မြန်မာအိုင်ဒေါရဲ့ စီစဉ်ထုတ်လွှင့်ပုံကို မေးခွန်ထုတ်လိုက်ပြီး မြန်မာအိုင်ဒေါကို သွားမပြိုင်ကြဖို့ ဝေဖန်လိုက်တဲ့ ပြိုင်ပွဲဝင် သီရိဝင်းလှိုင်

မြန်မာအိုင်ဒေါရဲ့ စီစဉ်ထုတ်လွှင့်ပုံကို မေးခွန်ထုတ်လိုက်ပြီး မြန်မာအိုင်ဒေါကို သွားမပြိုင်ကြဖို့ ဝေဖန်လိုက်တဲ့ ပြိုင်ပွဲဝင် သီရိဝင်းလှိုင်

မြန်မာအိုင်ဒေါရဲ့ စီစဉ်ထုတ်လွှင့်ပုံကို မေးခွန်ထုတ်လိုက်ပြီး မြန်မာအိုင်ဒေါကို သွားမပြိုင်ကြဖို့ ဝေဖန်လိုက်တဲ့ ပြိုင်ပွဲဝင် သီရိဝင်းလှိုင်
Myanmar Idol Season 4 ပြိုင်ပွဲဝင်တွေကို တော်တော်များများတော့ကြည့်ဖြစ်ပြီးဖြစ်မယ် ထင်ပါတယ်နော် ApannPyay ချစ်ပရိသတ်ကြီးတို့ရေ … ။ အဲ့ဒီအထဲကမှ ကိုယ်သဘောကျတဲ့ အသံပိုင်ရှင်တစ်ယောက်ရော တွေ့နေကြပြီလားဗျို့ … ။

အပြိုင်အဆိုင်လည်း အားပေးနေကြတာမြင်ရသလို ကိုယ့်ရဲ့ Idol လေးကို ဝန်းရံမယ့်သူတွေကလည်း အဆင်သင့်ကိုစောင့်မျှော်နေကြတာလည်း Myanmar Idol ပြိုင်ပွဲရဲ့ အစဉ်အလာလိုကို ဖြစ်နေပြီး ဒီနှစ်မှာလည်း ထူးခြားတဲ့ အသံပိုင်ရှင် နဲ့ ပါရမီရှင် ပြိုင်ပွဲဝင် တွေ တဦးပြီးတဦး ထွက်ပေါ်လာနေပြန်ပါပြီနော် … ။

Myanmar Idol အဆိုပြိုင်ပွဲဟာ ပဏာမအသံစစ်ဆေးခြင်း Judges Audition အဆင့်ကို ပြီးမြောက်လို့ Golden Week အနေနဲ့ Theatre Round 1 အဆင့် ယှဉ်ပြိုင်မှုကို စတင်ထုတ်လွှင့်ပြသနေပြီဖြစ်လို့ ပရိသတ်တွေ ပိုပြီးစိတ်လှုပ်ရှားစရာအခြေအနေတစ်ခုကို ရောက်လာပြီး ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်တွေရဲ့ အဆိုပညာ အရည်အသွေးတွေကိုလည်း ပိုပြီး ထင်ရှားလာပြီဖြစ်ပါတယ် … ။

လတ်တလော အားလုံးကိုလှုပ်ခတ်သွားခဲ့တာကတော့ Myanmar Idol Season 4 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင် သီရိဝင်းလှိုင်ရဲ့ Myanmar Idol အစီအစဉ် ထုတ်လွှင့်ပုံကို ဝေဖန်ချက်ကြောင့် ပွဲဆူသွားစေခဲ့တာပဲဖြစ်ပါတယ် … ။

ပြိုင်ပွဲဝင် သီရီဝင်းလှိုင်ရဲ့ Myanmar Idol အစီအစဉ် အပေါ် ဝေဖန်ထားတဲ့ ပို့စ်လေးတစ်ခုကို တွေ့ခဲ့ရတာပဲဖြစ်ပါတယ် …. ။ ပြိုင်ပွဲဝင် သီရိဝင်းလှိုင်ဟာ Judges Auditon အဆင့်မှာ မနက် ၄ နာရီ မိုးလင်းချိန်မှာ အသံစစ်ခဲ့ရတယ်လို့ သိရပြီး ဒိုင်တွေကပေးတဲ့ Golden Ticket ကို ရရှိခဲ့တယ် လို့ ဆိုပါတယ် … ။

ဒါပေမဲ့ Golden Ticket ရရှိသူ အားလုံးရဲ့ သီဆိုယှဉ်ပြိုင်ပုံကို ရုပ်သံမှာ ထုတ်လွှင့်ပြသခဲ့ပေမဲ့ သူရဲ့သီဆိုပုံကိုတော့ ရုပ်သံမှာ ထုတ်လွှင့်တင်ဆက်ရာမှာ ထည့်သွင်းပေးခဲ့ခြင်းမရှိတာကြောင့် သူက Myanmar Idol တာဝန်ရှိ လူကြီးမင်းများထံ မေးခွန်းထုတ်သွားခဲ့တာပြဖြစ်ပါတယ် … ။

ဒါ့အပြင် Golden Week မှာ သူ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ သီဆိုမှုကိုလည်း ရုပ်သံမှာ ထပ်မံ မပြသခဲ့ကြောင်း၊ မြန်မာနိုင်ငံက အနုပညာပါရမီရှိသူတွေ ဒီလို ပြိုင်ပွဲမျိုးကို သွားမပြိုင်သင့်ဘူးလို့ အကြံပေးလိုကြောင်း၊ ဒါဟာ အနုပညာ ပါရမီရှိသူတွေ နဲ့ ဝါသနာရှင်တွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်ခြင်းသာ ဖြစ်ကြောင်း၊ မျှတမှုမရှိတဲ့ လုပ်ရပ်ကို သူများတွေလို ငြိမ်မခံတတ်လို့ အခုဖြစ်ရပ်ရဲ့ အမှန်တရားကို ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း သူ့ရဲ့ပို့စ်လေးမှာ တွေ့ရှိခဲ့ရတာပါ။

ဒါဟာ ဘယ်လို ဂယက်တွေ ဆက်လက်ထွက် ပေါ် လာစေဦးမလဲ၊ Myanmar Idol ဘက်ကရော ဒီဖြစ်ရပ်အတွက် ဘယ်လို တုံ့ပြန်ဖြေရှင်းမှုတွေ ပြုလုပ်လာမလဲ ဆိုတာကိုလည်း Myanmar Idol ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်နေကြတာဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ …. ။

Leave a Reply

Your email address will not be published. Required fields are marked *