ဆေးကုဖို့ ပိုက်ဆံမရှိလို့ ဆေးရုံတက်နေရင်း အသက်ရှုပိုက်တန်းလန်းနဲ့ ကားထွက်မောင်းနေရရှာတဲ့ အဖိုး

ဆေးကုဖို့ ပိုက်ဆံမရှိလို့ ဆေးရုံတက်နေရင်း အသက်ရှုပိုက်တန်းလန်းနဲ့ ကားထွက်မောင်းနေရရှာတဲ့ အဖိုး

လူ့ဘဝဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ ဒီလို ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို လျောက်လှမ်းဖို့ ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စိတ်ဓါတ်မကျပဲ ရုန်းကန်ရပါတယ်။

ဒီလို ရုန်းကန်နေရတဲ့ လူတွေထဲမှာ ထိုင်းနိုင်ငံက အဖိုးအိုတစ်ဦးလည်းပါ ပါတယ်။ သူရဲ့ ဇွဲလုံလကို ကြည့်ပြီး လေးစားမိပါတယ်။

သူလို စိတ်ခွန်အားရဖို့လည်း ကြိုးစားချင်စိတ်ဖြစ်မိတယ်။ ဒီအဖိုးအိုနဲ့ကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေးကိုတော့ ထိုင်း လူမှုကွန်ယက်အကောင့် ပိုင်ရှင် Niramon Shicam ဖြစ်သူဟာ မျှဝေခဲ့တာဖြစ်ပါတယ်။

အဆိုပါ အကောင့်ပိုင်ရှင်က သူ ကားတာပြီးစီးခဲ့ပါတယ်။ ကားမောင်းသမားဟာ ပေါင် ၁၁၄ ပေါင်လောက်သာရှိတယ်။ ဘာ့ကြောင့် ပိန်ရတာလဲဆိုပြီး စကားစမိခဲ့တယ်ဆိုပါတယ်။

အသက်ရှုပိုက်ကို အချိန်တိုင်း တပ်ထားရပြီး၊ နေ့စဉ် ဆေးရုံကို သွားပြရတယ်လို့ ဆိုပါတယ်။ သူရဲ့ဆေးဖိုးက များလွန်းတဲ့အတွက် ယခုလို ရုန်းကန်လှုပ်ရှားနေရတာလို့ ဆိုပါတယ်။ အဆိုပါ

အဖိုးအိုကို ဆက်သွယ်ဖို့ နာမည် လိမ်စာကိုတော့ သူက မပေးခဲ့ဘူးလို့ ဆိုပါတယ်။ Niramon Shicam ဟာ ကားခ ၅ ဘတ်သာ ကျပေမယ့် သူရဲ့စိတ်က ၁၀၀ ပေးချင်လောက်တဲ့အထိ ကို ပြောင်းလဲစေခဲ့တယ်လို့

လူမှုကွန်ယက်မှာ ရေးသားမျှဝေခဲ့ပါတယ်။ ယခုလိုမျှဝေပြီး သိပ်မကြာခင်မှာပဲ တစ်ခြားမျှဝေသူတွေလည်း ရှိလာခဲ့ပါတယ်။ ဒီလို အဖြစ်ကို ဝိုင်းဝန်းမျှဝေခဲ့ကြပြီး ကွန်မန့်တွေမှာလည်း အဆိုပါ အဖိုးအိုဟာ
ရောဂါဝေဒနာ ခံစားနေရတာ မှန်ကန်ပြီး ပိုက်တန်းလန်းနဲ့ ကားမောင်းနေတာကို တွေ့ဖူးကြတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် ဘယ်ဆေးရုံမှာပြပြီး၊ သူဘယ်သူဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူးဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ အဖိုးအိုရဲ့ သတင်းဟာ အစအန ပျောက်လျက်ရှိပါတယ်။ ယခုလို ကိုယ့်ဆေးစားရိတ်ကို ကိုယ်တိုင်ရှာပြီး မိသားစုကို အပူမပေးဘဲ နေထိုင်တဲ့ အဖိုးရဲ့ စိတ်ဓါတ်ကိုလေးစားမိပါတယ်။

လောကဓဏ် ဘယ်လောက်ပဲ ကြမ်းကြမ်း အံတုပြီး ရင်ဆိုင်နိုင်တဲ့ အဖိုးအိုကို ဘယ်လိုတွေက စိတ်ခွန်အားပေးလဲဆိုတာ သိချင်မိပါတယ်။

ပရိတ်သတ်ကြီးရေ အဖိုးအိုကိုကြည့်ပြီး လောဓဏ်ကို ကြံကြံခံပြီး ရင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *