ယောကျာ်းဆန်ဆန် ဆံပင်စတိုင်လ်အသစ်လေးနဲ့ အရမ်းဂေါ်နေတဲ့ ဝတ်မှုံရွှေရည်

ယောကျာ်းဆန်ဆန် ဆံပင်စတိုင်လ်အသစ်လေးနဲ့ အရမ်းဂေါ်နေတဲ့ ဝတ်မှုံရွှေရည်
နိုင်ငံကျော် မင်းသမီးလေးတစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်က ရုပ်ရည်ချောမောရုံသာမက သူမရဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အသွေးကြောင့် ထင်ပေါ်သူလေး တစ်ယောက် ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က အကယ်ဒမီဆုကြီး (၂) ဆုကို ရရှိခဲ့ပြီး ဒီနှစ်အတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုရှင်အဖြစ် ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ အကယ်ဒမီဆုထက် သူမရဲ့ အနုပညာအရည်အချင်းကိုသာ ချပြချင်သူတစ်ယောက် ဖြစ်ပါတယ်။တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပရိသတ်တွေရရှိထားတဲ့ ဝတ်မှုံရွှေရည်က သူမရဲ့ ပရိသတ်တွေ အမြင်မရိုးသွားစေဖို့ အမြဲတမ်း ကြိုးစားနေသူလေး ဖြစ်ပါတယ်။ ဘယ်လို ပြောင်းလဲမှုမျိုးနဲ့မဆို လိုက်ဖက်လွန်းတဲ့ ဝတ်မှုံရွှေရည်ကို ပရိသတ်တွေက ဖက်ရှင်ကွင်းလို့တောင် တင်စားကြတာ ဖြစ်ပါတယ်။ဝတ်မှုံရွှေရည်က လက်ရှိမှာတော့ ဆံပင်အတိုညှပ်ထားတာဖြစ်ပြီး ပွဲတက်တွေမှာ သူမရဲ့ ဆံပင်ကို လှန်တင်ထားပြီး ယောကျာ်းလေးတစ်ယောက်ရဲ့ စတိုင်လ်လို ထားရှိထားတာကို တွေ့ရပါတယ်။ဝတ်မှုံရွှေရည်ကတော့ ဘယ်လိုစတိုင်မျိုးနဲ့မဆို လိုက်ဖက်လွန်းတာ သူမရဲ့ အားသာချက် တစ်ခုလိုတောင်ဖြစ်နေပါပြီ။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်တွေကို သဘောကျနေမယ် ထင်ပါတယ်။
ဝတ်မှုံရွှေရည်က လက်ရှိမှာ ပိုင်တံခွန်နဲ့အတူတူ “အိပ်မက်.. မြစ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုမှ ကျေးဇူးအထူးတင်ရှိပါတယ်။
ေယာက်ာ္းဆန္ဆန္ ဆံပင္စတိုင္လ္အသစ္ေလးနဲ႔ အရမ္းေဂၚေနတဲ့ ဝတ္မႈံေ႐ႊရည္ႏိုင္ငံေက်ာ္ မင္းသမီးေလးတစ္လက္ျဖစ္တဲ့ ဝတ္မႈံေ႐ႊရည္က ႐ုပ္ရည္ေခ်ာေမာ႐ုံသာမက သူမရဲ႕ ေျပာင္ေျမာက္လွတဲ့ အႏုပညာအရည္အေသြးေၾကာင့္ ထင္ေပၚသူေလး တစ္ေယာက္ ျဖစ္ပါတယ္။ ဝတ္မႈံေ႐ႊရည္က အကယ္ဒမီဆုႀကီး (၂) ဆုကို ရရွိခဲ့ၿပီး ဒီႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုရွင္အျဖစ္ ေရပန္းစားေနတာ ျဖစ္ပါတယ္။ ဝတ္မႈံေ႐ႊရည္ကေတာ့ အကယ္ဒမီဆုထက္ သူမရဲ႕ အႏုပညာအရည္အခ်င္းကိုသာ ခ်ျပခ်င္သူတစ္ေယာက္ ျဖစ္ပါတယ္။တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ ပရိသတ္ေတြရရွိထားတဲ့ ဝတ္မႈံေ႐ႊရည္က သူမရဲ႕ ပရိသတ္ေတြ အျမင္မ႐ိုးသြားေစဖို႔ အၿမဲတမ္း ႀကိဳးစားေနသူေလး ျဖစ္ပါတယ္။ ဘယ္လို ေျပာင္းလဲမႈမ်ိဳးနဲ႔မဆို လိုက္ဖက္လြန္းတဲ့ ဝတ္မႈံေ႐ႊရည္ကို ပရိသတ္ေတြက ဖက္ရွင္ကြင္းလို႔ေတာင္ တင္စားၾကတာ ျဖစ္ပါတယ္။ဝတ္မႈံေ႐ႊရည္က လက္ရွိမွာေတာ့ ဆံပင္အတိုညႇပ္ထားတာျဖစ္ၿပီး ပြဲတက္ေတြမွာ သူမရဲ႕ ဆံပင္ကို လွန္တင္ထားၿပီး ေယာက်ာ္းေလးတစ္ေယာက္ရဲ႕ စတိုင္လ္လို ထားရွိထားတာကို ေတြ႕ရပါတယ္။ဝတ္မႈံေ႐ႊရည္ကေတာ့ ဘယ္လိုစတိုင္မ်ိဳးနဲ႔မဆို လိုက္ဖက္လြန္းတာ သူမရဲ႕ အားသာခ်က္ တစ္ခုလိုေတာင္ျဖစ္ေနပါၿပီ။ ပရိသတ္ႀကီးလည္း ဝတ္မႈံေ႐ႊရည္ရဲ႕ ပုံရိပ္ေတြကို သေဘာက်ေနမယ္ ထင္ပါတယ္။
ဝတ္မႈံေ႐ႊရည္က လက္ရွိမွာ ပိုင္တံခြန္နဲ႔အတူတူ “အိပ္မက္.. ျမစ္” ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ိုက္ကူးေနတာ ျဖစ္ပါတယ္။ အခ်ိန္ေပးၿပီး ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီးကိုမွ ေက်းဇူးအထူးတင္ရွိပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *