Loading...

“နောက်ဘဝတွေမှာ ယောက်ျားစစ်စစ် မိန်းမစစ်စစ် ဖြစ်ဖို့ဆုတောင်းလိုက်တဲ့ သုသု”

Screenshot_2019-10-09-18-16-23-068_com.facebook.katana.jpeg

“နောက်ဘဝတွေမှာ ယောက်ျားစစ်စစ် မိန်းမစစ်စစ် ဖြစ်ဖို့ဆုတောင်းလိုက်တဲ့ သုသု”

Loading...

မန်မာနိုင်ငံရဲ့နာမည်ကျော် မိတ်ကပ်ပညာရှင်နှစ်ယောက်ဖြစ်တဲ့ မိတ်ကပ်လင်းလင်းနဲ့ ညီညီမောင်(စမ်းချောင်း)တို့ သူငယ်ချင်းနှစ်ယောက်က လတ်တလောမှာတော့ ဗုဒ္ဓဂါယာကို ဘုရားဖူးရောက်ရှိနေတာပဲဖြစ်ပါတယ်။လင်းလင်းနဲ့ သုသုတို့ နှစ်ယောက်ဟာ မကြာသေးမီကလည်း “ကျားကျားကြိုက်ကြိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးခဲ့တာဖြစ်ပြီး ပထမဆုံးရုပ်ရှင်ဇာတ်ကားမှာတင် သရုပ်ဆောင် ပီပြင်လှတာကြောင့် လက်ရှိမှာလည်း နောက်ထပ်ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖို့ကိုလည်း ကမ်းလှမ်းခံနေရပါသေးတယ်။

လင်းလင်းနဲ့ သုသုတို့ သူငယ်ချင်း(၂)ယောက်မှာ ဗုဒ္ဓဂါယာမှာ ကုသိုလ်ကောင်းမှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ဒီနေ့မှာတော့ သုသုတစ်ယောက်က ဗုဒ္ဓဂါယာရောက်ချိန်မှာ ဆုတစ်ခုကိုတောင်းခဲ့တဲ့အကြောင်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာတာပဲဖြစ်ပါတယ်။ဒီဆုတောင်းလေးကတော့ သုသုတစ်ယောက်က သူဖြစ်လေရာ ဘဝဆက်တိုင်းမှာ ယောက်ျားလေးဖြစ်ခဲ့သည်ရှိသော် ယောက်ျားလေးစင်စစ်ဧကန်ဖြစ်ဖို့နဲ့ မိန်းကလေးတစ်ယောက်ဖြစ်မယ်ဆိုရင်လည်း မိန်းကလေး စင်စစ်ဧကန်ဖြစ်ရဖို့ ကို ဆုတောင်းခဲ့တဲ့အကြောင်းကို ရင်ဖွင့်ဖော်ပြထားပါသေးတယ်။
သုသုကတော့ လက်ရှိဘဝအပေါ်ကိုလည်း “ယခု ဘဝမှာတော့ မိန်းမလျာ ဖြစ်ပြီး သာသနာပြုရလို့ကျေနပ်ပါတယ်”လို့ သာသနာပြုလုပ်ငန်းတွေကို လုပ်ဆောင်နိုင်နေတာကြောင့် ကျေနပ်ပါတယ်ဆိုတဲ့ အကြောင်းကို ဖော်ပြထားပါသေးတယ်။ပရိသတ်ကြီးရေ သုသုရဲ့ ဆုတောင်းလေးနဲ့အတူ ဗုဒ္ဓဂါယာကို သွားရောက်နေတဲ့သုသုရဲ့ ပုံလေးတွေကိုလည်း မျှဝေပေးလိုက်ပါတယ်။

Loading...

Leave a Reply

Your email address will not be published. Required fields are marked *

scroll to top