Loading...

သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကို ထုတ်ပြောလာတဲ့ ဖြိုးပြည့်စုံ

17-34-17-phhhhhhcv-4-678x381.jpg

[Unicode]
လွန်ခဲ့တဲ့ ရက်ပိုင်းက ပရိသတ်တွေကြား ဂယက်ထခဲ့တဲ့ အဆိုတော် ဖြိုးပြည့်စုံ မတရားစွပ်စွဲခံခဲ့ရတဲ့ အမှုကိစ္စကတော့ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံက မူးယစ်ဆေးဝါး လက်ဝယ်ကိုင်ဆောင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာပလာဇာမှာ တေးရေး ရော်နီဆန်းလွင်၊ ငြိမ်းချမ်းကိုတို့နဲ့အတူတူ မှားယွင်းဖမ်းဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။ မနေ့က အောက်တိုဘာလ (၉) ရက်နေ့မှာတော့ အဆိုတော်ဖြိုးပြည့်စုံတို့ သုံးဦးဟာ စွပ်စွဲခံရာမှ ပြန်လည်လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။

Loading...


ဖြိုးပြည့်စုံက သူရဲ့ ဖြစ်စဉ်နဲ့ ပက်သတ်ပြီး သတင်းစာရှင်းလင်းပွဲတစ်ပွဲလုပ်မယ်လို့ ကြေငြာခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဖြိုးပြည့်စုံက သူ့အနေနဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပရမယ့် ရည်ရွယ်ချက်ကို အခုလိုပဲ ပြောပြလာပါတယ်။”အားလုံး နဲ့ ဆုံတွေ့ပွဲလေး လုပ်ဖို့ ရည်ရွယ်တယ်ဆိုတာ ကျွန်တော်တို့အတွက် စိတ်ပူဆုတောင်းကူပေးကြတဲ့ သူတွေကို ကျေးဇူးတင်ချင်တာ အဓိကပါ။ (ဖြစ်တတ်တဲ့သဘောနဲ့ ကျနော်တို့တွက် သင်ခန်းစာရယ်၊ ဖြစ်စဉ် ကျဉ်းချုံးလေးရယ် ကို ဘယ်သူ့ဘယ်သူမှ အထင်မလွဲစေပဲ အမှန် အတိုင်း ပိုမို နားလည် စေချင် လို့ပါ )”


“ကျွန်တော် ၊ ငြိမ်းချမ်းကို နဲ့ ရော်နီဆန်းလွင် ၃ယောက်ဆုံဖို့ တော့ အချိန်တစ်ခုရွှေ့လိုက်ရတဲ့ အတွက် စာနယ်ဇင်း မီဒီယာ မိတ်ဆွေတွေကို လည်း ခေတ္တ စောင့်ဆိုင်းပေးဖို့ မေတ္တာရပ်ပါတယ်။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ပြောပြထားပါတယ်။ပရိသတ်တွေကတော့ ဖြိုးပြည့်စုံတစ်ယောက် အန္တာရယ်ကင်းကင်း၊ သံသယရှင်းရှင်းနဲ့ ပြန်ထွက်လာနိုင်တာကိုပဲ ဝမ်းသာနေကြတာ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံလည်း ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းမမှာ အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်။
CRD-Momolay

Loading...

[Zawgyi]
လြန္ခဲ့တဲ့ ရက္ပိုင္းက ပရိသတ္ေတြၾကား ဂယက္ထခဲ့တဲ့ အဆိုေတာ္ ၿဖိဳးျပည့္စုံ မတရားစြပ္စြဲခံခဲ့ရတဲ့ အမႈကိစၥကေတာ့ ၿပီးဆုံးသြားၿပီပဲ ျဖစ္ပါတယ္။ ၿဖိဳးျပည့္စုံက မူးယစ္ေဆးဝါး လက္ဝယ္ကိုင္ေဆာင္ထားတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႕ ျမန္မာပလာဇာမွာ ေတးေရး ေရာ္နီဆန္းလြင္၊ ၿငိမ္းခ်မ္းကိုတို႔နဲ႕အတူတူ မွားယြင္းဖမ္းဆီးခံခဲ့ရတာပဲ ျဖစ္ပါတယ္။ မေန႕က ေအာက္တိုဘာလ (၉) ရက္ေန႕မွာေတာ့ အဆိုေတာ္ၿဖိဳးျပည့္စုံတို႔ သုံးဦးဟာ စြပ္စြဲခံရာမွ ျပန္လည္လြတ္ေျမာက္လာတာပဲ ျဖစ္ပါတယ္။


ၿဖိဳးျပည့္စုံက သူရဲ႕ ျဖစ္စဥ္နဲ႕ ပက္သတ္ၿပီး သတင္းစာရွင္းလင္းပြဲတစ္ပြဲလုပ္မယ္လို႔ ေၾကျငာခဲ့တာ ျဖစ္ပါတယ္။ ဒီေန႕မွာေတာ့ ၿဖိဳးျပည့္စုံက သူ႕အေနနဲ႕ သတင္းစာရွင္းလင္းပြဲ က်င္းပရမယ့္ ရည္႐ြယ္ခ်က္ကို အခုလိုပဲ ေျပာျပလာပါတယ္။”အားလုံး နဲ႕ ဆုံေတြ႕ပြဲေလး လုပ္ဖို႔ ရည္႐ြယ္တယ္ဆိုတာ ကြၽန္ေတာ္တို႔အတြက္ စိတ္ပူဆုေတာင္းကူေပးၾကတဲ့ သူေတြကို ေက်းဇူးတင္ခ်င္တာ အဓိကပါ။ (ျဖစ္တတ္တဲ့သေဘာနဲ႕ က်ေနာ္တို႔တြက္ သင္ခန္းစာရယ္၊ ျဖစ္စဥ္ က်ဥ္းခ်ဳံးေလးရယ္ ကို ဘယ္သူ႕ဘယ္သူမွ အထင္မလြဲေစပဲ အမွန္ အတိုင္း ပိုမို နားလည္ ေစခ်င္ လို႔ပါ )”


“ကြၽန္ေတာ္ ၊ ၿငိမ္းခ်မ္းကို နဲ႕ ေရာ္နီဆန္းလြင္ ၃ေယာက္ဆုံဖို႔ ေတာ့ အခ်ိန္တစ္ခုေ႐ႊ႕လိုက္ရတဲ့ အတြက္ စာနယ္ဇင္း မီဒီယာ မိတ္ေဆြေတြကို လည္း ေခတၱ ေစာင့္ဆိုင္းေပးဖို႔ ေမတၱာရပ္ပါတယ္။” ဆိုၿပီး သူ႕ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာကတဆင့္ ေျပာျပထားပါတယ္။ပရိသတ္ေတြကေတာ့ ၿဖိဳးျပည့္စုံတစ္ေယာက္ အႏၲာရယ္ကင္းကင္း၊ သံသယရွင္းရွင္းနဲ႕ ျပန္ထြက္လာနိုင္တာကိုပဲ ဝမ္းသာေနၾကတာ ျဖစ္ပါတယ္။ ၿဖိဳးျပည့္စုံလည္း ေရွ႕ဆက္ေလွ်ာက္မယ့္ အႏုပညာလမ္းမမွာ ေအာင္ျမင္မႈေတြ ရရွိပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။
CRD-Momolay

Leave a Reply

Your email address will not be published. Required fields are marked *

scroll to top