လပြည့်နေ့မှာ မိခင်ကို သိန်း၈၀ ကျော်တန်ဖိုးရှိ စိန်ထည်ပစ္စည်းတွေနဲ့ surprise လုပ်ပြီးကန်တော့ လိုက်တဲ့ ပိုးကြာဖြူခင်

လပြည့်နေ့မှာ မိခင်ကို သိန်း၈၀ ကျော်တန်ဖိုးရှိ စိန်ထည်ပစ္စည်းတွေနဲ့ surprise လုပ်ပြီးကန်တော့ လိုက်တဲ့ ပိုးကြာဖြူခင်

ပရိသတ်တွေက “ဆိုင်းမိုင်”လို့ ချစ်စနိုးနဲ့ခေါ်ဆိုကြတဲ့ ပိုးကြာဖြူခင်ကတော့ MRTV-4 ကထုတ်လွှင့်ပြသတဲ့ “ဝင်္ကပါစံအိမ်”၊”မိုးကောင်းကင်အိမ်မက်”၊”ကြယ်ကလေးရဲ့ကောင်းကင်”စတဲ့ဇာတ်လမ်တွဲတွေကနေ ပရိသတ်တွေရဲ့ ရင်ထဲကအချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ မင်းသမီးတစ်ယောက်အနေနဲ့သာမက အဆိုတော်တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို တစိုက်မတ်မတ်နဲ့ပိုမိုလုပ်ကိုင်လာတာပဲဖြစ်ပါတယ်။
မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ လက်တလောမှာ MRTV 4 ကနေ ပြသနေတဲ့ “ဥယျာဉ် မှူး ဖြစ်ဖူးချင်သည်” ဆိုတဲ့ ဇာတ်ကားမှာ ဆရာမ မေ၀ ဆိုတဲ့ ဇာတ်ကောင်နေရာက နေ သရုပ်ဆောင်ထားပါတယ်။

ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ပိုးကြာဖြူခင်က မိခင်ကို သီတင်းကျွတ်လပြည့်နေမှာ သိန်း၈၀ကျော် တန်ဖိုးရှိ စိန်ထည်များနဲ့ ကန်တော့တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဒီနေ့မှာတော့ ပိုးကြာဖြူခင်က လပြည့်နေ့မှာ မိခင်ကို သိန်း၈၀ ကျော်တန်ဖိုးရှိ စိန်ထည်ပစ္စည်းတွေနဲ့ surprise လုပ်ပြီးကန်တော့လိုက်တာပဲ ဖြစ်ပါတယ်။

ပိုးကြာဖြူခင်မိခင်က “သမီးလေးပိုးကြာဖြူခင် “ဆိုင်းမိုင် “ကသီတင်းကျွတ်လပြည့့်နေ့မှာ သိန်း၈၀ ကျော်ဖိုး စိန်ထည်ပစ္စည်းတွေနဲ့ surprise လုပ်ပြီးကန်တော့လိုက်တော့ အမေအရမ်းပျော်သွားတာပေါ့ ”ခုလိုပြောထားပါတယ်။
သရုပ်ဆောင် မင်းသမီးလေး ပိုးကြာဖြူခင်တို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *