သမီးကြီး နေမကောင်းဖြစ်နေချိန် သမီးငယ်လေးအခြေနေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ အံ့မင်းညို

သမီးကြီး နေမကောင်းဖြစ်နေချိန် သမီးငယ်လေးအခြေနေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ အံ့မင်းညို
အံ့မင်းညို ရဲ့ သရုပ်ဆောင်မှုတွေကိုတော့ မြန်မာဇာတ်ကားတော်တော်များများမှာ ပရိသတ်တွေ မြင်တွေ့ဖူးကြမှာပါ။ အရံမင်းသားတစ်ယောက်အဖြစ်သာ
သရုပ်ဆောင်ခွင့်ရရှိခဲ့ပေမယ့် ကျရာဇာတ်ရုပ်နေရာမှာ သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။မြန်မာဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးမှုလျော့ပါးသွားချိန်မှာအနုပညာရှင်အတော်များများ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ရှာဖွေလုပ်ကိုင်ကြရပါတော့တယ်။ သရုပ်ဆောင် အံ့မင်းညိုကတော့ မိသားစုဘဝရပ်တည်ဖို့ အာလူးကြော်ထုတ်ရောင်းပြီးအသက်မွေးဝမ်းကြောင်း ပြုနေခဲ့တာဖြစ်ပါတယ်။အံ့မင်းညိုဟာ ယခုလက်ရှိအချိန်မှာ သမီးလေး နှစ်ဦး ပိုင်ဆိုင်ရရှိထားပြီးတော့ သမီးကြီးလေးက မွေးရာပါ နှလုံးအပေါက်ပါလာခဲ့တဲ့အကြောင်းကိုမီဒီယာအင်တာဗျူးတွေမှာ စိတ်မကောင်းစွာ ဖြေဆိုခဲ့ပါသေးတယ်။ အဆိုတော် လင်းလင်းတို့ မိသားစု၊ ပရဟိတမင်းသမီး ခိုင်နှင်းဝေ တို့ကလည်း သမီးကြီးလေးကို ခွဲစိတ်ကုသပေးဖို့ ကြိုးစားခဲ့ကြပေမယ့်ခွဲစိတ်ကုသဖို့ အခြေအနေ မပေးခဲ့ပါဘူး။မကြာခဏဆိုသလို သမီးဖြစ်သူ ကျန်းမာရေးအခြေအနေ မသက်သာတာကြောင့် ဆေးရှုရှုနေရတဲ့ အကြောင်းကိုလည်း သူ့ရဲ့အကောင့်မှာ မျှဝေပြောပြလေ့ရှိတာတွေ့ရပါတယ်။ယခုလည်း သမီးကြီး နေမကောင်းဖြစ်နေတဲ့အချိန်မှာ သမီးငယ်လေးကလည်း အောက်ဆီဂျင်ရှုမှ အသက်ရှုဝတဲ့ အခြေအနေဖြစ်နေတဲ့အတွက် စိတ်မကောင်းဖြစ်နေကြောင်း သိရှိရပါတယ်။သားသမီးတွေ နာမကျန်းဖြစ်နေချိန်ဟာ မိဘတွေအတွက် ပူလောင်လွန်းလှတဲ့အခိုက်အတန့်တစ်ခုပဲဖြစ်ပါတယ်။ ဒီအခိုက်အတန့်လေးကိုအလျင်အမြန်ကျော်လွှားနိုင်ပြီးကျန်းမာချမ်းသာတဲ့ မိသားစုဘဝလေးကို အမြန်ဆုံးရနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
သမီးႀကီး ေနမေကာင္းျဖစ္ေနခ်ိန္ သမီးငယ္ေလးအေျခေနေၾကာင့္ စိတ္မေကာင္းျဖစ္ေနတဲ့ အံ့မင္းညိဳ
အံ့မင္းညိဳ ရဲ႕ သ႐ုပ္ေဆာင္မႈေတြကိုေတာ့ ျမန္မာဇာတ္ကားေတာ္ေတာ္မ်ားမ်ားမွာ ပရိသတ္ေတြ ျမင္ေတြ႕ဖူးၾကမွာပါ။ အရံမင္းသားတစ္ေယာက္အျဖစ္သာ
သ႐ုပ္ေဆာင္ခြင့္ရရွိခဲ့ေပမယ့္ က်ရာဇာတ္႐ုပ္ေနရာမွာ သဘာဝက်က် သ႐ုပ္ေဆာင္ႏိုင္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ျမန္မာဗီဒီယိုဇာတ္ကားေတြ ႐ိုက္ကူးမႈေလ်ာ့ပါးသြားခ်ိန္မွာအႏုပညာရွင္အေတာ္မ်ားမ်ား အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းမ်ားကို ရွာေဖြလုပ္ကိုင္ၾကရပါေတာ့တယ္။ သ႐ုပ္ေဆာင္ အံ့မင္းညိဳကေတာ့ မိသားစုဘဝရပ္တည္ဖို႔ အာလူးေၾကာ္ထုတ္ေရာင္းၿပီးအသက္ေမြးဝမ္းေၾကာင္း ျပဳေနခဲ့တာျဖစ္ပါတယ္။အံ့မင္းညိဳဟာ ယခုလက္ရွိအခ်ိန္မွာ သမီးေလး ႏွစ္ဦး ပိုင္ဆိုင္ရရွိထားၿပီးေတာ့ သမီးႀကီးေလးက ေမြးရာပါ ႏွလုံးအေပါက္ပါလာခဲ့တဲ့အေၾကာင္းကိုမီဒီယာအင္တာဗ်ဴးေတြမွာ စိတ္မေကာင္းစြာ ေျဖဆိုခဲ့ပါေသးတယ္။ အဆိုေတာ္ လင္းလင္းတို႔ မိသားစု၊ ပရဟိတမင္းသမီး ခိုင္ႏွင္းေဝ တို႔ကလည္း သမီးႀကီးေလးကို ခြဲစိတ္ကုသေပးဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္ခြဲစိတ္ကုသဖို႔ အေျခအေန မေပးခဲ့ပါဘူး။မၾကာခဏဆိုသလို သမီးျဖစ္သူ က်န္းမာေရးအေျခအေန မသက္သာတာေၾကာင့္ ေဆးရႈရႈေနရတဲ့ အေၾကာင္းကိုလည္း သူ႔ရဲ႕အေကာင့္မွာ မွ်ေဝေျပာျပေလ့ရွိတာေတြ႕ရပါတယ္။ယခုလည္း သမီးႀကီး ေနမေကာင္းျဖစ္ေနတဲ့အခ်ိန္မွာ သမီးငယ္ေလးကလည္း ေအာက္ဆီဂ်င္ရႈမွ အသက္ရႈဝတဲ့ အေျခအေနျဖစ္ေနတဲ့အတြက္ စိတ္မေကာင္းျဖစ္ေနေၾကာင္း သိရွိရပါတယ္။သားသမီးေတြ နာမက်န္းျဖစ္ေနခ်ိန္ဟာ မိဘေတြအတြက္ ပူေလာင္လြန္းလွတဲ့အခိုက္အတန႔္တစ္ခုပဲျဖစ္ပါတယ္။ ဒီအခိုက္အတန႔္ေလးကိုအလ်င္အျမန္ေက်ာ္လႊားႏိုင္ၿပီးက်န္းမာခ်မ္းသာတဲ့ မိသားစုဘဝေလးကို အျမန္ဆုံးရႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *