ဟင်္သာတမြိုနယ် တလုထ္ထော်တွင် ၁ နှစ်အရွယ်ခန့်ကလေးငယ်တစ်ဦးအားခိုးယူခေါ်ဆောင်သွားမူ့ဖြစ်စဉ် ခေါ်ယူသွားသူမှာ စိတ်ဝေဒနာရှင်ဟုခန့်မှန်း

Unicode
ဟင်္သာတမြိုနယ် တလုထ္ထော်တွင် ၁ နှစ်အရွယ်ခန့်ကလေးငယ်တစ်ဦးအားခိုးယူခေါ်ဆောင်သွားမူ့ဖြစ်စဉ် ခေါ်ယူသွားသူမှာ စိတ်ဝေဒနာရှင်ဟုခန့်မှန်း

တိုင်းဒေသကြီး ဟင်္သာတမြို့နယ် တလုထ္ထော်မြို့တွင် ၁နှစ်အရွယ်ခန့်ရှိမိန်းကလေးငယ်တစ်ဦးအား အမျိုးသမီးတစ်ဦးမှ ခိုးယူဆောင်မူ့ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တလုထ္ထော်မြို့ အမှတ်(၁)ရပ်ကွက် ချင်းကုန်းတွင် ယနေ့ ဒီဇင်ဘာ(၃)ရက် မနက်(၁၁း၀၀)နာရီကျော်ခန့်အချိန်တွင်မိခင်ဖြစ်သူ ဒေါ်ဝင့်ဝါဝါကျော်မှာဈေးဆိုင်၌ဈေးရောင်းနေစဉ်

၎င်း၏ (၁)နှစ်အရွယ်ခန့်ရှိသမီးဖြစ်သူ မသိမ့်မွေ့စံမှာ မရှိတော့သဖြင့်ရှာဖွေရာ အမျိုးသမီးတစ်ဦးမှကလေးအားချီ၍လမ်းမဘက်သို့ထွက်သွားသည်ကိုတွေ့ရှိသဖြင့်အော်ဟစ်အကူအညီတောင်းပြီးဝိုင်းဝန်းဖမ်းဆီးမိခဲ့သည်

အပိုင်နယ်မြေတလုထ္ထော်ရဲစခန်းမှတာဝန်ရှိသူများရောက်ရှိလာပြီး ကလေးငယ်အားခိုးယူဆောင်သွားသည့်အမျိုးသမီးကိုရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည် ၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ရဲစခန်းမှတာဝန်ရှိသူတစ်ဦးအားမေးမြန်းရာ ထိုအမျိုးသမီးမှာ စိတ်ဝေဒနာရှင်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူ းနှင့်တိုင်ပင်၍ ထိုကလေးခိုးယူဆောင်သွားသည့်အမျိုးသမီးအား ရန်ကုန်တိုင်းဒေသကြီးရွာသာကြီးရှိ စိတ်ကျန်းမာရေးဆေးရုံသို့ပို့ဆောင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည် ။

[Zawgyi]
ဟင်္သာတမြိုနယ် တလုထ္ထော်တွင် ၁ နှစ်အရွယ်ခန့်ကလေးငယ်တစ်ဦးအားခိုးယူခေါ်ဆောင်သွားမူ့ဖြစ်စဉ် ခေါ်ယူသွားသူမှာ စိတ်ဝေဒနာရှင်ဟုခန့်မှန်း





Leave a Reply

Your email address will not be published. Required fields are marked *