ချစ်သူလေးကို အချိန်တိုင်း သတိရ လွမ်းစွတ်နေတဲ့အကြောင်း ဖွဲ့နွဲ့ရေးလာတဲ့ ထွန်းထွန်း

ချစ်သူလေးကို အချိန်တိုင်း သတိရ လွမ်းစွတ်နေတဲ့အကြောင်း ဖွဲ့နွဲ့ရေးလာတဲ့ ထွန်းထွန်း

ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ထွန်းထွန်းကတော့ လတ်တလော ချောက်မြို့မှာရိုက်ကူးရေးလုပ်နေရတာဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်း ထွန်းထွန်းကတော့ သူ့ရဲ့ချစ်သူလေးဖြစ်တဲ့ ဒါရာကိုမျက်စိအောက်က ပျောက်မခံနိုင်အောင် အရမ်းချစ်နေတာလည်း ဖြစ်ပါတယ်။

မကြာခဏဆိုသလို My Day မှာသူ့ရဲ့အချစ်တွေ၊ အလွမ်းတွေကို ဖောက်သည်ချလေ့ရှိပြီး ပရိသတ်တွေကလည်း ထွန်းထွန်းတို့စုံတွဲရဲ့ အချစ်ရေးကို အားကျနေကြတာဖြစ်ပါတယ်။

ဘောလုံးအားကစားကို နှစ်သက်ခုံမင်တဲ့ ထွန်းထွန်းတစ်ယောက်ကတော့ မကြာသေးခင်ကမှ မန်ချက်စတာယူနိုက်တက်ရဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ ဖာဒီနန် မြန်မာနိုင်ငံကိုလာရောက်ရာမှာ ကိုယ်ကိုတိုင်ဘေးကနေ အင်တိုက်အားတိုက် ဝန်းရံကူညီခဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာလည်း ချောက်မြို့မှာရိုက်ကူးရေးသွားရောက်နေရတာ ဖြစ်ပါတယ်။

ရိုက်ကူးရေးတွေ ရက်ဆက်နေတဲ့ ထွန်းထွန်းတစ်ယောက်ကတော့ ချစ်သူလေးနဲ့ တွေ့ဖို့အချိန်မပေးနိုင်တော့တာဖြစ်ပြီး သူ့ရဲ့အလွမ်းတွေကို My Day မှာဖော်ပြခဲ့တာဖြစ်ပါတယ်။

ချစ်သူကောင်မလေးကို အနားမှာ ရှိနေရင်တောင် လွမ်းပါတယ်ဆိုတဲ့ ထွန်းထွန်းက အလုပ်ကိစ္စတွေနဲ့ မအားလပ်သူမို့ အမြဲတမ်းတော့ အချိန်မပေးနိုင်ပါဘူး။ ချစ်သူလေယာဉ်မယ်လေးကလည်း မအားလပ်သူမို့ လွမ်းရတဲ့ အကြောင်းရင်းတွေကို ထွန်းထွန်းက အမြဲရေးတင်လေ့ရှိပါတယ်။ ရိုးရိုးလွမ်းတာမဟုတ်ဘဲ ချစ်လွန်းလို့ လွမ်းရကြောင်းကိုတော့ ထွန်းထွန်းက ခုလို စာဖွဲ့ထားတာ ဖြစ်ပါတယ်။

“သူမကို တသသနဲ့ လွမ်းနေမိတာ ကျွန်တော် ခရီးတွေ ခဏခဏ ထွက်နေရလို့ မဟုတ်ပါဘူးဗျာ။ ချစ်လို့ကို သတိတရ အမြဲ ဖြစ်နေတာပါ” ဆိုပြီး ဖွဲ့နွဲ့ထားတာ ဖြစ်ပါတယ်။

အလန်းစားတော်ကီတွေနဲ့ အသေချုပ်တဲ့ ထွန်းထွန်းကတော့ အချစ်ရေးနဲ့ ပတ်သက်လာရင် အမြဲတမ်း ကံကောင်းနေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *