ကင်းလှည့်နေရင်း ရန်သူ့တပ်နဲ့ တွေ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့လည်း ရန်သူနဲ့ အင်အားချင်း မယှဉ်နိုင်လို့ ဆုတ်ခွာထွက်ပြေးကြရတယ်။ မှောင်ထဲမှာ ဆုတ်ခွာကြရင်းနဲ့ ကျွန်တော်လည်း တပ်နဲ့ ကွဲသွားတယ်။အခု ကျွန်တော် ညမှောင်မှောင် တောကြီးထဲမှာ တစ်ယောက်တည်း လျှောက်သွားနေတယ်။ ဘယ်နေရာ ရောက်နေမှန်း မသိပါဘူး။ ခြေဦးတည့်ရာ လျှောက်သွားနေမိတယ်။ ညာလက်မောင်းရင်းမှာ ကျည်ဆန်ထိထားလို့ ဒဏ်ရာက သွေးတွေ ထွက်ပြီး အရမ်းနာနေတယ်။လူက မောလည်းမော၊ ရေလည်းငတ်၊ ဒဏ်ရာက သွေးထွက်များလို့ အားကုန်လာတာကြောင့် ကျွန်တော် မြေပြင်ပေါ် လှဲအိပ်လိုက်ချင်တယ်။ ဒါပေမဲ့ မအိပ်ရဲဘူး။ ရန်သူတွေ အနားမှာ ရှိတယ်လို့ ကျွန်တော့် စိတ်ထဲမှာ သိနေလို့ပါ။ကျွန်တော် တောထဲမှာ ဆက်လျှောက်နေတာ ၄ နာရီလောက် ကြာသွားပြီ။ အခု ည ၁၀ နာရီထိုးပြီ။ ကျွန်တော် စိတ်လျှော့ပြီး မြေပြင်ပေါ်ကို လှဲအိပ်လိုက်ဖို့ စိတ်ကူးချိန်မှာပဲ အဝေးတစ်နေရာမှာ မီးရောင်မှိန်ပျပျလေးတစ်ခုကို လှမ်းမြင်လိုက်တယ်။ကျွန်တော် အဲဒီမီးရောင်ဖက်ကို အမြန်လျှောက်သွားလိုက်တယ်။မီးရောင်ပေါ်နေတာ တောင်ကုန်းလေးတစ်ခုပေါ်မှာ ရှိတဲ့ တဲအိမ်လေးတစ်ခုကပါ။ ကျွန်တော် ဒဏ်ရာကြောင့် အရမ်းနာကျင်နေသလို မောပန်းလွန်းလို့ တဲအိမ်ပိုင်ရှင်ဟာ ရန်သူ့ဖက်ကလားဆိုတာကို မစဉ်းစားနိုင်တော့ပါဘူး။ ကျွန်တော် တဲအိမ်တံခါးကို ခေါက်လိုက်တယ် ။ပထမ ဘာသံမှ မကြားရဘူး။ ၅ မိနစ်နေမှ တဲတံခါး ပွင့်လာပြီး အသက် ၅၀ ကျော်အရွယ် မိန်းမကြီးက မှန်အိမ်တစ်လုံးကိုင်ပြီး ထွက်လာတယ်။ သူက မှန်အိမ်ကို မြှောက်ပြီး ကျွန်တော့်ကို မီးရောင်နဲ့ ကြည့်တယ်။ကျွန်တော်ဟာ တပ်မတော်ယူနီဖေါင်းကို ဝတ်ထားလို့ တပ်မတော်သားမှန်း သူ သိသွားတယ်။သူ ကျွန်တော့်ကို တဲထဲကို တွဲခေါ်သွားပြီး မီးဖိုခန်းထဲက ပက်လက်ကုလားထိုင်တစ်လုံးမှာ ထိုင်ခိုင်းလိုက်တယ်။ ပြီးတော့ ရေတစ်ခွက် လာပေးတယ်။ ကျွန်တော် ရေသောက်လိုက်ရလို့ ရေငတ်ပြေသွားတယ်။ ကျွန်တော်ဟာ တပ်မတော်ထောက်ခံသူ တစ်ယောက်ရဲ့ အိမ်မှာ ရောက်နေပြီဆိုပြီး စိတ်ကို လျှော့ချလိုက်တယ်။ ကျွန်တော် ထိုင်နေရင်းနဲ့ အိပ်ပျော်သွားတယ်။ကျွန်တော် တဲရှေ့ခန်းက စကားပြောသံတွေကြောင့် လန့်နိူးလာတယ်။ စကားကို တိုးတိုးပြောနေကြပေမယ့် ကျွန်တော် ကောင်းကောင်း ကြားနေရတယ်။– “အမေ ဘာလို့ သူ့ကို တဲထဲမှာ လက်ခံထားရတာလဲ။ကျွန်တော်တို့ ဒုက္ခရောက်ကြတော့မယ်နော်”– “ဟဲ့ သူ့မှာ ဒဏ်ရာကြီးနဲ့၊ သွေးတွေလည်း အများကြီး ထွက်နေတယ် .. ။ ငါ မကူညီရင် သူ သေသွားမှာပေါ့”– “သေရင် သေဗျာ။ သူက ရန်သူပဲဟာ”– “နင် အဲဒီလို မပြောနဲ့လေ။ သူလည်း နင့်လို လူသားတစ်ယောက်ပဲ။ ရန်သူဖြစ်ပေမယ့် သူလည်း တိုင်းရင်းသားညီအစ်ကို တစ်ယောက်ပဲလေ”– “အမေက ခက်တာပဲဗျာ”– “ခက်တာတွေ ဘာတွေ နောက်မှပြော။ငါတို့ သူ့ကို ဆေးကုပေးရမယ်။ နင် လိုက်လာခဲ့”ကျွန်တော် သိလိုက်ပါပြီ။ အခုစကားပြောနေသူဟာ ရန်သူ့တပ်ကဆိုတာပါ။ ကျွန်တော် အခုမှ သတိရလိုက်တယ်။ ကျွန်တော့် သေနတ်ပါမလာဘူး။ ပြေးရင်း လွှားရင်းနဲ့ ဘယ်ကျနေမှန်း မသိတော့ဘူး။ ကျွန်တော့်မှာ သေနတ်ရှိနေလည်း သေနတ်ကို ကိုင်နိုင်တဲ့ အားအင်မရှိတော့ပါဘူး။ကျွန်တော် ရန်သူ ပြုသမျှ နုရမယ့် ဘဝရောက်နေပါပြီ။မကြာခင်မှာ သူတို့သားအမိ နှစ်ယောက် ကျွန်တော် ရှိတဲ့ မီးဖိုခန်းထဲကို ဝင်လာကြတယ်။ အမေဖြစ်သူရဲ့ လက်မှာ ကိုင်ထားတဲ့ မီးအိမ်က အလင်းရောင်ကြောင့် သူဟာ ရန်သူ့တပ်က တပ်ကြပ်တစ်ယောက်မှန်း သိလိုက်တယ်။သူတို့ သားအမိဟာ ကျွန်တော့်ကို ပက်လက်ကုလားထိုင်ကနေ တွဲထူပြီး အိပ်ယာပေါ်မှာ လဲသိပ်လိုက်တယ် …. ။သူတို့ ကျွန်တော့် အကျႌကို ချွတ်လိုက်ကြတယ်။ အမေက ကျွန်တော့် ဒဏ်ရာကို ကြည့်ပြီး လက်မောင်းက ကျည်ဆံကို ခွဲထုတ်ရမယ်လို့ ပြောတယ်။ကျွန်တော် အတော်ကြောက်သွားတယ် … ။ သူ့သားကကျွန်တော့် ကြောက်နေတဲ့ မျက်နှာကို ကြည့်ပြီး ခုလို တိုးတိုးလေး ပြောလာတယ်။ ‘မိတ်ဆွေ၊ မပူပါနဲ့။ အမေက အရင် ဆေးရုံမှာ လုပ်ခဲ့တဲ့ သူနာပြုဆရာမကြီးပါ။သူ ဒါမျိုး ခွဲစိပ်တာတွေ အများကြီး လုပ်ခဲ့ဖူးပါတယ်’မကြာခင် အမေဟာ ရေနွေးပူပူ ထည့်ထားတဲ့ သံဇလုံတစ်ခုရယ်၊ ဂွမ်းလိပ်ရယ်၊ ဓားမြောင်တစ်ချောင်း ယူလာပြီး ကျွန်တော့် ဒဏ်ရာက ကျည်ဆံကို ခွဲစိပ်ထုတ်ယူပါတယ်။ ထုံဆေး မေ့ဆေး မပါလို့ ဒဏ်ရာထဲကို ခွဲစိပ်နေတာ မခံနိုင်လို့ ကျွန်တော် သတိမေ့မျောသွားပါတယ် … ။ ကျွန်တော် အိပ်ယာက နိူးလာတယ်။ မနက်ရောက်လို့ နေတောင် ထွက်နေပြီ။ အမေဟာ ဆံပြုတ်ခွက်တစ်ခွက်ကို ကိုင်ပြီး ကျွန်တော့်ကုတင်နားကို ရောက်လာတယ်။ သူက ‘သားလေး ဒဏ်ရာသက်သာရဲ့လား … ။ဒီဆေးလေးတွေ သောက်ထားလိုက်’ ကြင်နာတဲ့ လေသံနဲ့ ပြောပါတယ်။ ကျွန်တော်က ‘ဟုတ်ကဲ့ အမေ၊ သက်သာပါတယ်။ဒါနဲ့ ညက တွေ့လိုက်တဲ့ အမေ့သားကော’ လို့ ပြန်မေးလိုက်တယ်။ သူက ‘အေး ဒီမနက် အစောကြီး သူ့တပ်ကို ပြန်သွားပြီ။ သူက သားအကြောင်း သူ့တပ်ကို သတင်းပို့မှာ မဟုတ်ပါဘူး။ ငါ့သား ဒဏ်ရာကောင်းသွားတဲ့အထိ ဒီမှာပဲ အနားယူနေနော်’ လို့ ပြောတယ် …. ။ကျွန်တော် အမေ့စကားကို ကြားတော့ ဝမ်းသာဝမ်းနည်းနဲ့ ငိုချလိုက်တယ်။ ကျွန်တော် ဝမ်းသာတာက လူသားချင်းစာနာစိတ်ရှိတဲ့ ဒီသားအမိနဲ့ တွေ့လိုက်ရလို့ပါပဲ … ။ ဝမ်းနည်းမိတာက ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်နေကြတဲ့ အဖြစ်ကိုပါ။ဒီအခါမှာ ကျွန်တော့်ခေါင်းထဲမှာ အတွေး တစ်ခု ပေါ်လာတယ်။အဲဒါက– “ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ရန်သူတွေလို တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်သတ်ဖြတ်နေကြတာ မှားတယ်။ တကယ်တော့ ကျွန်တော်တို့ သတ်ပစ်သင့်တာက တိုင်းရင်းသား ညီအစ်ကို အချင်းချင်းကို မုန်းတီးစေတဲ့ အကြောင်းတွေကိုပါလားလို့
Credit မူရင်း
Copy from: Herculy

Loading...

[Zawgyi]
ကြၽန္ေတာ္ဟာ တပ္မေတာ္က တပ္ၾကပ္တစ္ေယာက္ပါ။ ညဦးပိုင္းက ကြၽန္ေတာ္တို႔ တပ္စု ကင္းလွည့္ေနရင္း ရန္သူ႕တပ္နဲ႕ ေတြ႕လို႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္။ ကြၽန္ေတာ္တို႔လည္း ရန္သူနဲ႕ အင္အားခ်င္း မယွဥ္နိုင္လို႔ ဆုတ္ခြာထြက္ေျပးၾကရတယ္။ ေမွာင္ထဲမွာ ဆုတ္ခြာၾကရင္းနဲ႕ ကြၽန္ေတာ္လည္း တပ္နဲ႕ ကြဲသြားတယ္။အခု ကြၽန္ေတာ္ ညေမွာင္ေမွာင္ ေတာႀကီးထဲမွာ တစ္ေယာက္တည္း ေလွ်ာက္သြားေနတယ္။ ဘယ္ေနရာ ေရာက္ေနမွန္း မသိပါဘူး။ ေျခဦးတည့္ရာ ေလွ်ာက္သြားေနမိတယ္။ ညာလက္ေမာင္းရင္းမွာ က်ည္ဆန္ထိထားလို႔ ဒဏ္ရာက ေသြးေတြ ထြက္ၿပီး အရမ္းနာေနတယ္။လူက ေမာလည္းေမာ၊ ေရလည္းငတ္၊ ဒဏ္ရာက ေသြးထြက္မ်ားလို႔ အားကုန္လာတာေၾကာင့္ ကြၽန္ေတာ္ ေျမျပင္ေပၚ လွဲအိပ္လိုက္ခ်င္တယ္။ ဒါေပမဲ့ မအိပ္ရဲဘူး။ ရန္သူေတြ အနားမွာ ရွိတယ္လို႔ ကြၽန္ေတာ့္ စိတ္ထဲမွာ သိေနလို႔ပါ။ကြၽန္ေတာ္ ေတာထဲမွာ ဆက္ေလွ်ာက္ေနတာ ၄ နာရီေလာက္ ၾကာသြားၿပီ။ အခု ည ၁၀ နာရီထိုးၿပီ။ ကြၽန္ေတာ္ စိတ္ေလွ်ာ့ၿပီး ေျမျပင္ေပၚကို လွဲအိပ္လိုက္ဖို႔ စိတ္ကူးခ်ိန္မွာပဲ အေဝးတစ္ေနရာမွာ မီးေရာင္မွိန္ပ်ပ်ေလးတစ္ခုကို လွမ္းျမင္လိုက္တယ္။ကြၽန္ေတာ္ အဲဒီမီးေရာင္ဖက္ကို အျမန္ေလွ်ာက္သြားလိုက္တယ္။မီးေရာင္ေပၚေနတာ ေတာင္ကုန္းေလးတစ္ခုေပၚမွာ ရွိတဲ့ တဲအိမ္ေလးတစ္ခုကပါ။ ကြၽန္ေတာ္ ဒဏ္ရာေၾကာင့္ အရမ္းနာက်င္ေနသလို ေမာပန္းလြန္းလို႔ တဲအိမ္ပိုင္ရွင္ဟာ ရန္သူ႕ဖက္ကလားဆိုတာကို မစဥ္းစားနိုင္ေတာ့ပါဘူး။ ကြၽန္ေတာ္ တဲအိမ္တံခါးကို ေခါက္လိုက္တယ္ ။ပထမ ဘာသံမွ မၾကားရဘူး။ ၅ မိနစ္ေနမွ တဲတံခါး ပြင့္လာၿပီး အသက္ ၅၀ ေက်ာ္အ႐ြယ္ မိန္းမႀကီးက မွန္အိမ္တစ္လုံးကိုင္ၿပီး ထြက္လာတယ္။ သူက မွန္အိမ္ကို ျမႇောက္ၿပီး ကြၽန္ေတာ့္ကို မီးေရာင္နဲ႕ ၾကည့္တယ္။ကြၽန္ေတာ္ဟာ တပ္မေတာ္ယူနီေဖါင္းကို ဝတ္ထားလို႔ တပ္မေတာ္သားမွန္း သူ သိသြားတယ္။သူ ကြၽန္ေတာ့္ကို တဲထဲကို တြဲေခၚသြားၿပီး မီးဖိုခန္းထဲက ပက္လက္ကုလားထိုင္တစ္လုံးမွာ ထိုင္ခိုင္းလိုက္တယ္။ ၿပီးေတာ့ ေရတစ္ခြက္ လာေပးတယ္။ ကြၽန္ေတာ္ ေရေသာက္လိုက္ရလို႔ ေရငတ္ေျပသြားတယ္။ ကြၽန္ေတာ္ဟာ တပ္မေတာ္ေထာက္ခံသူ တစ္ေယာက္ရဲ႕ အိမ္မွာ ေရာက္ေနၿပီဆိုၿပီး စိတ္ကို ေလွ်ာ့ခ်လိဳက္တယ္။ ကြၽန္ေတာ္ ထိုင္ေနရင္းနဲ႕ အိပ္ေပ်ာ္သြားတယ္။ကြၽန္ေတာ္ တဲေရွ႕ခန္းက စကားေျပာသံေတြေၾကာင့္ လန႔္နိူးလာတယ္။ စကားကို တိုးတိုးေျပာေနၾကေပမယ့္ ကြၽန္ေတာ္ ေကာင္းေကာင္း ၾကားေနရတယ္။– “အေမ ဘာလို႔ သူ႕ကို တဲထဲမွာ လက္ခံထားရတာလဲ။ကြၽန္ေတာ္တို႔ ဒုကၡေရာက္ၾကေတာ့မယ္ေနာ္”– “ဟဲ့ သူ႕မွာ ဒဏ္ရာႀကီးနဲ႕၊ ေသြးေတြလည္း အမ်ားႀကီး ထြက္ေနတယ္ .. ။ ငါ မကူညီရင္ သူ ေသသြားမွာေပါ့”– “ေသရင္ ေသဗ်ာ။ သူက ရန္သူပဲဟာ”– “နင္ အဲဒီလို မေျပာနဲ႕ေလ။ သူလည္း နင့္လို လူသားတစ္ေယာက္ပဲ။ ရန္သူျဖစ္ေပမယ့္ သူလည္း တိုင္းရင္းသားညီအစ္ကို တစ္ေယာက္ပဲေလ”– “အေမက ခက္တာပဲဗ်ာ”– “ခက္တာေတြ ဘာေတြ ေနာက္မွေျပာ။ငါတို႔ သူ႕ကို ေဆးကုေပးရမယ္။ နင္ လိုက္လာခဲ့”ကြၽန္ေတာ္ သိလိုက္ပါၿပီ။ အခုစကားေျပာေနသူဟာ ရန္သူ႕တပ္ကဆိုတာပါ။ ကြၽန္ေတာ္ အခုမွ သတိရလိုက္တယ္။ ကြၽန္ေတာ့္ ေသနတ္ပါမလာဘူး။ ေျပးရင္း လႊားရင္းနဲ႕ ဘယ္က်ေနမွန္း မသိေတာ့ဘူး။ ကြၽန္ေတာ့္မွာ ေသနတ္ရွိေနလည္း ေသနတ္ကို ကိုင္နိုင္တဲ့ အားအင္မရွိေတာ့ပါဘူး။ကြၽန္ေတာ္ ရန္သူ ျပဳသမွ် ႏုရမယ့္ ဘဝေရာက္ေနပါၿပီ။မၾကာခင္မွာ သူတို႔သားအမိ ႏွစ္ေယာက္ ကြၽန္ေတာ္ ရွိတဲ့ မီးဖိုခန္းထဲကို ဝင္လာၾကတယ္။ အေမျဖစ္သူရဲ႕ လက္မွာ ကိုင္ထားတဲ့ မီးအိမ္က အလင္းေရာင္ေၾကာင့္ သူဟာ ရန္သူ႕တပ္က တပ္ၾကပ္တစ္ေယာက္မွန္း သိလိုက္တယ္။သူတို႔ သားအမိဟာ ကြၽန္ေတာ့္ကို ပက္လက္ကုလားထိုင္ကေန တြဲထူၿပီး အိပ္ယာေပၚမွာ လဲသိပ္လိုက္တယ္ …. ။သူတို႔ ကြၽန္ေတာ့္ အက်ႌကို ခြၽတ္လိုက္ၾကတယ္။ အေမက ကြၽန္ေတာ့္ ဒဏ္ရာကို ၾကည့္ၿပီး လက္ေမာင္းက က်ည္ဆံကို ခြဲထုတ္ရမယ္လို႔ ေျပာတယ္။ကြၽန္ေတာ္ အေတာ္ေၾကာက္သြားတယ္ … ။ သူ႕သားကကြၽန္ေတာ့္ ေၾကာက္ေနတဲ့ မ်က္ႏွာကို ၾကည့္ၿပီး ခုလို တိုးတိုးေလး ေျပာလာတယ္။ ‘မိတ္ေဆြ၊ မပူပါနဲ႕။ အေမက အရင္ ေဆး႐ုံမွာ လုပ္ခဲ့တဲ့ သူနာျပဳဆရာမႀကီးပါ။သူ ဒါမ်ိဳး ခြဲစိပ္တာေတြ အမ်ားႀကီး လုပ္ခဲ့ဖူးပါတယ္’မၾကာခင္ အေမဟာ ေရေႏြးပူပူ ထည့္ထားတဲ့ သံဇလုံတစ္ခုရယ္၊ ဂြမ္းလိပ္ရယ္၊ ဓားေျမာင္တစ္ေခ်ာင္း ယူလာၿပီး ကြၽန္ေတာ့္ ဒဏ္ရာက က်ည္ဆံကို ခြဲစိပ္ထုတ္ယူပါတယ္။ ထုံေဆး ေမ့ေဆး မပါလို႔ ဒဏ္ရာထဲကို ခြဲစိပ္ေနတာ မခံနိုင္လို႔ ကြၽန္ေတာ္ သတိေမ့ေမ်ာသြားပါတယ္ … ။ ကြၽန္ေတာ္ အိပ္ယာက နိူးလာတယ္။ မနက္ေရာက္လို႔ ေနေတာင္ ထြက္ေနၿပီ။ အေမဟာ ဆံျပဳတ္ခြက္တစ္ခြက္ကို ကိုင္ၿပီး ကြၽန္ေတာ့္ကုတင္နားကို ေရာက္လာတယ္။ သူက ‘သားေလး ဒဏ္ရာသက္သာရဲ႕လား … ။ဒီေဆးေလးေတြ ေသာက္ထားလိုက္’ ၾကင္နာတဲ့ ေလသံနဲ႕ ေျပာပါတယ္။ ကြၽန္ေတာ္က ‘ဟုတ္ကဲ့ အေမ၊ သက္သာပါတယ္။ဒါနဲ႕ ညက ေတြ႕လိုက္တဲ့ အေမ့သားေကာ’ လို႔ ျပန္ေမးလိုက္တယ္။ သူက ‘ေအး ဒီမနက္ အေစာႀကီး သူ႕တပ္ကို ျပန္သြားၿပီ။ သူက သားအေၾကာင္း သူ႕တပ္ကို သတင္းပို႔မွာ မဟုတ္ပါဘူး။ ငါ့သား ဒဏ္ရာေကာင္းသြားတဲ့အထိ ဒီမွာပဲ အနားယူေနေနာ္’ လို႔ ေျပာတယ္ …. ။ကြၽန္ေတာ္ အေမ့စကားကို ၾကားေတာ့ ဝမ္းသာဝမ္းနည္းနဲ႕ ငိုခ်လိဳက္တယ္။ ကြၽန္ေတာ္ ဝမ္းသာတာက လူသားခ်င္းစာနာစိတ္ရွိတဲ့ ဒီသားအမိနဲ႕ ေတြ႕လိုက္ရလို႔ပါပဲ … ။ ဝမ္းနည္းမိတာက ကြၽန္ေတာ္တို႔ တိုင္းရင္းသား ညီအစ္ကိုေတြ တစ္ေယာက္နဲ႕ တစ္ေယာက္ သတ္ျဖတ္ေနၾကတဲ့ အျဖစ္ကိုပါ။ဒီအခါမွာ ကြၽန္ေတာ့္ေခါင္းထဲမွာ အေတြး တစ္ခု ေပၚလာတယ္။အဲဒါက– “ကြၽန္ေတာ္တို႔ တိုင္းရင္းသားညီအစ္ကိုအခ်င္းခ်င္း ရန္သူေတြလို တစ္ေယာက္နဲ႕တစ္ေယာက္ တိုက္ခိုက္သတ္ျဖတ္ေနၾကတာ မွားတယ္။ တကယ္ေတာ့ ကြၽန္ေတာ္တို႔ သတ္ပစ္သင့္တာက တိုင္းရင္းသား ညီအစ္ကို အခ်င္းခ်င္းကို မုန္းတီးေစတဲ့ အေၾကာင္းေတြကိုပါလားလို႔
Credit မူရင္း
Copy from: Herculy

Leave a Reply

Your email address will not be published. Required fields are marked *