ကျောင်းပြင်ပ ပညာသင်ကြားနေကျတဲ့ ကလေးတွေအတွက် အမာခံပရိသတ်တွေနဲ့အတူ သွားရောက်လှူဒါန်းပေးခဲ့တဲ့ ခါရာ

Unicode
ကျောင်းပြင်ပ ပညာသင်ကြားနေကျတဲ့ ကလေးတွေအတွက် အမာခံပရိသတ်တွေနဲ့အတူ သွားရောက်လှူဒါန်းပေးခဲ့တဲ့ ခါရာ

နိုင်ငံခြားမင်းသားတစ်ယောက်လို စမတ်ကျပြီး ယောကျာ်းပီသတဲ့မျက်နှာကိုပိုင်ဆိုင်ထားသူကတော့ မင်းသားချောခါရာပဲဖြစ်ပါတယ်။ ခါရာကတော့ မော်လ်ဒယ်ပြိုင်ပွဲတွေမှာ ဆုရရှိထားပြီးနောက်မှာ ရုပ်ရှင်သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာသူတစ်ယောက်ပါ။ အမိုက်စားခန္ဓာကိုယ်နဲ့ မြင့်မားတဲ့အရပ်ကြောင့် မိန်းကလေးထုကြီးပါးစပ်ဖျားမှာ ရေပန်းစားသူတစ်ယောက်လည်း ဖြစ်ပါတယ်။
ခါရာဟာ ပထမဦးဆုံး ဇာတ်ဆောင်မင်းသားအနေနဲ့ “မျက်နှာပြင်များ” ဇာတ်ကားကိုရိုက်ကူးခဲ့တာဖြစ်ပြီး ထုတ်လွှင့်ပြသခဲ့တဲ့ “လိပ်ပြာ-အမှန်တရားရဲ့ဓားတစ်လက်” ဇာတ်လမ်းတွဲမှာလည်း ပန်းရောင်ခြယ်နဲ့အတူတူ တွဲဖက်သရုပ်ဆောင်ထားပါသေးတယ်။ရိုက်ကူးပြီးစီးသွားပြီဖြစ်တဲ့ “Love Equation” ဇာတ်ကားမှာလည်းပါဝင်ခဲ့ပြီး သရုပ်ဆောင်မြတ်နိုးအေးနဲ့အတူ “ရင်ခုန်သံ ခုနှစ်ဆယ့်လေးရက်” ဇာတ်လမ်းတွဲကြီးကိုလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ်။
မင်းသားချော ခါရာကတော့ အောင်မြင်မှုလမ်းကြောင်းပေါ်မှာလျှောက်လှမ်းနေတဲ့ Raising Star Awards ဆုရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။သူကတော့ သူ့ကိုအားပေးတဲ့အမာခံပရိသတ်လေးတွေကို Kharreans လေးတွေကိုအမြဲခေါ်လေ့ရှိပြီး ပရိသတ်တွေကိုအလေးအနက်ထားသူတစ်ယောက်ဖြစ်တာမို့ အလှူဒါနအတူတူလုပ်ဖို့လည်း အမြဲစဉ်းစားနေခဲ့သူတစ်ယောက်ပါ

ဒီနေ့မှာတော့ သူ့ရဲ့ဆန္ဒလေးပြည့်ဝသွားပြီလို့ဆိုရမှာပါ။ အမာခံပရိသတ်လေးတွေနဲ့အတူ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာသီရိဘုန်းကြီးကျောင်းမှာ ကျောင်းပြင်ပ ပညာရေးသင်ကြားနေတဲ့ကလေးတွေကို အလှူဒါနလေးသွားရောက်လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ရင်ထဲကမျှော်မှန်းထားတဲ့ ဆန္ဒလေးပြည့်သွားပြီး ပျော်ရွှင်နေတဲ့ခါရာရဲ့ ပုံရိပ်တစ်ချို့ကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

[Zawgyi]



Leave a Reply

Your email address will not be published. Required fields are marked *