စက်ဆုတ်ဖွယ်ကောင်းသော ဖျာပုံမြို့ ကမ်းဝေးငါးဖမ်းသဘော်မှာ ဆေးတို့ကာ ရောင်းစားခံရတဲ့ သမိုင်းနောက်ဆုံးနှစ်ကျောင်းသားလေး

Loading...

စက်ဆုတ်ဖွယ်ကောင်းသော ဖျာပုံမြို့ ကမ်းဝေးငါးဖမ်းသဘော်မှာ ဆေးတို့ကာ ရောင်းစားခံရတဲ့ သမိုင်းနောက်ဆုံးနှစ်ကျောင်းသားလေး

Loading...

ဒီခေတ်မှာ ကျွန်ပြုမှုတွေ မရှိကြတော့ဘူးလို့ ထင်မှတ်ထားကြပေမယ့် စီးပွာရေးသောင်းကျန်းတဲ့ လူယုတ်မာတွေကတော့

ငွေမကုန်ပဲ အလကားရမယ်ဆို အဘနဖူးမှာ သိုက် ရှိမယ်ဆိုရင်တောင် သံတူရွင်းကိုင်ပြီး ဖင်ထောင်တူးမယ့်သူတွပါပဲ။

အခုလည်း ကြည့်ပါအုံး ဒဂုံတက္ကသိုလ်က ကျောင်းသားလေ တိုးဆေးနဲ့ ခေါ်ဆောင်ပြီး ပက်လယ်ပြင်မှာ ရောင်စားခံရတဲ့ အဖြစ် မျိုး။

ဒီလို ကိစ္စမျိုး လူမသိပဲ ဘဝမြှုပ်သွားတဲ့ ဖြစ်ရပ်တွေ ဘယ်လောက်တောင် များပြားနေပြီလဲဆိုတာ မတွေးဝံ့အောင်ပါပဲ။ ဖြစ်စဉ်က ဒီလိုဗျ။ အောက်တိုဘာလ ၂ ရက်နေ့ နေ့လယ် တွင်

ဒဂုံတက္ကသိုလ် သမိုင်းဌာန နောက်ဆုံးနှစ်ကျောင်းသား မြတ်သူရထွန်းသည် နေအိမ်မှ ရန်ကုန်ထဲသို့ သွားခဲ့ပြီး အဆက်အသွယ်ပြတ်တော်သွားခဲ့ပါသည်။ လက်ကိုင်ဖုန်း ပိတ်ထားပြီး ဖေ့ဘုတ် Messenger များမှ

အဆက်အသွယ်မရရှိခဲ့ပါ။ ထိုအချိန်မှစ၍ မိသားစုက ရဲစခန်းများတွင်အမူဖွင့်၍ ကြိုးစားရှာဖွေခဲ့သော်လည်း အရာမထင်ခဲ့ပါ။ မြတ်သူရထွန်း ပျောက်ဆုံးခဲ့ပြီး တလခွဲကျော်အကြာတွင် မိသားစု၏ကြိုးပမ်းမူကြောင့်

မြတ်သူရထွန်းကို အသက်ရှင်လျှက်ပြန်လည် ကယ်တင်နိုင်ခဲ့ပါသည် ။ မြတ်သူရထွန်းကို ဖျာပုံမြို့မှ ၂ နာရီခန့် သွားရသော ခါးပြတ် ရွာရှိ သင်ဇာထွန်းအမည်ရှိငါးဒိုင် တွင်ရောက်ရှိနေသည်ဟုသိရသည်။

ထို ငါးဒိုင်မှ ပင်လယ်အတွင်းသို့ ၁၂ နာရီခန့်သွားရသောနေရာတွင် ပင်လယ်အတွင်းငါးဖမ်းခိုင်းသောနေရာတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခိုင်းထားခဲ့သည်။

မြတ်သူရထွန်း၏ပြောကြားချက်အရ သူပန်းဆိုးတန်းတံတားအနီးထိုင်နေစဉ် အမျိုးသမီးတဦးက သူ့အားတို့ဆေးဖြင့်တို့၍ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ‌ခေါ်သွားသည့်နေရာမှာ ဒလမြို့ဖြစ်ပြီး

ထိုနေ့ညက ဒလမြို့ရှိ အဆိုပါအမျိုးသမီး၏ နေအိမ်တွင် အိပ်ခဲ့ရကြောင်း၊ ထို့နောက် အမျိုးသမီး၃ ယောက်ကသူ့အား ဖျာပုံမြို့နယ် မှ ၂ နာရီခန့်ကားစီးရသော ခါးဖြတ်ကျေးရွာရှိ

ငါးဒိုင်တွင် ငွေ ၇ သိန်းဖြင့် ရောင်းစားခဲ့ကြောင်း ၊ ထိုမှတဆင့် ပင်လယ်သို့ပို့ပြီး တနေ့လျှင် မနက် ၆ နာရီမှ နောက်နေ့မနက် ၃ နာရီထိ အတင်းအကျပ်ခိုင်းစေကြောင်း

အလုပ်ကိုသေချာမလုပ်လျင် ရိုက်နှက်ခိုင်းစေကြောင်း၊ အလုပ်ဦးစီးသူများက “ခိုင်း‌မကောင်းရင် ပင်လယ်ထဲ ကန်ချမှာ၊ ဒီမှာ ကန်ချလိုက်လို့ ဘယ်သူမှမသိဘူး ” ဟုပြောကြောင်း၊ မြတ်သူရထွန်းမှာ ဒဏ်ရာများစွာရရှိနေသည့်အတွက်

နောက် ၃ ရက်နေလို့ ‌အလုပ်မလုပ်နိင်ရင် ပင်လယ်ထဲ ကန်ချမည်ဟု ခြိမ်းခြောက်ကြောင်း သူ၏ဖြစ်စဉ်ကို စကားပြောနိုင်သလောက် ပြောကြားခဲ့သည်။ မိသားစုမှ အဆိုပါ ငါးဒိုင်သို့ရောက်ရှိခဲ့ရာတွင်

“ပွဲစား ယူသွားသည့် ၇ သိန်းကို ပြန်ပေးရမည်၊ မည်သည့်နေရာမှ တိုင်ခြင်းမပြုရ” ဟုပြောဆိုပြီး မိသားစုက ငွေ၇သိန်း ပေးလိုက်မှ ပြန်လည်ထည့်ပေးလိုက်သည်။ သူနှင့် အတူ ရောင်းစားခံထားရသည်ဟု ယူဆရသူ ၂ ဦး

ပင်လယ်တွင် ကျန်ခဲ့သေးသည်ဟုသိရသည်။ မြတ်သူရထွန်းကို ယခုအခါရန်ကုန်သို့ခေါ်ဆောင်ပြီး မေဓါဝီဆေးရုံတွင် ပို့ဆောင်ထားပါသည်။ လက်ကျိုးခြင်း လမ်းမလျှောက်နိုင်ခြင်း ထိုးကြိတ်ခံထားရသောဒဏ်ရာများ

ခန္ဓာကိုယ်အနှံ့တွေ့ရှိရပါသည်။ ယခုအခါ သက်ဆိုင်ရာသို့တိုင်တန်းထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများအနေဖြင့် မဆိုင်းမတွဖြင့် ပင်လယ်တွင်ကျန်ခဲ့သောသူများကို ကယ်ဆယ်ရန်

ပြစ်မူကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးအရေးယူရန် လုပ်ဆောင်ဖို့ လေးလေးနက်နက်တိုက်တွန်းလိုက်ပါသည်။ မိသားစုထံမေးမြန်းနိုင်ရန်ဖုန်း 09 772068318 ခရက်ဒစ် ဖရူးခြား သယ် ဒဂုံ သတင်းစာ ဂျာနယ်နှင့်

လူမှုကွန်ယက်ပေါ်မှာ တနေ့တခြား လူပျောက်တိုင်တန်းမှုတွေ ပေါများလာတာနဲ့ အမျှ လူမသိသူမသိ ကွယ်ပျောက်ခဲ့ရတဲ့ လူပျောက်ကိစ္စတွေကို

သက်ဆိုင်ရာ ရဲဌာန အကြီးအကဲများ နိုင်ငံ့အကြီးအကဲများအနေဖြင့် ပိုမိုအလေးထား ဆောင်ရွက်သင့်ပါကြောင်း အကြံပြုပေးလိုက်ပါရစေဗျာ။

Loading...
Loading...

Leave a Reply

Your email address will not be published. Required fields are marked *