ဖြိုးပြည့်စုံ မတရားဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာပြီးပုံရိပ်ကို ချပြလာတဲ့ ဝေကြီး

Loading...

ဖြိုးပြည့်စုံ မတရားဖမ်းဆီးခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာပြီးပုံရိပ်ကို ချပြလာတဲ့ ဝေကြီး

Loading...

တစ်နိုင်ငံလုံးက ပရိသတ်တွေနဲ့ အနုပညာရှင်တွေ စိုးရိမ်တကြီးဖြစ်နေကြတဲ့ အဆိုတော် ဖြိုးပြည့်စုံရဲ့ အမှုကိစ္စကတော့ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံက မူးယစ်ဆေးဝါးသုံးစွဲကိုင်ဆောင်ထားတယ်ဆိုတဲ့ သတင်းပေးချက်အရ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးအဖွဲ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာလ (၉) ရက်နေ့မှာတော့ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

ဖြိုးပြည့်စုံ၊ ရော်နီဆန်းလွင်နဲ့ ငြိမ်းချမ်းကိုတို့ သုံးဦးဟာ ကတ်တမင်းဆေးပြား(၁၀) ပြား လက်ဝယ်တွေ့ရှိမှုနဲ့ မှားယွင်းဖမ်းဆီးခံခဲ့ရပြီး ဒီကနေ့ နေ့လည်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဖြိုးပြည့်စုံရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တဲ့ တေးရေးဆရာ ဝေကြီးက ဖြိုးပြည့်စုံရဲ့ လက်ရှိပုံလေးကိုတင်ရင်း “တွေ့တယ်နော်….သကြားလုံးပါဆို….” ပြီး ပရိသတ်တွေ စိတ်မပူအောင် ပြောထားပါတယ်။

ဖြိုးပြည့်စုံက ပညာတတ်ဆရာဝန်တစ်ဦးဖြစ်ပြီး အနေအထိုင်အေးလွန်းတာကြောင့် ပရိသတ်တွေရော၊ အနုပညာ အသိုင်းအဝိုင်းက ထိုသတင်းမှားအပေါ် မယုံကြည်နိုင်ဖြစ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဖြိုးပြည့်စုံလို ဘုရား၊ တရားသမားအတွက် တရားကို နတ်စောင့်တာ အရမ်းကို ဝမ်းသာစရာပါပဲ။ ဖြိုးပြည့်စုံလည်း ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းခရီးမှာ ခလုတ်ကသင်း အတားအဆီးတွေမရှိပဲ အောင်မြင်မှုတွေ အဓွန့်ရှည်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *