မြန်မာအိုင်ဒေါမှာနောက်ဆုံး Final အထိကျန်ခဲ့မယ့်သူကိုထုတ်ဖော်ပြောကြားလိုက်တဲ့ မယ်လိုဒီ

Loading...


Loading...

အများစိတ်ဝင်စားကြတဲ့ မြန်မာအိုင်ဒေါ အစီအစဉ်ဟာဆိုရင် မကြာခင်မှာ နောက်ဆုံး Winner ကို တွေ့ကြရတော့မှာဖြစ်ပါတယ်။ စိတ်ဝင်တစားကြည့်ကြတဲ့ ပရိသတ်တွေအကြားမှာတော့ မည်သူက နောက်ဆုံးကျန်ရစ်သူ Winner ဖြစ်မလဲဆိုတာကိုတွေးဆပြောဆိုနေကြပါတယ်။ ဒီအထဲမှာတော့ မြန်မာရုပ်ရှင်လောကက သရုပ်ဆောင် မယ်လိုဒီ တစ်ယောက်လည်း အပါအဝင်ပဲဖြစ်ပါတယ်။

သူမကတော့ ကျော့ရှင်းတဲ့အလှ ၊ ဇာတ်ရုပ်ကျလှတဲ့ သူမရဲ့ သရုပ်ဆောင်မှုေ တွကြောင့် ပရိသတ်ရဲ့အားပေးထောက်ခံမှုကို ယနေ့တိုင်ရရှိနေတဲ့အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာအိုင်ဒေါအစီအစဉ်ကို ရုပ်ရှင်အနုပညာရှင်များလည်းအားပေးကြတာကို တွေ့ခဲ့ကြမှာပါနော်။မယ်လိုဒီကတော့ သူရဲ့ အိုင်ဒေါ နဲ့ Myanmar Idol Season 4 မှာ နောက်ဆုံးကျန်ခဲ့မယ့် သူတစ်ယောက်ကို တပ်အပ်ပြောလိုက်ပြီဖြစ်ပါတယ်။သူမ ပြောလိုက်တဲ့ သူကတော့ ပြိုင်ပွဲတိုင်းမှာ ဘယ်တော့မှ မကျန်ခဲ့ဖူးတဲ့သူလည်းဖြစ်ပါတယ်နော်။ သူကတော့ အစီအစဉ်တင်ဆက်နေသူ ကျော်ထက်အောင်ပဲဖြစ်ပါတယ်။ သူမရဲ့ ခပ်တည်တည်နဲ့အရွှမ်းဖောက်မှုကြောင့် ပရိသတ်ကတော့ သဘောအကျကြီးကျနေပါတယ်။

သရုပ်ဆောင် မယ်လိုဒီဟာ အနုပညာလှုပ်ရှားမှုအနေနဲ့ မကြာမှာ ရုပ်ရှင်ဇာတ်ကားနှစ်ကားက ကိုရိုက်ကူးသွားဖို့ရှိပြီးတော့ နှစ်ကားလုံးကတော့ သူတစ်ခါမှ သရုပ်မဆောင်ဘူးတဲ့ ကာရိုက်တာတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဘယ်လို ကာရိုက်တာမျိုးလဲ ၊ သူမ ဘယ်လို သရုပ်ဆောင်သွားမယ်ဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြဦးစို့နော်။

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *