ပရိသတ်တွေတောင်းဆိုမှုကြောင့် ကျောင်းကအပြန် TikTok ဆော့ပြီးတင်ပေးတာပါဆိုတဲ့ သွန်းမြတ်ကြယ်စင်

Unicode
ပရိသတ်တွေတောင်းဆိုမှုကြောင့် ကျောင်းကအပြန် TikTok ဆော့ပြီးတင်ပေးတာပါဆိုတဲ့ သွန်းမြတ်ကြယ်စင်

အသက်ငယ်ဆုံးအလှမယ်လေး သွန်းမြတ်ကြယ်စင်ကတော့ ပရိသတ်တွေတောင်းဆိုမှုကြောင့် ကျောင်းကအပြန် TikTok ဆော့ပြီးတင်ပေးထားတဲ့အကြောင်းကို “TikTok လေးတွေ တင်ပေးပါ ဆိုလို့ ဒီနေ့ကျောင်းကအပြန် ဆော့ထားတာလေး ရှယ်ပေးလိုက်ပါတယ်ရှင့်” လို့ဆိုကာ သူ့ရဲ့ချစ်စဖွယ်သရုပ်ဆောင်ပီပြင်စွာ ဆော့ထားတဲ့ TikTok ဗီဒီယိုဖိုင်လေးကို သူရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်
သွန်းမြတ်ကြယ်စင်ဟာ Little Miss Supranational Myanmar သရဖူဆုကို အသက်( ၄) နှစ်အရွယ်လေးနဲ့ ဆွတ်ခူးရရှိထားတဲ့အပြင် ပရိသတ်တွေရဲ့ အချစ်ကို ပိုပိုရရှိနေတဲ့အချက်လေးကတော့ အသည်းယားစဖွယ် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူTikTok လေးတွေကို ဆော့လေ့ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ပရိသတ်တွေက ” မိုအာနာ “လေးလို့ ချစ်စနိုး ခေါ်လေ့ရှိကြပြီး ပရိသတ်တွေရဲ့ အသည်းကို လှုပ်ကိုင် ဆွဲဆောင်သိမ်းပိုက်ထားနိုင်တဲ့ သူလေးဟာ ရန်ကုန်မှာမွေးပြီး မန္တလေးမှာ နေထိုင်သူလေးဖြစ်ပါတယ်။
သူမ အသက်ကြီးလာရင်လည်း မော်ဒယ်သရုပ်ဆောင်လုပ်မှာလို့လည်း သိရပြီး အနုပညာပိုင်းမှာ အရွယ်နဲ့မလိုက်အောင်ထူးချွန်တဲ့ သွန်းမြတ်ကြယ်စင်လေးကတော့ “ကျွန်တော့်ရဲ့သူ ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ မိုးဟေကို တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့ပါသေးတယ်။
ပရိသတ်ကြီးရေ အသက်ငယ်ဆုံးအလှမယ်လေး သွန်းမြတ်ကြယ်စင်ကတော့ ငယ်ငယ်လေးနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိပြီး အရည်အချင်းရှိတဲ့ ကလေးသရုပ်ဆောင်လေး လို့ဆိုရမှာပါ။ လက်ရှိမှာတော့ ပရိသတ်တွေတောင်းဆိုမှုကြောင့် ကျောင်းကအပြန် TikTok ဆော့ပြီးတင်ပေးထားတဲ့ ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

[Zawgyi]
ပရိသတ္ေတြေတာင္းဆိုမႈေၾကာင့္ ေက်ာင္းကအျပန္ TikTok ေဆာ့ၿပီးတင္ေပးတာပါဆိုတဲ့ သြန္းျမတ္ၾကယ္စင္

အသက္ငယ္ဆုံးအလွမယ္ေလး သြန္းျမတ္ၾကယ္စင္ကေတာ့ ပရိသတ္ေတြေတာင္းဆိုမႈေၾကာင့္ ေက်ာင္းကအျပန္ TikTok ေဆာ့ၿပီးတင္ေပးထားတဲ့အေၾကာင္းကို “TikTok ေလးေတြ တင္ေပးပါ ဆိုလို႔ ဒီေန႔ေက်ာင္းကအျပန္ ေဆာ့ထားတာေလး ရွယ္ေပးလိုက္ပါတယ္ရွင့္” လို႔ဆိုကာ သူ႔ရဲ႕ခ်စ္စဖြယ္သ႐ုပ္ေဆာင္ပီျပင္စြာ ေဆာ့ထားတဲ့ TikTok ဗီဒီယိုဖိုင္ေလးကို သူရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္
သြန္းျမတ္ၾကယ္စင္ဟာ Little Miss Supranational Myanmar သရဖူဆုကို အသက္( ၄) ႏွစ္အ႐ြယ္ေလးနဲ႔ ဆြတ္ခူးရရွိထားတဲ့အျပင္ ပရိသတ္ေတြရဲ႕ အခ်စ္ကို ပိုပိုရရွိေနတဲ့အခ်က္ေလးကေတာ့ အသည္းယားစဖြယ္ ခ်စ္စရာေကာင္းတဲ့ ပုံရိပ္ေလးေတြနဲ႔အတူTikTok ေလးေတြကို ေဆာ့ေလ့ရွိတာေၾကာင့္ပဲ ျဖစ္ပါတယ္။ပရိသတ္ေတြက ” မိုအာနာ “ေလးလို႔ ခ်စ္စႏိုး ေခၚေလ့ရွိၾကၿပီး ပရိသတ္ေတြရဲ႕ အသည္းကို လႈပ္ကိုင္ ဆြဲေဆာင္သိမ္းပိုက္ထားႏိုင္တဲ့ သူေလးဟာ ရန္ကုန္မွာေမြးၿပီး မႏၲေလးမွာ ေနထိုင္သူေလးျဖစ္ပါတယ္။
သူမ အသက္ႀကီးလာရင္လည္း ေမာ္ဒယ္သ႐ုပ္ေဆာင္လုပ္မွာလို႔လည္း သိရၿပီး အႏုပညာပိုင္းမွာ အ႐ြယ္နဲ႔မလိုက္ေအာင္ထူးခြၽန္တဲ့ သြန္းျမတ္ၾကယ္စင္ေလးကေတာ့ “ကြၽန္ေတာ့္ရဲ႕သူ ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ေနတိုး၊ မိုးေဟကို တို႔ႏွင့္အတူ ပါဝင္သ႐ုပ္ေဆာင္႐ိုက္ကူးခဲ့ပါေသးတယ္။
ပရိသတ္ႀကီးေရ အသက္ငယ္ဆုံးအလွမယ္ေလး သြန္းျမတ္ၾကယ္စင္ကေတာ့ ငယ္ငယ္ေလးနဲ႔ ေအာင္ျမင္မႈလမ္းေၾကာင္းေပၚေရာက္ရွိၿပီး အရည္အခ်င္းရွိတဲ့ ကေလးသ႐ုပ္ေဆာင္ေလး လို႔ဆိုရမွာပါ။ လက္ရွိမွာေတာ့ ပရိသတ္ေတြေတာင္းဆိုမႈေၾကာင့္ ေက်ာင္းကအျပန္ TikTok ေဆာ့ၿပီးတင္ေပးထားတဲ့ ဗီဒီယိုေလးကို မွ်ေဝေပးလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *