ဘောလုံးအရမ်းကြိုက်ပြီး အဖေ့သွေးအပြည့်ပါတဲ့ သားလေး နဲ့ အတူ ဘောလုံးကစားပေးနေတဲ့ အောင်သူ

ဘောလုံးအရမ်းကြိုက်ပြီး အဖေ့သွေးအပြည့်ပါတဲ့ သားလေး နဲ့ အတူ ဘောလုံးကစားပေးနေတဲ့ အောင်သူ
မြန်မာ့ဘောလုံးလောကရဲ့ နာမည်ကြီး ဘောလုံးကစားသမားတစ်ဦးဖြစ်တဲ့ အောင်သူ ရဲ့ ဇနီးချောလေး သရုပ်ဆောင် ပိုးအိအိခန့် ဟာဆိုရင်ပရိသတ်တွေ ချစ်ရတဲ့ အနုပညာရှင်တစ်ဦးပါ။အောင်သူနဲ့ ပိုးအိအိခန့်တို့က ခုဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ သားလေး တစ်ဦးကိုလည်း ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့  ပရိသတ်ကြီးအတွက် အောင်သူ နဲ့ သားလေး ကိုကိုး တို့ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အောင်သူနဲ့ ပိုးအိအိခန့်တို့ က သားဦးလေးကို ဂျူလိုင် ၁၉ ဘန်ကောက်မှာ မွေးဖွားခဲ့ပြီး ပရိသတ်တွေကို သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သားဦးလေး ပုံရိပ်ကလေးတွေကို ချပြခဲ့ပါတယ်။ခုဆိုရင် သားလေး က ၆လသား အရွယ်ရောက်နေပြီပဲ ဖြစ်ပါတယ်။သားလေး ကိုကိုး က ဖခင် သွေးအပြည့်ပါပြီး ဘောလုံးကို အရမ်းကြိုက်တယ်လို့ သိရပါတယ်။ပိုးအိအိခန့် က သားလေးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေ အမြဲ ချပြလေ့ရှိပါတယ်။ဒီတစ်ခါမှာတော့ အဖေ နဲ့ အတူ ဘောလုံးဆော့ နေတဲ့ သားလေး တို့ရဲ့ ပုံလေးတွေကို ဖော်ပြရင်း ခုလိုဖော်ပြထားပါတယ်။အောင်သူ က ” သားက ညနေ ညနေဆို သိပ်မအားဘူးဗျ ဖေဖေနဲ့ training ဆင်းရသေးတယ် သားနဲ့တွေ့ချင်တဲ့ တီတီတို့ ဦးဦးတို့ ဖုန်းလေးကြိုဆက်ပီးမှ လာကြနော် ” ဆိုပြီး ပြောထားပါတယ်သရုပ်ဆောင် ပိုးအိအိခန့်ရဲ့ သားလေး ကိုကိုးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *