Loading...

ခင်ပွန်းကို လွမ်းလွန်းလို့ စိတ်မကောင်းဖြစ်နေတဲ့ ရွှေမှုံရတီ

18-39-39-smmmmmmmcv-2-678x381.jpg

[Unicode]
ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ နိုင်ငံကျော် အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံကတော့ စစ်မှန်တဲ့ အချစ်စစ်ကြောင့် ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးတစ်ခုကို နှစ်ကိုယ်တူ ပုံဖော်နေကြတာပါ။ လတ်တလောမှာတော့ ရွှေထူးက အလုပ်ကိစ္စနဲ့ ခရီးထွက်နေရတာကြောင့် ရွှေမှုံတစ်ယောက် ဝမ်းနည်းနေတာ တွေ့ရပါတယ်။ ခင်ပွန်းကို လွမ်းလွန်းလို့ ကလေးတစ်ယောက်လို ချွဲနေတဲ့ ရွှေမှုံလေးကတော့ ခင်ပွန်းကို အရမ်းချစ်တတ်လွန်းတဲ့ ချစ်စရာကောင်မလေးပါပဲနော်။

Loading...

ချစ်ပရိသတ်တွေအတွက် ခင်ပွန်းကို လွမ်းလွန်းလို့ ဝမ်းနည်းနေတဲ့အကြောင်း ထုတ်ပြောလာတဲ့ ရွှေမှုံရတီရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ရွှေမှုံလေးကတော့ “လွမ်း” ဆိုပြီး ခင်ပွန်းနဲ့ အတူရိုက်ကူးထားတဲ့ ပုံလေးနဲ့အတူ သတိရနေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ အဆိုပါ ပိုစ့်အောက်မှာတော့ ရွှေထူးကလည်း “လွမ်းနေပြီလား မိန်းမ” ဆိုပြီး အလွမ်းသည်ထားပါသေးတယ်။ တစ်ဦးနဲ့တစ်ဦး မျက်စိအောက်က အပျောက်မခံနိုင်လောက်အောင် ချစ်တတ်လွန်းတဲ့ စုံတွဲလေးပါပဲနော်။


မင်းသမီးချောလေးရွှေမှုံရတီနဲ့ ရွှေထူးတို့ ဇနီးမောင်နှံကတော့ လတ်တလောမှာလည်း ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ ဇနီးမောင်နှံနှစ်ယောက်လုံးက အနုပညာလောကမှာ အောင်မြင်မှုတွေ ပိုပိုတိုးပြီး ရရှိနေပြီး သီချင်းတွေလည်း အတူလုပ်သွားကြဖို့ ရှိတယ်လို့ သိရပါတယ်။ချစ်ပရိသတ်တွေလည်း ခင်ပွန်းကို အရမ်းချွဲတတ်လွန်းတဲ့ ရွှေမှုံလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
CRD-Momolay

Loading...

[Zawgyi]



CRD-Momolay

Leave a Reply

Your email address will not be published. Required fields are marked *

scroll to top