ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ မင်းသားလပြည့်ရဲ့ မာတာမိခင်ကြီး

Unicode
ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ မင်းသားလပြည့်ရဲ့ မာတာမိခင်ကြီး

ရုပ်သံဇာတ်လမ်းတွဲမင်းသားချော လပြည့်ကတော့ မွေးသမိခင်ကျေးဇူးရှင် အမေဖြစ်သူကွယ်လွန်သွားတဲ့အကြောင်းကို “ဘုရား/ကျောင်း/သိမ်/ရဟန်းဒါယိကာမကြီး ကျွန်တော်တို့ မိခင်ကြီးဒေါ်လှလှဝင်း (၆၄)နှစ်သည် ယနေ့မနက်(၅:၀၀)နာရီ တွင်ကွယ်လွန်အနိစ္စ ရောက်ရှိသွားပါသဖြင့် မနက်ဖြန်ညနေ(၃)နာရီအချိန်တွင် နေအိမ်မှစတင်ထွက်ခွာပြီး ညနေ(၄)နာရီတွင်ရေဝေးသုသာန်သို့ပို့ဆောင် မီးသဂြိုလ်မည်ဖြစ်ပါသောကြောင့် သံဝေဂတရားပွားများနိုင်ရန် ဖိတ်ကြားအပ်ပါသည်” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

မင်းသားချော လပြည့်ရဲ့မိခင်ဖြစ်သူဟာ ကျောက်ကပ်ရောဂါဝေဒနာကို ခံစားနေခဲ့ရတာဖြစ်ပါတယ်။ မင်းသားလပြည့်ဟာ(၁၉)ရက်နေ့မှာ မြဝတီမြို့တွင်ကျင်းပြုလုပ်တဲ့ ပွဲတစ်ခုတက်ရောက်ရန် သွားနေရင်း မိခင်ဖြစ်သူဟာအခြေအနေစိုးရိမ်ရသဖြင့် လမ်းခုလပ်ကနေပြန်ခဲ့ရတဲ့အကြောင်းကို “ကျနော်အမေ အသည်းသန်ပြန်ဖြစ်လို့ မြဝတီလာနေရင်း ရန်ကုန်ပြန်ရပါတယ် မြဝတီကိုမလာဖြစ်လို့ဖိတ်ကြားတဲ့ နန်းစံသူပိုးထည်မှအကိုရော ပရိသတ်တွေကော တောင်းပန်ပါတယ် အမေ့အတွက် ဆုတောင်းပေးကြပါဦး” လို့ ဇန်နဝါရီလ(၁၈)ရက်နေ့မှာ တောင်းဆိုခဲ့ပါသေးတယ်
ပရိသတ်ကြီးရေ မင်းသားချောလပြည့်တစ်ယောက်ကတော့ မွေးသမိခင်ကျေးဇူးရှင် အမေဖြစ်သူကို ဆုံးရှုံးရလိုက်တာ သူ့ရင်ထဲမှာ ဘယ်လောက်တောင်ကြေကွဲဝမ်းနည်းနေမလဲ။ သို့ပေမယ့် ရုပ်သံဇာတ်လမ်းတွဲမင်းသားချော လပြည့်ကတော့ မွေးသမိခင်ကျေးဇူးရှင် အမေဖြစ်သူကွယ်လွန်သွားတဲ့အချိန်အထိ ဘေးနားမှာပြုစုခွင့်ရရှိခဲ့ပါသေးတယ်နော်။

[Zawgyi]



Leave a Reply

Your email address will not be published. Required fields are marked *