Loading...

ဝင်းနဲ့ဇော်လ့တ်မြောက်ဖို့ ထိုင်းရှေ့နေကောင်စီနဲ့ မြန်မာသံအမတ်တို့ တွေ့ကျပြီ။အားလုံးသိအောင် ရှယ် ပေးပါဗျ

09-07-34-5-144-800x445.jpg

[Unicode]
မြန်မာလုပ်သား နှစ်ဦးအတွက် နောက်ဆုံး မျှော်လင့်ချက်ဖြစ်သော ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွင်းရေး ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက မြန်မာသံအမတ်ကြီးနှင့် အောက်တိုဘာ ၈ရက်တွင် တွေ့ဆုံဆွေး နွေးခဲ့သည်။တို့အတွက် အသနားခံစာ တင်သွင်းရန် ဆောင်ရွက်ရမည့် ကိစ္စများနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှေ့နေများကောင်စီက ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ လာရောက်ပြီး မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Loading...

‘‘သူတို့က အသနားခံစာကိုရေးနေပြီလို့ ပြောတယ်။ အဓိကတော့ အချိန်မီတင်နိုင်ရေးအတွက် ဆွေးနွေးတာပေါ့။ ကျွန်တော်တို့ဘက်ကလည်း ဘာတွေလုပ်ပေးရ မလဲဆိုတာ ပြောတာပေါ့’’ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးမျိုးမြင့်နိုင်က ပြောသည်။စက်တင်ဘာ ၅ ရက်ကလည်း ထိုင်းနိုင်ငံရှေ့နေများကောင်စီနှင့် သွားရောက်မတွေ့ ဆုံမီ မြန်မာသံအမတ်ကြီးက ဘန်ခွမ်အကျဉ်းထောင်သို့ သွားရောက်၍ မြန်မာလုပ်သား နှစ်ဦးအား ထောင်ဝင်စာ တွေ့ဆုံခဲ့သည်။လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ကျ မြန်မာလုပ်သား နှစ်ဦး၏ နောက်ဆုံးအယူခံကို သြဂုတ်၂၉ ရက်က ဘန်ကောက်မြို့ရှိ နွန်ထဘူရီခရိုင် တရားရုံးတွင် အမိန့်ချရာ အယူခံရှုံံးနိမ့်ပြီး သေဒဏ်ကို ဆက်လက်အတည်ပြုခဲ့သည်။ထို့ကြောင့် နောက်ဆုံး မျှော်လင့်ချက်ဖြစ်သော ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာကို ရက်ပေါင်း ၆၀ အတွင်း တင်သွင်းရမည် ဖြစ်ပြီး အောက်တိုဘာ ၂၈ ရက် နောက်ဆုံးဖြစ်သည်။


မြန်မာလုပ်သားနှစ်ဦး သေဒဏ်မှ လွတ်မြောက်လာရေး မြန်မာအစိုးရအနေဖြင့် ထိုင်းအစိုးရနှင့် အချင်းချင်းညှိနှိုင်း၍ ကြိုးစားပေးစေလိုကြောင်း ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက ပြောသည်။ထိုင်းနိုင်ငံတွင် ဖြစ်ပွားသော လိပ်ကျွန်းလူသတ်မှု၊ ရနောင်းလူသတ်မှုတို့နှင့်ပတ်သက်၍ မြန်မာလုပ်သားများ၏ အကျိုးဆောင်ရွက်ပေးခဲ့သော ထိုင်းနိုင်ငံရှေ့နေများကောင်စီမှ ရှေ့နေအဖွဲ့ဝင်များက စက်တင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ LOTTE ဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
Credit.

Loading...

[Zawgyi]
ျမန္မာလုပ္သား ႏွစ္ဦးအတြက္ ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္ျဖစ္ေသာ ထိုင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္သြင္းေရး ထိုင္းနိုင္ငံေရွ႕ေနမ်ား ေကာင္စီက ျမန္မာသံအမတ္ႀကီးႏွင့္ ေအာက္တိုဘာ ၈ရက္တြင္ ေတြ႕ဆုံေဆြး ေႏြးခဲ့သည္။တို႔အတြက္ အသနားခံစာ တင္သြင္းရန္ ေဆာင္႐ြက္ရမည့္ ကိစၥမ်ားႏွင့္ပတ္သက္၍ ထိုင္းနိုင္ငံေရွ႕ေနမ်ားေကာင္စီက ဘန္ေကာက္ၿမိဳ႕ရွိ ျမန္မာသံ႐ုံးသို႔ လာေရာက္ၿပီး ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း ဦးေဆာင္ေသာ အဖြဲ႕ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့သည္။

‘‘သူတို႔က အသနားခံစာကိုေရးေနၿပီလို႔ ေျပာတယ္။ အဓိကေတာ့ အခ်ိန္မီတင္နိုင္ေရးအတြက္ ေဆြးေႏြးတာေပါ့။ ကြၽန္ေတာ္တို႔ဘက္ကလည္း ဘာေတြလုပ္ေပးရ မလဲဆိုတာ ေျပာတာေပါ့’’ဟု ထိုင္းနိုင္ငံဆိုင္ရာ ျမန္မာအလုပ္သမား သံအရာရွိ ဦးမ်ိဳးျမင့္နိုင္က ေျပာသည္။စက္တင္ဘာ ၅ ရက္ကလည္း ထိုင္းနိုင္ငံေရွ႕ေနမ်ားေကာင္စီႏွင့္ သြားေရာက္မေတြ႕ ဆုံမီ ျမန္မာသံအမတ္ႀကီးက ဘန္ခြမ္အက်ဥ္းေထာင္သို႔ သြားေရာက္၍ ျမန္မာလုပ္သား ႏွစ္ဦးအား ေထာင္ဝင္စာ ေတြ႕ဆုံခဲ့သည္။လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္က် ျမန္မာလုပ္သား ႏွစ္ဦး၏ ေနာက္ဆုံးအယူခံကို ၾသဂုတ္၂၉ ရက္က ဘန္ေကာက္ၿမိဳ႕ရွိ ႏြန္ထဘူရီခရိုင္ တရား႐ုံးတြင္ အမိန႔္ခ်ရာ အယူခံရႈံံးနိမ့္ၿပီး ေသဒဏ္ကို ဆက္လက္အတည္ျပဳခဲ့သည္။ထို႔ေၾကာင့္ ေနာက္ဆုံး ေမွ်ာ္လင့္ခ်က္ျဖစ္ေသာ ထိုင္းဘုရင္မင္းျမတ္ထံ အသနားခံစာကို ရက္ေပါင္း ၆၀ အတြင္း တင္သြင္းရမည္ ျဖစ္ၿပီး ေအာက္တိုဘာ ၂၈ ရက္ ေနာက္ဆုံးျဖစ္သည္။


ျမန္မာလုပ္သားႏွစ္ဦး ေသဒဏ္မွ လြတ္ေျမာက္လာေရး ျမန္မာအစိုးရအေနျဖင့္ ထိုင္းအစိုးရႏွင့္ အခ်င္းခ်င္းညွိႏွိုင္း၍ ႀကိဳးစားေပးေစလိုေၾကာင္း ထိုင္းနိုင္ငံေရွ႕ေနမ်ား ေကာင္စီက ေျပာသည္။ထိုင္းနိုင္ငံတြင္ ျဖစ္ပြားေသာ လိပ္ကြၽန္းလူသတ္မႈ၊ ရေနာင္းလူသတ္မႈတို႔ႏွင့္ပတ္သက္၍ ျမန္မာလုပ္သားမ်ား၏ အက်ိဳးေဆာင္႐ြက္ေပးခဲ့ေသာ ထိုင္းနိုင္ငံေရွ႕ေနမ်ားေကာင္စီမွ ေရွ႕ေနအဖြဲ႕ဝင္မ်ားက စက္တင္ဘာ ၂၃ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ LOTTE ဟိုတယ္၌ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့သည္။
Credit.

Leave a Reply

Your email address will not be published. Required fields are marked *

scroll to top