ကိုနေတိုးနဲ့ ဇာတ်ကားရိုက်ရင်း အကြည့်ချင်းဆုံတိုင်း ရင်ခုန်ရပါတယ်ဆိုတဲ့ နေခြည်ဦး (ရုပ်သံ)

ကိုနေတိုးနဲ့ ဇာတ်ကားရိုက်ရင်း အကြည့်ချင်းဆုံတိုင်း ရင်ခုန်ရပါတယ်ဆိုတဲ့ နေခြည်ဦး (ရုပ်သံ)

ကိုနေတိုးနဲ့ ဇာတ်ကားရိုက်ရင်း အကြည့်ချင်းဆုံတိုင်း ရင်ခုန်ရပါတယ်ဆိုတဲ့ နေခြည်ဦး (ရုပ်သံ)
ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို တစ်ခဲနက် ရရှိထားတဲ့ မင်းသားချော အကယ်ဒမီ နေတိုးကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ် …။

တက်သစ်စ မင်းသမီးချောလေး နေခြည်ဦးကလည်း အနုပညာသက်တမ်း နုနေသေးပေမယ့် ပရိသတ် အခိုင်အမာရရှိထားပြီး အောင်မြင်နေတာပဲ ဖြစ်ပါတယ် …။

ပရိသတ်တွေ ချစ်ကြတဲ့ နေတိုးနဲ့ နေခြည်ဦးတို့ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ် …။

မနေ့က အောက်တိုဘာလ (၉) ရက်နေ့မှာတော့ နေတိုးနဲ့ နေခြည်ဦးတို့ သရုပ်ဆောင်ထားကြတဲ့ “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Red Carpet Show အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် …။

ထိုပွဲနေခြည်ဦးက နေတိုးနဲ့အတူဇာတ်ကားရိုက်ရတဲ့အတွေ့အကြုံကို အခုလိုပြောပြလာခဲ့ပါတယ် …။

နေခြည်ဦးက “ကိုနေတိုး နဲ့ ဇာတ်ကားရိုက်ရင်း အကြည့်ချင်း ဆုံတိုင်း ရင်ခုန်ရပါတယ်။ အစ်ကို က အရမ်းချောတော့ ဇာတ်လမ်းထဲမှာ တကယ်ကို ကြိုက်ခဲ့ရတယ်” လို့ “အခမ်းနားဆုံး မေတ္တာ” ဇာတ်ကားမှာ နေတိုးနဲ့ သရုပ်ဆောင် ဖြစ်ခဲ့တဲ့ အကြောင်း ပြောလာခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် နေခြည်ဦးရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော် …။ ။

Leave a Reply

Your email address will not be published. Required fields are marked *