Loading...

မော်ဒိုက်သွားစရာမလိုပဲ မြန်မာပြည်ထဲမှာတင်ရှိတဲ့ သဘာဝအလှတရားတွေကို ဖော်ပြလိုက်တဲ့ ခင်လေးနွယ်(ရုပ်သံ)

11-25-33-1-166-800x445.jpg

[Unicode]
မြန်မာနိုင်ငံရဲ့ အလှတရားတွေကို အပျိုကြီးမမ ခင်လေးနွယ်က အပြည့်အဝဖော်ထုတ်ပေးလိုက် ပါပြီနော်။ ဈေးကြီးပေးပြီး မော်ဒိုက်ကို တကူးတကသွားစရာမလိုပဲ ပင်လယ်ပြင်အလှတရားတွေကို ကော့သောင်းရဲ့ Horseshoe Island မှာ တွေ့နိုင်ပါတယ်။ ကော့သောင်းရဲ့ကျွန်းတိုင်းဟာ အလှအပတွေနဲ့ပြည့်နှက်နေပြီး ဒီ Horseshoe Island လေးကတော့ မိခင်လေးရဲ့ လည်ပတ်မှု မှတ်တမ်းလေးပေါ့နော်။

Loading...

တစ်ကိုယ်တည်းအပျိုကြီးဆိုတော့ တစ်ယောက်တည်းအေးအေးလူလူ ခရီးတွေသွားလိုက် ကိုယ်ပိုင်အလုပ်လေးလုပ်လိုက် ကြော်ငြာလေးတွေရိုက်လိုက်နဲ့ အရမ်းကိုသာယာလွန်းနေပါတယ်။ မကြာခဏဆိုသလို ခရီးတွေထွက်ပြီး ဘဝကိုပျော်ပျော်ကြီး ဖြတ်သန်းနေတဲ့ အပျိုကြီးကတော့ အချစ်ရေးသောကတွေကင်းလို့ထင်ပါရဲ့ ပိုပိုပြီးလှလာလွန်းပါတယ်။


တံတားလေးပေါ်ကနေ ရေပြင်အလှကို အပြည့်အဝခံစားနေတဲ့ အပျိုကြီးခင်လေးနွယ်တစ်ယောက် ကော့သောင်းရဲ့အလှတရားတွေ ကို ” ဒီလောက်လှတဲ့ နေရာလေးတွေ ကိုယ့်နိုင်ငံမှာရှိနေတာ ဂုဏ်ယူစရာပါ ချစ်တဲ့သူတွေကိုလဲ ရောက်စေချင်တယ်ရှင့် ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အချိန်တိုင်းတက်ကြွလန်းဆန်းနေတာ အပျိုကြီးရဲ့အပြုံးလေးတွေကလည်း နုပျိုနေဆဲပါပဲ။

ခရက်ဒစ် ဆယ်လီကမာ

Loading...

[Zawgyi]




ခရက်ဒစ် ဆယ်လီကမာ

Leave a Reply

Your email address will not be published. Required fields are marked *

scroll to top