အပြင်းအထန်တိုက်ပွဲဝင်ပြီး ဖခင်ကောင်းပီပီ မိသားစုကို နွေးထွေးမှုမေတ္တာပေးနေပြန်တဲ့ အောင်လအန်ဆန်

အပြင်းအထန်တိုက်ပွဲဝင်ပြီး ဖခင်ကောင်းပီပီ မိသားစုကို နွေးထွေးမှုမေတ္တာပေးနေပြန်တဲ့ အောင်လအန်ဆန်

အောင်လအအန်ဆန်အတွက်တော့ ပျားရည်ဆမ်းနေ့ရက်တွေပါပဲ။ မြန်မာ့စပါးအုံးမြွေရဲ့ နှလုံးသားဟာ ဒီအချိန်မှာ အလင်းလက်ဆုံး၊ အတောက်ပဆုံး ဖြစ်နေမလား။ အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ (၁၃) ရက်နေ့က ဖီလစ်ပိုင်နိုင်ငံသားဗီရာကို အလဲထိုးအနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲက အောင်လအန်ဆန်အတွက် MMA မှာ နောက်ထပ် မှတ်ကျောက်တစ်ခုတင်နိုင်ခဲ့တဲ့ပွဲပါ။

အဲဒီပွဲပြီးနောက် အာရှထိပ်သီးမီဒီယာတွေကလည်း အောင်လရဲ့အောင်ပွဲကို အကျယ်အဝင့်ဖော်ပြခဲ့တာမျိုးတွေ ရှိခဲ့ပါတယ်။ သူရဲကောင်းတစ်ဦးရဲ့ စိန်စီသောရက်စွဲတွေပါပဲ။ လက်ရှိအချိန်မှာတော့ အောင်လအန်ဆန်ဟာ မိသားစုနဲ့အတူ ဂျပန်နိုင်ငံမှာ အပန်းဖြေခရီးထွက်လျက်ရှိနေပါတယ်။

ဂျပန်နိုင်ငံက ကေမဂျီဂျင်ဂုဘရားကျောင်း၊ ကျိုတိုမြို့ စတဲ့နေရာတွေ အပါအဝင် အောင်လအန်ဆန်ဟာ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာပါ။ အချစ်ထက်ဆုံးချစ်ရလွန်းတဲ့ဇနီးကက်သရင်း၊ ရင်နှစ်သည်းချာသားလေးအဒီးတို့နဲ့ အောင်လတစ်ယောက် ကြည်နူးစရာကောင်းတဲ့ အချိန်ကာလတွေကို ဖြတ်သန်းနေရတာပါပဲ။

ဂျပန်ရိုးရာဝတ်စုံကို ဟန်ပါပါဝတ်ဆင်ရင်း ပြုံးပျော်ရွှင်နေတဲ့ အောင်လအန်ဆန်ဟာရဲ့ပုံရိပ်တွေဟာ အေးချမ်းလွန်းနေတာတော့ အမှန်ပါပဲ။ ကြိုးဝိုင်းထဲမှာ မာကျောသလောက်၊ ခက်ထန်သလောက် မိသားစုနဲ့အတူ ရှိနေတဲ့အချိန်မှာတော့ မြန်မာပြည်သူရဲကောင်းဟာ နူးညံ့သိမ်မွေ့လွန်းတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေပြန်ပါတယ်။

အောင်လအန်ဆန်ရဲ့နှလုံးသားအတွင်း အနက်ရှိုင်းဆုံးနေရာက တဗြစ်ဗြစ်မြည်သံတွေဟာ ဘယ်လောင်တောင်ချိုမြိန်နေလိုက်မလဲ။ အပြင်းအထန် တိုက်ပွဲဝင်ပြီးနောက်ပိုင်း မိသားစုရဲ့အပြုံးတွေဟာ အောင်လအန်ဆန်အတွက် အကောင်းဆုံးအားဆေးတစ်ခွက်ဖြစ်နေမလား။

Leave a Reply

Your email address will not be published. Required fields are marked *