Benjamin Sum နဲ့ထွက်ပေါ်နေတဲ့ ကောလဟာလတွေကို မယုံဖို့ ပြောလာတဲ့ အေးမြဖြူ
BENJAMIN SUM နဲ့ထွက်ပေါ်နေတဲ့ ကောလဟာလတွေကို မယုံဖို့ ပြောလာတဲ့ အေးမြဖြူ
အေးမြဖြူလေးကိုတော့ ကလေးဘဝအရွယ်ထဲက မြန်မာသံစဉ်သီချင်းကြီးတွေကို သီဆိုနေသူအဖြစ် ပရိသတ်တွေရင်းနှီးပြီးသား ဖြစ်မှာပါ..။ မြန်မာသံစဉ်သီချင်း ပြိုင်ပွဲတိုင်းကိုလည်း သီဆိုယှဉ်ပြိုင်ပြီး ဆုတွေကို ရယူနိုင်သူလေးဘဲဖြစ်ပါတယ်နော်..။
အခုချိန်လက်ရှိမှာတော့ Myanmar Idol Season (4) အဆိုပြိုင်ပွဲကြီးမှာ ပါဝင်ယှဉ်ပြိုင်နေပြီး ယှဉ်ပြိုင်နေတဲ့ အဖွဲ့ဝင်များထဲမှာ အေးမြဖြူလေးကတော့ အသက်အငယ်ဆုံးလို့ဆိုရမှာပါ..။
(၁၆)နှစ်အရွယ်သာရှိပေမယ့် သူမရဲ့ သီဆိုနိုင်တဲ့အရည်အချင်းကတော့ တကယ့်ကို အံ့မခန်းကောင်းမွန်လွန်းလှပါတယ်.. … ။
အနုပညာလောကထဲရောက်ရင် ဝေဖန်မှုနဲ့မကင်းဘူးဆိုသလို ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် အနေနဲ့ အငယ်ဆုံးပြိုင်ပွဲဝင်လေး အေးမြဖြူအတွက် ပရိသတ်တွေရဲ့ ကောလဟာလ ဝေဖန်မှုတွေဟာ ကြုံလာခဲ့ရ့ပါပြီ … ။
Live တွေနဲ့ ကန့်အတွင်းမှာ Benjamin နားကိုအရမ်းကပ်တယ်လို့ Benjamin ဖန်တွေကလည်း ဝေဖန်ခဲ့ကြသလို တခြားပရိသတ်တွေဆီကလည်း ကောလဟာလတွေထွက်ရှိလာခဲ့ပါတယ် … ။
ဒါပေမယ့် အေးမြဖြူလေးကတော့ ပြိုင်ပွဲဝင်အချင်းချင်း မောင်နှမ စိတ်ဓာတ်သာရှိပြီး အခုထွက်နေတဲ့ ကောလဟာလ သတင်းတွေလို Benjamin နဲ့ ဘာပတ်သက်မှုမှမရှိဘူးလို့ အတိလင်းပရိသတ်ကိုပြောပြလာခဲ့ပါတယ် … ။
ပြိုင်ပွဲအတွက် စိတ်ဖိစီးနေတဲ့အချိန် ခုလိုထွက်ရှိလာတဲ့ ကောလဟာလတွေနဲ့ ဝေဖန်မှုတွေကြောင့် အေးမြဖြူလေး မထိခိုက်ရလေအောင် ပရိသတ်ကြီးကလည်း အဖြစ်မှန်ကိုသိသွားပြီဆိုတော့ အထင်မလွဲကြပါနဲ့တော့နော် … ။


