အာရှအဆင့် ရွှေတံဆိပ် ရယူနိုင်ခဲ့သော ကာယကြံ့ခိုင်မှုမယ် မသဲဆုအား ဒေသခံများက ဂုဏ်ပြုပွဲဖြင့် ကြိုဆို

အာရှအဆင့် ရွှေတံဆိပ် ရယူနိုင်ခဲ့သော ကာယကြံ့ခိုင်မှုမယ် မသဲဆုအား ဒေသခံများက ဂုဏ်ပြုပွဲဖြင့် ကြိုဆို

၅၃ကြိမ်မြောက် အာရှ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု နှင့် ငွေတံဆိပ်တစ်ခု ရယူဆွတ်ခူးနိုင်ခဲ့သော မသဲဆုအား ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ ဒေသခံ တာဝန်ရှိသူများ နှင့် ပရိသတ်များကဂုဏ်ပြုပွဲဖြင့် ကြိုဆိုခဲ့ကြသည်။စက်တင်ဘာ ၃၀ရက်မှ အောက်တိုဘာ ၂ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဘာတန်မြို့တွင် ကျင်းပခဲ့သော အာရှ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ၌ မသဲဆုက အမျိုးသမီး Junior Fitness Physique ပြိုင်ပွဲ၌ ရွှေတံဆိပ်နှင့် အမျိုးသမီး Junior Model Physique ပြိုင်ပွဲတွင် ငွေတံဆိပ် ဆု တို့ကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ညီမကို မနေ့က ရပ်ကွက် ဥက္ကဋ္ဌကိုယ်တိုင် အစီအစဉ်လုပ်ပေးထားပြီး ဒေသခံတွေက ကြိုဆိုခဲ့ကြ တာပေါ့နော်။ညီမက ပထမဆုံး အကြိမ်ဝင်ရောက် ယှဉ်ပြိုင်တဲ့ အာရှအဆင့် ပြိုင်ပွဲမှာ ရွှေတံဆိပ်နဲ့ ငွေတံဆိပ် ရယူနိုင်ခဲ့တာပါ။ နောက်ထပ် နိုင်ငံတကာပြိုင်ပွဲတွေပြိုင်ဖို့က မသေချာသေးဘူး။ ညီမက အခုဆယ်တန်းဆိုတော့ စာမေးပွဲကလည်း ဖြေရအုံးမယ်။ ဒါပေမယ့် တီချယ်တို့ကခေါ်မယ် ဆိုရင်တော့ ကမ္ဘာ့ပြိုင်ပွဲပဲ ရှိတော့တာပေါ့။ အခုလက်ရှိကတော့။ ကမ္ဘာ့ပြိုင်ပွဲကတော့ ကိုးရီးယားမှာ လုပ်မယ်လို့ ကြားတယ်။ ဒါပေမယ့် အဲ့ပြိုင်ပွဲအတွက် ဘယ်သူတွေကို ခေါ်မယ်ဆိုတာ မပြောတတ်သေးဘူး” ဟု မသဲဆုက ပြောသည်။

အသက် ၁၇နှစ်အရွယ်ရှိ မြန်မာ့လက်ရွေးစင် ကာယကြံခိုင်မှု အားကစားမယ် မသဲဆုသည် လက်ရှိတွင် နိုင်ငံတကာပြိုင်ပွဲ နှစ်ကြိမ်ဝင်ရောက် ယှဉ်ပြိုင်ထားပြီး ပထမဆုံးကြိမ် ယှဉ်ပြိုင်ခဲ့သော ၁၆ကြိမ်မြောက် အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု တစ်ခုကို ရယူနိုင်ခဲ့သည်။ ယင်းပြိုင်ပွဲ၌ ရွှေတံဆိပ် ရှိခဲ့သည့်အတွက် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာက ကျပ် ၁၀သိန်း ၊ အဖွဲ့ချုပ်မှ ရွှေတစ်ကျပ်သား နှင့် ငွေကျပ် ၅သိန်း ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *