Loading...
ဒီနှစ် သီတင်းကျွတ်ကတော့ မျက်စေ့ စွံပြီဆိုတဲ့ ဘစိုင်း
18-47-29-1-157-800x445.jpg
[Unicode]
အနုပညာလောကမှာ နှစ်ပေါင်းများစွာ အောင်မြင်မှုအပောင်း သရဖူဆောင်းထားတဲ့ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် က တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို တစ်ခဲနက် ရရှိထားပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် တေးသီချင်းခွေများစွာနဲ့ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားတွေ များစွာကို ထုတ်လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က လက်ရှိ အသက်(၄၀) ကျော်သွားတဲ့တိုင် အနုပညာလုပ်ငန်းတွေကို အားတက်သရော လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
Loading...
သိပ်မကြာခင်ကာလမှာ သီတင်းကျွတ်တော့မှာမို့ ပရိသတ်တွေက လူပျိုကြီး စိုင်းစိုင်းခမ်းလှိုင်တစ်ယောက် ဘာအစီအစဉ်တွေများရှိမလဲလို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေက စိုင်းစိုင်းတစ်ယောက် ဒီနှစ်ဝါကျွတ်မှာ စွံတော့မှာလားဆိုပြီး မေးခဲ့တာ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ သီတင်းကျွတ်အစီအစဉ်မှာ စွံဖို့က မျက်စိစွံစရာပဲရှိတယ်လို့ အရွျှန်းဖောက်ပြီး ပြောထားးတာကြောင့် ပရိသတ်တွေခမျာ သဘောကျခဲ့ရတာ ဖြစ်ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က အခုဆိုရင် အသက် (၄၀) ကျော်အရွယ်ကို ရောက်ရှိနေတာဖြစ်ပြီး ရည်းစားတောင်မရှိတဲ့ တစ်ကိုယ်တည်း လူပျိုကြီးတစ်ယောက်အဖြစ် အနုပညာလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။စိုင်းစိုင်းခမ်းလှိုင်တစ်ယောက်ကတော့ ဘယ်အချိန်မှာများ အိမ်ထောင် ပြုမှာလဲဆိုပြီး ပရိသတ်တွေက စောင့်မျှော်နေကြတာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Credit.
Loading...
[Zawgyi]
Credit.
Leave a Reply
Your email address will not be published. Required fields are marked *
scroll to top