Loading...

အေးမေတ္တာ မသန်စွမ်းရိပ်မြုံမှာ မွေးနေ့ အလှူကိုပြုလုပ်ခဲ့တဲ့ ဟန်လေး

17-39-39-jhhjffgd-678x381.jpg

[Unicode]
ဟန်လေးကတော့ Miss Universe Myanmar 2015- 2016 ရဲ့ First Runner Up အနေနဲ့ လူသိများလာတာပဲ ဖြစ်ပါတယ်။ မော်ဒယ်လမ်းကြောင်းပေါ်က တဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းလာတဲ့ဟန်လေးကတော့ ယောကျာ်းလေးပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ တိုင်းရင်းသူလေးတစ်ဦးပဲပါ။ MTV များစွာရိုက်ကူးထားတဲ့ သူတစ်ယောက်လည်းဖြစ်တဲ့အပြင် လှပကျော့ရှင်းတဲ့ အလှကိုပိုင်ဆိုင်ထားပြီး စကားသံဝဲတဲတဲလေးနဲ့ ပရိသတ်ကိုဆွဲဆောင်ထားနိုင်သူလေးလို့ဆိုရမှာပါ။ဟန်လေးကတော့ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။

Loading...


မော်ဒယ်အလုပ်ကိုပဲပိုပြီး ဝါသနာပါတာဖြစ်တာမို့ ကာရိုက်တာတိုင်းကို လက် ခံပြီး ရိုက်ကူးတာထက် အဆင်ပြေ တဲ့ ကာရိုက်တာတွေ့မှပဲ လက်ခံရိုက်ကူးတတ်တဲ့ မင်းသမီးလေးလို့ဆိုရမှာပါ။ အနုပညာလှုပ်ရှားမှုနဲ့ နေ့စဉ်လှုပ်ရှားမှုများ အလှူအတန်းလုပ်နေမှုများကို သူမရဲ့လူမှုကွန်ရက်ကနေ မကြာမကြာဖော်ပြလေ့ရှိပြီး ခရီးတွေလည်း မကြာခဏ ထွက်လေ့ရှိသူပဲ ဖြစ်ပါတယ်။အချစ်ရေးအနေနဲ့ ကတော့ တစ်ယောက်ထဲ Single အဖြစ်နဲ့ နေနေတာပဲ ဖြစ်ပါတယ်။


လက်ရှိမှာလည်း အောက်တိုဘာလ (၈) ရက် နေ့မှာကျရောက်ခဲ့တဲ့မွေးနေ့ရက်မြတ်လေးမှာ အေးမေတ္တာ မသန်စွမ်းရိပ်မြုံမှာ နေ့လည်စာအလှူလေးကိုလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ ” မွေးနေ့အမှတ်တရ နေ့လည်စာအလှူလေး….အတူလိုက်ခဲ့ပေးတဲ့ သူငယ်ချင်းလေးတွေ .. ချစ်တယ် “ဆိုကာ အလှူမှတ်တမ်းပုံရိပ်လေးတွေကိုဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးလည်း ဟန်လေး မွေးနေ့အလှူလေးအတွက် သာဓုခေါ်ခဲ့ပါဦးနော်။
Source:နန်းရွှေအေး,CRD-Shwe Poe ,CeleGabar

Loading...

[Zawgyi]





Leave a Reply

Your email address will not be published. Required fields are marked *

scroll to top