လမ်းဘေးမှာတောင်းစားတဲ့ အမျိုးသမီးကို ပန်းစည်းနဲ့အရုပ်တွေပေးပြီး ပျော်ရွှင်စေခဲ့တဲ့ Sinon

လမ်းဘေးမှာတောင်းစားတဲ့ အမျိုးသမီးကို ပန်းစည်းနဲ့အရုပ်တွေပေးပြီး ပျော်ရွှင်စေခဲ့တဲ့ Sinon

ဖိလစ်ပိုင်လူမျိုး Catwalk မော်ဒယ်တစ်ဦးဖြစ်တဲ့ Sinon Loresca က မြန်မာနိုင်ငံကို ပထမဦးဆုံး စတင်ရောက်ရှိစဉ်က ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရင်း မြန်မာပရိသတ် အခိုင်အမာ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ Sinon Loresca က အခုဆိုရင် မြန်မာနိုင်ငံကို ဒုတိယမြောက် ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး သူဝါသနာပါတဲ့ ပရဟိတလုပ်ငန်းတွေနဲ့ အလှူအတန်းတွေများစွာကို လုပ်ကိုင်နေပြီး မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေကို လည်ပတ်နေတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း Sinon Loresca က ရန်ကုန်မြို့ရဲ့ လမ်းမကြီးပေါ်မှာ လှည့်လည်တောင်းရမ်းစားသောက်နေတဲ့ အမျိုးသမီးကို ပန်းစည်းနဲ့ အရုပ်တွေ လက်ဆောင်ပေးပြီး ပျော်ရွှင်စေခဲ့တာကို တွေ့ရပါတယ်။

စိတ်ထားကောင်းတဲ့ Sinon
Sinon Loresca က သူ့ရဲ့ မင်္ဂလာရှိတဲ့ မွေးနေ့လေးမှာ လူတွေကို သူတတ်နိုင်သလောက်လေး ပျော်ရွှင်အောင် ဖန်တီးပေးချင်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သွေးကင်ဆာဝေဒနာရှင်ပရိသတ်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်စည်းပေးခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

Sinon loresca က သူကိုယ်တိုင် အိမ်ခြေယာမဲ့တစ်ယောက်အဖြစ် ဖြတ်သန်းနေထိုင်ဖူးသူမို့ ချို့တဲ့သူတွေရဲ့ ဘဝတွေကို စာနာနာလည်တတ်သူတစ်ဦး ဖြစ်ပါတယ်။ ပရိသတ်တွေလည်း Sinon ရဲ့ ကောင်းမှုလေးကိုကြည့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *