ရေကျော်ပွဲဈေးတန်းမှာ အမှိုက်သိမ်းနေရတဲ့ စည်ပင်ဝန်ထမ်းတွေကို စားစရာတွေလှူဒါန်းခဲ့တဲ့ ယွန်းယွန်

ရေကျော်ပွဲဈေးတန်းမှာ အမှိုက်သိမ်းနေရတဲ့ စည်ပင်ဝန်ထမ်းတွေကို စားစရာတွေလှူဒါန်းခဲ့တဲ့ ယွန်းယွန်

ပရိသတ်တွေ ငယ်စဉ်ကတည်းက အားပေးချစ်ခင်ကြရတဲ့ ယွန်းယွန်းက အခုဆိုရင် အလှသွေးကြွယ်တဲ့ အပျိုဖားဖားကြီး ဖြစ်လို့နေပါပြီ။ ချစ်စရာကောင်းတဲ့ ယွန်းယွန်းလေးက လက်ရှိမှာတော့ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ တက္ကသိုလ်ကျောင်းသူကြီး ဖြစ်လို့နေပါပြီ။ ယွန်းယွန်းက ပညာသင်ကြားနေရင်းနဲ့ သူမရဲ့ အနုပညာလုပ်ငန်းတွေနဲ့ အဆက်မပြတ်သွားအောင် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

လူငယ်သလို စေတနာသဒ္ဒါတရားထက်သန်ပြီး အလှူရေစက် လက်နဲ့မကွာတဲ့ မင်းသမီးချောလေး ယွန်းယွန်းက ရန်ကုန်မြို့ရဲ့ နာမည်အကြီးဆုံး ရေကျော်ပွဲဈေးတန်းမှ ညသန်းခေါင်ကျော် အမှိုက်သိမ်းနေရတဲ့ စည်ပင်ဝန်ထမ်းတွေကို စားစရာတွေလှူဒါန်းခဲ့ပါတယ်။

ရေကျော်ပွဲဈေးတန်းက ည(၁၂) နာရီခန့်မှ ပြီးဆုံးတာမို့ စည်ပင်ဝန်ထမ်းတွေခမျာ နောက်တစ်နေ့မိုးလင်းမှာ ပြည်သူတွေ လွတ်လပ်စွာသွားလာနိုင်ဖို့ လူအိပ်ချိန် ညသန်းခေါင်း (၂)နာရီ၊ (၃)နာရီအထိ မနားတမ်း အမှိုက်တွေ ရှင်းလင်းနေရတာ ဖြစ်ပါတယ်။

ယွန်းယွန်းက သူမရဲ့ ကိုယ်ပိုင်မုန့်ဖိုး၊ အနုပညာကြေးလေးတွေနဲ့ တစ်လမှာတစ်ခါမက အလှူအတန်းတွေပြုလုပ်ရင်း ဖြတ်သန်းတတ်သူလေးပဲ ဖြစ်ပါတယ်။

ယွန်းယွန်းကတော့ ရေကျော်ပွဲဈေးတန်းက စည်ပင်ဝန်ထမ်းတွေကို စားစရာ၊ သောက်စရာတွေ လှူဒါန်းရင်း သီတင်းကျွတ်ကာလလေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်၊ ပရိသတ်တွေလဲ ယွန်းယွန်းရဲ့ အလှူလေးကို သာဓုခေါ်နိုင်ကြပါစေနော်။

Credit-မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *