အသက်ကြီးမှ လှချင်နေကြတဲ့ မိန်းမတွေကို ဝေဖန်ကြတာနဲ့ပတ်သက်ပြီး ပြောသွားတဲ့ သန္တာလှိုင်

Unicode
အသက်ကြီးမှ လှချင်နေကြတဲ့ မိန်းမတွေကို ဝေဖန်ကြတာနဲ့ပတ်သက်ပြီး ပြောသွားတဲ့ သန္တာလှိုင်

ငယ်ရွယ်စဉ်တုန်းကထက် မလျော့သွားတဲ့အလှတွေနဲ့ ပိုလှလာတဲ့ The Model Academy ရဲ့ ဒိုင်လူကြီး မော်ဒယ်သန္တာလှိုင်ကိုတော့ ပရိသတ်တွေရင်းနှီးအကျွမ်းဝင်ပြီးသားဖြစ်မှာပါနော်…။ သူမရဲ့ အလှတရားတွေကို Fittness လုပ်ကာ ကျွမ်းကျင်တဲ့ မော်ဒယ်တစ်ယောက်လို့ ပြောရမှာပါကာ..။

တက်သစ်စမော်ဒယ်တွေကိုလည်း လက်တွဲခေါ်ဆောင်ပြီးအတော်ဆုံးမော်ဒယ်တွေဖြစ်အောင် Train ပေးနိုင်တဲ့ ဒိုင်လူကြီးကောင်းတစ်ဦးလည်းဖြစ်ပါတယ်..။သန္တာလှိုင်က တစ်ပတ်မှာ ရက်အနည်းငယ်အချိန်ပေးရုံနဲ့ လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြောင်း “ဒါက အစ်မက ညီမတို့မြင်နေလို့သာ လှတယ်လို့ထင်နေတာ ။
အစ်မစိတ်ထဲမှာကျတော့ ကိုယ့်ကိုယ်ကိုယ်အသိဆုံးပဲ ငါဒီထက် ကြပ်ကြပ်မတ်မတ်လေးပိုလုပ်လိုက်ရင် ဒီထက်အများကြီးရှေ့ပြေးပြီးတော့ ဒီထက်အများကြီး ကွက်ကွက်ကွင်းကွင်းနဲ့ တောင့်တင်းနေမယ်ဆိုတာကိုသိတယ်။ ဒါပေမယ့်လည်းပျင်းတော့ တစ်ပတ်မှာနှစ်ရက်သုံးရက် လောက်ပဲလုပ်သင့်တယ်။ တစ်ပတ်မှာ နှစ်ရက်သုံးရက်ပဲလုပ်တာတောင် ဒီလိုခန္ဓာကိုယ်ရထားတယ်ဆိုရင် ဒီထပ်ပိုပြီး ကြပ်ကြပ်မတ်မတ်နဲ့ ထူးအောင်တို့လိုလုပ်မယ်ဆိုရင် ခန္ဓာကိုယ်က ဘယ်လောက်တောင် တောင့်တင်းနေမလဲစဉ်းစားကြည့်ပါ။

တကယ်တော့ အစ်မလို ခန္ဓာကိုယ်မျိုးရဖို့က မခက်ခဲပါဘူး။ တစ်ပတ်မှာ အနည်းဆုံးနှစ်ရက်ကနေ သုံးရက်လောက် ကိုယ့်ကိုယ်ကိုယ်အချိန်ပေးနိုင်တယ်ဆိုရင် အစ်မရဲ့ သင်တန်းမှာသင်ပေးနေပါတယ်။လာခဲ့ပါ”လို့ ပြောထားပါတယ်။သန္တာလှိုင်က အသက်ကြီးကြီးအမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရင် လူတွေကနောက်လင်လိုချင်လားလို့ မေးကြတယ်လို့လည်း “အရင်တုန်းကဆိုရင် အိမ်ထောင်ကျပြီးတဲ့ အသက်ကြီးကြီးမိန်းမတွေ နည်းနည်းလေး အားကစားလုပ်ရင် ဘာကိစ္စလှချင်နေရတာလဲ နောက်လင်လိုချင်လို့လား အမေးခံရတယ်။ အခုက အဲဒါမျိုးမရှိတော့ပါဘူး။
လူငယ်တွေရော လူလတ်ပိုင်းတွေရော Gym သွားနေကြပြီ။ အစ်မစိတ်ပူတာက လူကြီးပိုင်းတွေ လူကြီးပိုင်းတွေက ဘာမှမလှုပ်မရှားပဲ ဒီတိုင်းပဲ ယိုယွင်းလာတယ်။ ခန္ဓာကိုယ်ဆိုတာ မထိန်းသိမ်းပဲထားရင် ပုပ်သိုးသွားမှာပဲ။ အပုပ်ကောင်ကို ရုပ်ဆောင်တယ်ဆိုတာ တကယ်မှန်ပါတယ်။ အသက်ကြီးသွားလို့ ပျက်စီးတာမဟုတ်ပါဘူ။ မလုပ်ပဲနဲ့ပစ်ထားတာကြာလို့ပျက်စီးတာပါ”လို့ ဖြေကြားထားပါတယ်။

[Zawgyi]
အသက္ႀကီးမွ လွခ်င္ေနၾကတဲ့ မိန္းမေတြကို ေဝဖန္ၾကတာနဲ႔ပတ္သက္ၿပီး ေျပာသြားတဲ့ သႏၲာလႈိင္

ငယ္႐ြယ္စဥ္တုန္းကထက္ မေလ်ာ့သြားတဲ့အလွေတြနဲ႔ ပိုလွလာတဲ့ The Model Academy ရဲ႕ ဒိုင္လူႀကီး ေမာ္ဒယ္သႏၲာလႈိင္ကိုေတာ့ ပရိသတ္ေတြရင္းႏွီးအကြၽမ္းဝင္ၿပီးသားျဖစ္မွာပါေနာ္…။ သူမရဲ႕ အလွတရားေတြကို Fittness လုပ္ကာ ကြၽမ္းက်င္တဲ့ ေမာ္ဒယ္တစ္ေယာက္လို႔ ေျပာရမွာပါကာ..။

တက္သစ္စေမာ္ဒယ္ေတြကိုလည္း လက္တြဲေခၚေဆာင္ၿပီးအေတာ္ဆုံးေမာ္ဒယ္ေတြျဖစ္ေအာင္ Train ေပးႏိုင္တဲ့ ဒိုင္လူႀကီးေကာင္းတစ္ဦးလည္းျဖစ္ပါတယ္..။သႏၲာလႈိင္က တစ္ပတ္မွာ ရက္အနည္းငယ္အခ်ိန္ေပး႐ုံနဲ႔ လွပတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ႏိုင္ေၾကာင္း “ဒါက အစ္မက ညီမတို႔ျမင္ေနလို႔သာ လွတယ္လို႔ထင္ေနတာ ။
အစ္မစိတ္ထဲမွာက်ေတာ့ ကိုယ့္ကိုယ္ကိုယ္အသိဆုံးပဲ ငါဒီထက္ ၾကပ္ၾကပ္မတ္မတ္ေလးပိုလုပ္လိုက္ရင္ ဒီထက္အမ်ားႀကီးေရွ႕ေျပးၿပီးေတာ့ ဒီထက္အမ်ားႀကီး ကြက္ကြက္ကြင္းကြင္းနဲ႔ ေတာင့္တင္းေနမယ္ဆိုတာကိုသိတယ္။ ဒါေပမယ့္လည္းပ်င္းေတာ့ တစ္ပတ္မွာႏွစ္ရက္သုံးရက္ ေလာက္ပဲလုပ္သင့္တယ္။ တစ္ပတ္မွာ ႏွစ္ရက္သုံးရက္ပဲလုပ္တာေတာင္ ဒီလိုခႏၶာကိုယ္ရထားတယ္ဆိုရင္ ဒီထပ္ပိုၿပီး ၾကပ္ၾကပ္မတ္မတ္နဲ႔ ထူးေအာင္တို႔လိုလုပ္မယ္ဆိုရင္ ခႏၶာကိုယ္က ဘယ္ေလာက္ေတာင္ ေတာင့္တင္းေနမလဲစဥ္းစားၾကည့္ပါ။

တကယ္ေတာ့ အစ္မလို ခႏၶာကိုယ္မ်ိဳးရဖို႔က မခက္ခဲပါဘူး။ တစ္ပတ္မွာ အနည္းဆုံးႏွစ္ရက္ကေန သုံးရက္ေလာက္ ကိုယ့္ကိုယ္ကိုယ္အခ်ိန္ေပးႏိုင္တယ္ဆိုရင္ အစ္မရဲ႕ သင္တန္းမွာသင္ေပးေနပါတယ္။လာခဲ့ပါ”လို႔ ေျပာထားပါတယ္။သႏၲာလႈိင္က အသက္ႀကီးႀကီးအမ်ိဳးသမီးေတြ ကိုယ့္ကိုယ္ကိုယ္ဂ႐ုစိုက္ရင္ လူေတြကေနာက္လင္လိုခ်င္လားလို႔ ေမးၾကတယ္လို႔လည္း “အရင္တုန္းကဆိုရင္ အိမ္ေထာင္က်ၿပီးတဲ့ အသက္ႀကီးႀကီးမိန္းမေတြ နည္းနည္းေလး အားကစားလုပ္ရင္ ဘာကိစၥလွခ်င္ေနရတာလဲ ေနာက္လင္လိုခ်င္လို႔လား အေမးခံရတယ္။ အခုက အဲဒါမ်ိဳးမရွိေတာ့ပါဘူး။
လူငယ္ေတြေရာ လူလတ္ပိုင္းေတြေရာ Gym သြားေနၾကၿပီ။ အစ္မစိတ္ပူတာက လူႀကီးပိုင္းေတြ လူႀကီးပိုင္းေတြက ဘာမွမလႈပ္မရွားပဲ ဒီတိုင္းပဲ ယိုယြင္းလာတယ္။ ခႏၶာကိုယ္ဆိုတာ မထိန္းသိမ္းပဲထားရင္ ပုပ္သိုးသြားမွာပဲ။ အပုပ္ေကာင္ကို ႐ုပ္ေဆာင္တယ္ဆိုတာ တကယ္မွန္ပါတယ္။ အသက္ႀကီးသြားလို႔ ပ်က္စီးတာမဟုတ္ပါဘူ။ မလုပ္ပဲနဲ႔ပစ္ထားတာၾကာလို႔ပ်က္စီးတာပါ”လို႔ ေျဖၾကားထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *