Loading...

မင်္ဂလာဒုံမှာပါ အိပ်စရာ နေစရာမရှိလို့ လမ်းဘေးမှာနေနေရရှာတဲ့ အဘွားအိုပါတဲ့ ကူညီပေးလိုက်ကြပါအုန်း

Screenshot_740.png

မာယာပွေလီတဲ့ လူ့ဘောင်လောကကြီးမှာ ကျနော်တို့တတွေဟာ လောကဓံတရားတွေကို ကိုယ်တတ်နိုင်သလောက် ခွန်အားနဲ့ ရင်ဆိုင်ရင်း ဘဝကို အဆင်ပြေအောင် ဖြတ်သန်းနေကြသူတွေ ချည်းပါပဲ တချို့က ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းနိုင်ကြတယ် တချို့ကတော့ ဆင်းဆင်းရဲရဲနဲ့ ဖြတ်သန်းကြရတယ် ရှေးကုသိုလ်ကံပဲ ပြောပြော ခုလက်ရှိအခြေအနေကြောင့်ပဲ ဆိုဆို တချို့သူတွေက လောကဓံတရားကို ပိုပြီးဆင်းဆင်းရဲရဲနဲ့ ခံစားကြရပါတယ် အသက်ငယ်ရွယ်တဲ့ အချိန်မှာ ဒီလိုဆင်းရဲ ဒုက္ခတွေကို မိမိကာယအား ဉာဏအားနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပေမဲ့။

Loading...

Loading...

အသက်အရွယ်အိုမင်းလာတဲ့ အခါ မိမိကို ပြုစုစောင့်ရှောက်မဲ့သူ မရှိတဲ့အခါမှာ ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ဖို့ ခွန်အားတွေ မရှိတော့ပါဘူးဒီလိုအချိန်မှာ သူတို့လို လူတွေအတွက် အကောင်းဆုံးကတော့ ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းက လူပီသစွာနဲ့ ဝိုင်းဝန်း ကူညီ ပေးကြဖို့ပါပဲ ခုပြောမဲ့ အဖြစ်အပျက်လေးကလည်း အသက်အရွယ်အိုမင်းပြီး ကျောထောက်နောက်ခံကလည်းမရှိ မျက်စိကလည်းမမြင် နားကလည်းမကြားတဲ့ အဖွားအိုတစ်ဦးရဲ့ ဆင်းရဲဒုက္ခရောက်နေရတဲ့ အကြောင်းလေးပါပဲ။

ဒီအကြောင်းလေးကို July Love ဆိုတဲ့ လူမှုကွန်ယက်အကောင့် ပိုင်ရှင်က တဆင့် မျှဝေခဲ့တာ ဖြစ်ပြီးတော့ ဒီစာလေးကို ဖတ်ရသူတိုင်းက အဘွားအိုအပေါ် သနားကရုဏာ သက်နေကြတာပဲ ဖြစ်ပါတယ် မျှဝေပေးသူကလည်း ကိုယ်နဲ့ မဆိုင်ပေမဲ့ အဘွားအိုအတွက် အလှူရှင်တွေ တတ်နိုင်သလောက် လှူလို လှူငြား စေတနာနဲ့ မျှဝေခဲ့တာပဲ ဖြစ်ပြီး ဒါဟာ လူမှုကွန်ယက်ကို အကျိုးရှိရှိအသုံးချတာဖြစ်တဲ့ အတွက် ချီးကျူးစရာပါ သနားစရာအဘွားအို အကြောင်းလေးကို ပရိသတ်ကြီးတို့လည်း သိပြီး ကူညီနိုင်အောင် သူမျှဝေထားတဲ့ စာလေးကို အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်… လှတင်အတော့်ကို စိတ်မကောင်းဖြစ်ရပါတယ်။

မင်္ဂလာဒုံမြို့နယ် စံပြ(၄)လမ်းတံတားအတက်အဆင်းနားမှာ အခုပုံပါအဖွားက တစ်ညလုံးအဲ့လိုလေးနေ နေတာပါ… မိုးရွာလဲအဲ့တိုင်း အေးနေလဲအဲ့တိုင်းနေနေတာပါ နေ့ရောညရော ကိုယ်လဲည(၁၁)နာရီလောက်ကြီးဖြတ်သွားတုန်းမြင်တာနဲ့သွားပြီးမေးကြည့်တော့ အဖွားကမျက်စိလဲမမြင်နားလဲမကြားဘူး နေ့ဘက်ဆိုရင်ရှေ့မှာချထားတဲ့စတီးဗန်းလေးထဲ အသီးအရွက်လေးတွေထည့်ပြီးရောင်းပါတယ် တောင်းမစားပါဘူး အရင်ကနေ့ဘက်တွေမှာ အဖွားကိုဈေးရောင်းနေတာမြင်ရင်တတ်နိုင်သလောက်လှုခဲ့ပါတယ်။

အခုညဘက်ကြီးအခုလိုကြီးမြင်တော့တော်တော်စိတ်မကောင်းဖြစ်ရတယ် မိုးရွာရင် သူဘယ်လိုနေမလဲမသိဘူး သူ့မှာမြေးတွေရှိတယ်လို့ဘေးနားကသူတွေပြောပေမယ့် ဘယ်သူမှလာကြည့်တာမမြင်မိဘူး ပစ်ထားကြတယ်ထင်ပါတယ် ကိုယ်လဲစကားသွားပြောတော့ နားလဲမကြားမျက်လုံးလဲမမြင်ဘူး ဘာမှပြောလို့မရလို့ ကိုယ်တတ်နိုင်သလောက် လေးလှုပြီးပြန်လာခဲ့တယ် ။

အဖွားက နေစရာလဲမရှိ အိပ်စရာလဲမရှိဖြစ်နေလိုပါ ကိုယ့်ခြေသံလေးကြားတော့ သူထမင်းမစားရသေး ဘူးလို့တော့ပြောတယ် ဖြတ်သွားဖြတ်လာတဲ့သူတွေက တွေ့ရင်တော့လှုသွားတာမြင်မိပါတယ် ဒါပေမယ့် အသက်အရွယ်ကြီးတဲ့သူအခုလိုကြီးနေနေတာတော့ ဝမ်းနည်းမိတယ် အဖွားခုနေတဲ့နေရာက စံပြဥက္ကဋ္ဌရုံးရှေ့နဲ့နီးပါတယ် အသက်ဒီလောက်ကြီးနေတာကို ကိုယ်လဲဘယ်လိုလုပ်ရမှန်းမသိလို့ ပို့စ်တင်လိုက်တာပါ ကူညီမယ့်သူရှိရင်ကူညီပေးကြပါဦး ညီမလဲတတ်နိုင်သလောက်ပါဝင်ပါ့မယ် ဘိုးဘွားရိပ်သာဘဲဖြစ်ဖြစ် လူမှုကယ်ဆယ်ရေးဘဲဖြစ်ဖြစ်ာ အသိမိတ်ဆွေများရှိရင် ကူညီပေးကြပါလို့မေတ္တာရပ်ခံပါတယ်။ဒီထက်ပိုကူညီနိုင်အောင်လို့ အများသိအောင် မျှဝေပေးတာလို့ ဆိုထားပါတယ် ပရိသတ်ကြီးတို့ထဲမှာလည်း ကူညီနိုင်မဲ့ သူတွေရှိရင် ဝိုင်းဝန်းကူညီပေးကြပါအုံး….ဒါမှလည်း ကျနော်တို့ မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းဟာ စာနာဖေးမကူညီမှုတွေပေါများလာတာနဲ့ အတူ ဒုက္ခဆင်းရဲ ရောက်ရသူတွေ နည်းပါးလာမှာပဲ မဟုတ်လားဗျ။

Leave a Reply

Your email address will not be published. Required fields are marked *

scroll to top