ဟော်လန်နိုင်ငံသားကတောင် လာကြည့်ဖို့စိတ်ဝင်စားသွားခဲ့ရတဲ့ (1014) ရုပ်ရှင်ဇာတ်ကားကြီး

ဟော်လန်နိုင်ငံသားကတောင် လာကြည့်ဖို့စိတ်ဝင်စားသွားခဲ့ရတဲ့ (1014) ရုပ်ရှင်ဇာတ်ကားကြီး

ကျော်သူဟာ သရုပ်ဆောင်နေရာမှာ ထူးချွန်ရုံသာမက ဒါရိုက်တာအဖြစ်လည်း ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ သရုပ်ဆောင်ကျော်သူအဖြစ် အကယ်ဒမီဆုရထားရုံသာမက ဒါရိုက်တာဆုပါရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ရုပ်ရှင်လောကနဲ့ နှစ်အတန်ကြာဝေးကွာပြီးနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကားကြီး တချို့မှာပြန်လည်ပါဝင်ရိုက်ကူးလာတာဖြစ်ပြီး ဒီ “1014” ဇာတ်ကားကြီးမှာလည်း ဒါရိုက်တာအဖြစ်နဲ့သာမက သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။

ကျော်သူဟာ ဒီဇာတ်ကားရိုက်ကူးဖို့အတွက် သူအရမ်းချစ်မြတ်နိုးရတဲ့ ဆံပင်အရှည်ကြီးကို ဖြတ်ခဲ့ရတာဖြစ်ပြီး သူ့အတွက်အရမ်းပင်ပန်းခဲ့ရတဲ့ဇာတ်ကားတစ်ခု လို့လည်းဆိုပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ မြန်မာနိုင်ငံရဲ့ သာသနာပြုမင်းတစ်ပါးဖြစ်တဲ့ အနော်ရထာမင်းမွေးတဲ့ (၁၀၁၄)ခုနှစ်မတိုင်ခင် ဖြစ်ပျက်ခဲ့တာတွေကို ရိုက်ကူးထားတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ဗုဒ္ဓသာသနာပေါ်ပေါက်လာပုံ တစ်ပိုင်းတစ်စကိုလည်း ဖော်ပြထားတာဖြစ်ပါတယ်။ ဒီ(၁၀၁၄) ဇာတ်ကားကြီးကိုတော့ (၁၉.၁၂.၂၀၁၉)မှာ မြန်မာတစ်ပြည်လုံး ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

ကျော်သူတို့ကတော့ လက်ရှိအချိန်မှာပုဂံမြေမှာ ရောက်ရှိနေကြတာဖြစ်ပြီး မနေ့ကမနက်ကတော့ မိုးပျံပူဖောင်းကြီးကိုစီးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာတော့ မိုးပျံပူဖောင်းမောင်းသူဟော်လန်နိုင်ငံသားကတော့ ဖေ့ဘွတ်ခ်မှာတင်ထားပြီဖြစ်တဲ့ “1014” ရုပ်ရှင်နမူနာကို မြင်တွေ့ပြီး ကျော်သူကို လာရောက်နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်စာတန်းထိုးပါက မြန်မာရာဇဝင်နဲ့ဗုဒ္ဓဘာသာကို စိတ်ဝင်စားတာကြောင့် ရုံစတင်မယ့် ဒီဇင်ဘာ(၁၉)ရက်နေ့မှာ ကျောက်ပန်းတောင်း(သို့)ပခုက္ကူရုပ်ရှင်ရုံမှာ သွားရောက်ကြည့်ှရှုမယ်လို့ ပြောကြားခဲ့တာကြောင့် ကျော်သူကတော့ ဝမ်းသာဂုဏ်ယူစွာနဲ့ ပရိသတ်တွေကို မျှဝေခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *