ကိုယ်ဝန်လေးလနဲ့ ပိုလီယိုမိန်းကလေးကို ဝှီးချဲသွားရောက်လှူဒါန်းခဲ့တဲ့ Sinon Loresca

ကိုယ်ဝန်လေးလနဲ့ ပိုလီယိုမိန်းကလေးကို ဝှီးချဲသွားရောက်လှူဒါန်းခဲ့တဲ့ Sinon Loresca

Sinon Loresca ဆိုတဲ့ ဖိလစ်ပိုင် LGBT မော်ဒယ်ကို လူမှူကွန်ယက်တွေကနေတစ်ဆင့် ပရိသတ်တော်တော်များများ ရင်းနှီးပြီးဖြစ်မှာပါ။ Sinon ဟာ မြန်မာပရိသတ်တွေရဲ့ အားပေးမှူနဲ့ချစ်ခြင်းမေတ္တာတွေကို ခိုင်မာစွာရရှိထားတဲ့ မော်ဒယ်ဖြစ်သလို Catwalk King ဆိုတဲ့ဘွဲ့ကိုရရှိထားပြီး နိင်ငံတကာက ပရိသတ်တွေရဲ့အားပေးမှူတွေကိုလည်း တခဲနက်ရရှိထားပေမယ့် အဲ့ဒါကြောင့် စိတ်ကြီးဝင်တာဘဝင်မြင့်တာတွေမရှိပဲ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချလွန်းတဲ့အပြင် စိတ်ထားကောင်းပြီး မနောဖြူစင်သူကြီးလည်းဖြစ်ပါသေးတယ်။

မြန်မာကိုချစ်ပြီး မြန်မာနိုင်ငံကို ကမ္ဘာ့အဆင့်မီအောင်သာယာအောင်ထိန်းသိမ်းနေထိုင်ကြဖို့ ပရိသတ်တွေကိုသတိပေးတတ်တဲ့ Sinon ဟာ အခုလည်းပဲ မြန်မာလူမျိုးမိန်းကလေးတစ်ယောက်ကိုကုူညီလိုက်ပြန်ပါပြီ။ ပိုလီယိုဖြစ်နေတဲ့ မြန်မာအမျိုးသမီးငယ်လေးကို Sinon က ဖြူစင်တဲ့မေတ္တာအရင်းခံနဲ့ ကူညီခဲ့တဲ့ Video လေးဟာ Sinon ရဲ့ လူမှုကွန်ယက်မှာတက်လာပြီးသိပ်မကြာခင်မှာပဲ ပရိသတ်တွေကြားမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

မသန္တာဆိုတဲ့ အမျိုးသမီးလေးဟာ ပိုလီယိုဝေဒနာကိုခံစားနေရပြီး သူမမှာ ကိုယ်ဝန်ကလည်း လေးလရှိနေကြောင်းသိရပါတယ်။ ဒီလိုကိုယ်ဝန်နုနုနယ်နယ်လေးနဲ့အမျိုးသမီးလေးကိုနေရထိုင်ရသွားရလာရတာအဆင်ပြေစေဖို့ Sinon က Wheelchair လေးလက်ဆောင်သွားပေးခဲ့တာပါ ။

Sinon လက်ဆောင်ပေးတဲ့ ဝှီးချဲဟာ သက်တောင့်သက်သာရှိပြီးအဲဒီအပေါ်မှာပဲ ထိုင်နေရင်းနဲ့တစ်ခါတည်း အပေါ့အလေးသွားလို့ရတဲ့ function လည်းပါတာမို့ တော်တော်လေးအဆင်ပြေစေမှာသေချာပါတယ်။ အမျိုးသမီးလေးကို Sinon က ကိုယ်တိုင်ကိုယ်ကျ Wheelchair လေးလက်ဆောင်ပေးလိုက်ချိန်မှာအမျိုးသမီးလေးက ပျော်လွန်းလို့မျက်ရည်တွေကျလို့နေပါတယ်။

မသန္တာ မျက်ရည်တွေကျနေတာကိုမြင်ပြီး Sinon ကလည်း ဝမ်းသာမျက်ရည်တွေကျနေတာမြင်ရပါတယ်။ မျက်ရည်တွေကို အင်္ကျီနဲ့ ပွတ်သုတ်လိုက်တဲ့ Sinon ဟာ ကမ္ဘာ့အသိအမှတ်ပြု Catwalk King ဆိုတဲ့ ဟိတ်ဟန်တွေလုံးဝရှိမနေပဲ သဘောမနောကောင်းတဲ့အဖြူထည်အသွင်ကိုကြည်နူးဖွယ်မြင်တွေ့ရတာပါ။ Sinon ရဲ့ Video လေးကို comment မှာဖော်ပြပေးလိုက်ပါတယ်နော်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော Sinon ကိုချစ်ကြလား။ မြန်မာနိုင်ငံမှာ အနုပညာတွေလုပ်နေပြီဖြစ်တဲ့ Sinon ကို အားပေးကြမှာလား။ Sinon ရဲ့ အလှူဒါနကိုလည်းသာဓုခေါ်လိုက်ကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *