“နာရေးကူညီမှုအသင်းကို အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်နှင့်Team Sai အဖွဲ့”

Loading...

“နာရေးကူညီမှုအသင်းကို အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်နှင့်Team Sai အဖွဲ့”

Loading...

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၈)ရက်နေ့က စိုင်းစိုင်းခမ်းလှိုင်နှင့် Team Sai အဖွဲ့သားများဟာ ဦးကျော်သူ ဥက္ကဌအနေနဲ့ တာဝန်ယူပြီး ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို အလှူငွေလာရောက်လှူဒါန်းခဲ့တဲ့ အကြောင်းကို ဦးကျော်သူက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားတာပဲဖြစ်ပါတယ်။ စိုင်းစိုင်းဟာ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုအရရှိဆုံး ထိပ်တန်းအနုပညာရှင်တစ်ယောက်လို့ ဆိုရလောက်အောင်လည်း ပရိသတ် အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

စိုင်းစိုင်းကို ချစ်ခင်ပြီးအားပေးကြတဲ့ ပရိသတ်တွေကတော့ စိုင်းစိုင်းရဲ့ မွေးနေ့တွေမှာတောင်မှ အလှူအတန်းတွေ ပြုလုပ်ပေးကြတဲ့အထိကို ချစ်ခင်ကြတာလည်း ဖြစ်ပါတယ်။စိုင်းစိုင်းကိုယ်တိုင်ကလည်း အလှူအတန်းတွေကို လက်မနှေးဘဲ အမြဲလိုလို လှူဒါန်းနေလေ့ရှိတာဖြစ်ပြီး သူ့ရဲ့ ပရိသတ်တွေကလည်း အလှူအတန်းတွေကို အားကြိုးမာန်တက်နဲ့ လုပ်ဆောင်တတ်ကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။ စိုင်းစိုင်းနဲ့ သူ့ရဲ့ ပရိသတ်တွေပေါင်းပြီး အကူအညီလိုအပ်နေတဲ့ နေရာတွေကို အလှူအတန်းတွေသွားရောက်လုပ်ကိုင်တာတွေကလည်း မကြာခဏဆိုသလို တွေ့နေရတာလည်းဖြစ်ပါတယ်။

လတ်တလောမှာလည်း အလှူငွေ(၁,၂၂၀,၀၀၀) (တစ်ဆယ့်နှစ်သိန်း နှစ်သောင်း ကျပ်တိတိ)ကို ရန်ကုန်နာရေးကူညီမှုအသင်းကို သွားရာက်လှူဒါန်းခဲ့တာဖြစ်ပြီး နာရေးကူညီမှုအသင်းကြီးရဲ့ ပရဟိတလုပ်ငန်းများလုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်လှူဒါန်းခဲ့တာလို့လည်း သိရပါတယ်။CeleGabar ပရိသတ်သတ်ကြီးရေ စိုင်းစိုင်းနဲ့သူရဲ့ ပရိသတ်တွေလှူဒါန်းတဲ့ မွန်မြတ်လှသော အလှူလေးအတွက် သာဓုခေါ်သွားပေးပါဦးနော်။

ခရက်ဒစ် း ဆယ်လီကမ္ဘာ

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *