Loading...

ဒဏ်ရာရပြီး ရန်သူနေအိမ်မှန်းမသိဘဲ ဝင်သွားခဲ့မိတဲ့ တပ်ကြပ်တစ်ယောက်ရဲ့ အဖြစ်

17-44-05-tatkyatkyi.jpg

[Unicode]
ကျွန်တော်ဟာ တပ်မတော်က တပ်ကြပ်တစ်ယောက်ပါ။ ညဦးပိုင်းက ကျွန်တော်တို့ တပ်စု ကင်းလှည့်နေရင်း ရန်သူ့တပ်နဲ့ တွေ့လို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ကျွန်တော်တို့လည်း ရန်သူနဲ့ အင်အားချင်း မယှဉ်နိုင်လို့ ဆုတ်ခွာထွက်ပြေးကြရတယ်။ မှောင်ထဲမှာ ဆုတ်ခွာကြရင်းနဲ့ ကျွန်တော်လည်း တပ်နဲ့ ကွဲသွားတယ်။အခု ကျွန်တော် ညမှောင်မှောင် တောကြီးထဲမှာ တစ်ယောက်တည်း လျှောက်သွားနေတယ်။ ဘယ်နေရာ ရောက်နေမှန်း မသိပါဘူး။ ခြေဦးတည့်ရာ လျှောက်သွားနေမိတယ်။ ညာလက်မောင်းရင်းမှာ ကျည်ဆန်ထိထားလို့ ဒဏ်ရာက သွေးတွေ ထွက်ပြီး အရမ်းနာနေတယ်။လူက မောလည်းမော၊ ရေလည်းငတ်၊ ဒဏ်ရာက သွေးထွက်များလို့ အားကုန်လာတာကြောင့် ကျွန်တော် မြေပြင်ပေါ် လှဲအိပ်လိုက်ချင်တယ်။ ဒါပေမဲ့ မအိပ်ရဲဘူး။ ရန်သူတွေ အနားမှာ ရှိတယ်လို့ ကျွန်တော့် စိတ်ထဲမှာ သိနေလို့ပါ။ကျွန်တော် တောထဲမှာ ဆက်လျှောက်နေတာ ၄ နာရီလောက် ကြာသွားပြီ။ အခု ည ၁၀ နာရီထိုးပြီ။ ကျွန်တော် စိတ်လျှော့ပြီး မြေပြင်ပေါ်ကို လှဲအိပ်လိုက်ဖို့ စိတ်ကူးချိန်မှာပဲ အဝေးတစ်နေရာမှာ မီးရောင်မှိန်ပျပျလေးတစ်ခုကို လှမ်းမြင်လိုက်တယ်။ကျွန်တော် အဲဒီမီးရောင်ဖက်ကို အမြန်လျှောက်သွားလိုက်တယ်။မီးရောင်ပေါ်နေတာ တောင်ကုန်းလေးတစ်ခုပေါ်မှာ ရှိတဲ့ တဲအိမ်လေးတစ်ခုကပါ။ ကျွန်တော် ဒဏ်ရာကြောင့် အရမ်းနာကျင်နေသလို မောပန်းလွန်းလို့ တဲအိမ်ပိုင်ရှင်ဟာ ရန်သူ့ဖက်ကလားဆိုတာကို မစဉ်းစားနိုင်တော့ပါဘူး။ ကျွန်တော် တဲအိမ်တံခါးကို ခေါက်လိုက်တယ် ။ပထမ ဘာသံမှ မကြားရဘူး။ ၅ မိနစ်နေမှ တဲတံခါး ပွင့်လာပြီး အသက် ၅၀ ကျော်အရွယ် မိန်းမကြီးက မှန်အိမ်တစ်လုံးကိုင်ပြီး ထွက်လာတယ်။ သူက မှန်အိမ်ကို မြှောက်ပြီး ကျွန်တော့်ကို မီးရောင်နဲ့ ကြည့်တယ်။ကျွန်တော်ဟာ တပ်မတော်ယူနီဖေါင်းကို ဝတ်ထားလို့ တပ်မတော်သားမှန်း သူ သိသွားတယ်။သူ ကျွန်တော့်ကို တဲထဲကို တွဲခေါ်သွားပြီး မီးဖိုခန်းထဲက ပက်လက်ကုလားထိုင်တစ်လုံးမှာ ထိုင်ခိုင်းလိုက်တယ်။ ပြီးတော့ ရေတစ်ခွက် လာပေးတယ်။ ကျွန်တော် ရေသောက်လိုက်ရလို့ ရေငတ်ပြေသွားတယ်။ ကျွန်တော်ဟာ တပ်မတော်ထောက်ခံသူ တစ်ယောက်ရဲ့ အိမ်မှာ ရောက်နေပြီဆိုပြီး စိတ်ကို လျှော့ချလိုက်တယ်။ ကျွန်တော် ထိုင်နေရင်းနဲ့ အိပ်ပျော်သွားတယ်။ကျွန်တော် တဲရှေ့ခန်းက စကားပြောသံတွေကြောင့် လန့်နိူးလာတယ်။ စကားကို တိုးတိုးပြောနေကြပေမယ့် ကျွန်တော် ကောင်းကောင်း ကြားနေရတယ်။– “အမေ ဘာလို့ သူ့ကို တဲထဲမှာ လက်ခံထားရတာလဲ။ကျွန်တော်တို့ ဒုက္ခရောက်ကြတော့မယ်နော်”– “ဟဲ့ သူ့မှာ ဒဏ်ရာကြီးနဲ့၊ သွေးတွေလည်း အများကြီး ထွက်နေတယ် .. ။ ငါ မကူညီရင် သူ သေသွားမှာပေါ့”– “သေရင် သေဗျာ။ သူက ရန်သူပဲဟာ”– “နင် အဲဒီလို မပြောနဲ့လေ။ သူလည်း နင့်လို လူသားတစ်ယောက်ပဲ။ ရန်သူဖြစ်ပေမယ့် သူလည်း တိုင်းရင်းသားညီအစ်ကို တစ်ယောက်ပဲလေ”– “အမေက ခက်တာပဲဗျာ”– “ခက်တာတွေ ဘာတွေ နောက်မှပြော။ငါတို့ သူ့ကို ဆေးကုပေးရမယ်။ နင် လိုက်လာခဲ့”ကျွန်တော် သိလိုက်ပါပြီ။ အခုစကားပြောနေသူဟာ ရန်သူ့တပ်ကဆိုတာပါ။ ကျွန်တော် အခုမှ သတိရလိုက်တယ်။ ကျွန်တော့် သေနတ်ပါမလာဘူး။ ပြေးရင်း လွှားရင်းနဲ့ ဘယ်ကျနေမှန်း မသိတော့ဘူး။ ကျွန်တော့်မှာ သေနတ်ရှိနေလည်း သေနတ်ကို ကိုင်နိုင်တဲ့ အားအင်မရှိတော့ပါဘူး။ကျွန်တော် ရန်သူ ပြုသမျှ နုရမယ့် ဘဝရောက်နေပါပြီ။မကြာခင်မှာ သူတို့သားအမိ နှစ်ယောက် ကျွန်တော် ရှိတဲ့ မီးဖိုခန်းထဲကို ဝင်လာကြတယ်။ အမေဖြစ်သူရဲ့ လက်မှာ ကိုင်ထားတဲ့ မီးအိမ်က အလင်းရောင်ကြောင့် သူဟာ ရန်သူ့တပ်က တပ်ကြပ်တစ်ယောက်မှန်း သိလိုက်တယ်။သူတို့ သားအမိဟာ ကျွန်တော့်ကို ပက်လက်ကုလားထိုင်ကနေ တွဲထူပြီး အိပ်ယာပေါ်မှာ လဲသိပ်လိုက်တယ် …. ။သူတို့ ကျွန်တော့် အကျႌကို ချွတ်လိုက်ကြတယ်။ အမေက ကျွန်တော့် ဒဏ်ရာကို ကြည့်ပြီး လက်မောင်းက ကျည်ဆံကို ခွဲထုတ်ရမယ်လို့ ပြောတယ်။ကျွန်တော် အတော်ကြောက်သွားတယ် … ။ သူ့သားကကျွန်တော့် ကြောက်နေတဲ့ မျက်နှာကို ကြည့်ပြီး ခုလို တိုးတိုးလေး ပြောလာတယ်။ ‘မိတ်ဆွေ၊ မပူပါနဲ့။ အမေက အရင် ဆေးရုံမှာ လုပ်ခဲ့တဲ့ သူနာပြုဆရာမကြီးပါ။သူ ဒါမျိုး ခွဲစိပ်တာတွေ အများကြီး လုပ်ခဲ့ဖူးပါတယ်’မကြာခင် အမေဟာ ရေနွေးပူပူ ထည့်ထားတဲ့ သံဇလုံတစ်ခုရယ်၊ ဂွမ်းလိပ်ရယ်၊ ဓားမြောင်တစ်ချောင်း ယူလာပြီး ကျွန်တော့် ဒဏ်ရာက ကျည်ဆံကို ခွဲစိပ်ထုတ်ယူပါတယ်။ ထုံဆေး မေ့ဆေး မပါလို့ ဒဏ်ရာထဲကို ခွဲစိပ်နေတာ မခံနိုင်လို့ ကျွန်တော် သတိမေ့မျောသွားပါတယ် … ။ ကျွန်တော် အိပ်ယာက နိူးလာတယ်။ မနက်ရောက်လို့ နေတောင် ထွက်နေပြီ။ အမေဟာ ဆံပြုတ်ခွက်တစ်ခွက်ကို ကိုင်ပြီး ကျွန်တော့်ကုတင်နားကို ရောက်လာတယ်။ သူက ‘သားလေး ဒဏ်ရာသက်သာရဲ့လား … ။ဒီဆေးလေးတွေ သောက်ထားလိုက်’ ကြင်နာတဲ့ လေသံနဲ့ ပြောပါတယ်။ ကျွန်တော်က ‘ဟုတ်ကဲ့ အမေ၊ သက်သာပါတယ်။ဒါနဲ့ ညက တွေ့လိုက်တဲ့ အမေ့သားကော’ လို့ ပြန်မေးလိုက်တယ်။ သူက ‘အေး ဒီမနက် အစောကြီး သူ့တပ်ကို ပြန်သွားပြီ။ သူက သားအကြောင်း သူ့တပ်ကို သတင်းပို့မှာ မဟုတ်ပါဘူး။ ငါ့သား ဒဏ်ရာကောင်းသွားတဲ့အထိ ဒီမှာပဲ အနားယူနေနော်’ လို့ ပြောတယ် …. ။ကျွန်တော် အမေ့စကားကို ကြားတော့ ဝမ်းသာဝမ်းနည်းနဲ့ ငိုချလိုက်တယ်။ ကျွန်တော် ဝမ်းသာတာက လူသားချင်းစာနာစိတ်ရှိတဲ့ ဒီသားအမိနဲ့ တွေ့လိုက်ရလို့ပါပဲ … ။ ဝမ်းနည်းမိတာက ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်နေကြတဲ့ အဖြစ်ကိုပါ။ဒီအခါမှာ ကျွန်တော့်ခေါင်းထဲမှာ အတွေး တစ်ခု ပေါ်လာတယ်။အဲဒါက– “ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း ရန်သူတွေလို တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်သတ်ဖြတ်နေကြတာ မှားတယ်။ တကယ်တော့ ကျွန်တော်တို့ သတ်ပစ်သင့်တာက တိုင်းရင်းသား ညီအစ်ကို အချင်းချင်းကို မုန်းတီးစေတဲ့ အကြောင်းတွေကိုပါလားလို့
Credit မူရင်း
Copy from: Herculy

Loading...

[Zawgyi]
ကြၽန္ေတာ္ဟာ တပ္မေတာ္က တပ္ၾကပ္တစ္ေယာက္ပါ။ ညဦးပိုင္းက ကြၽန္ေတာ္တို႔ တပ္စု ကင္းလွည့္ေနရင္း ရန္သူ႕တပ္နဲ႕ ေတြ႕လို႔ တိုက္ပြဲျဖစ္ပြားခဲ့တယ္။ ကြၽန္ေတာ္တို႔လည္း ရန္သူနဲ႕ အင္အားခ်င္း မယွဥ္နိုင္လို႔ ဆုတ္ခြာထြက္ေျပးၾကရတယ္။ ေမွာင္ထဲမွာ ဆုတ္ခြာၾကရင္းနဲ႕ ကြၽန္ေတာ္လည္း တပ္နဲ႕ ကြဲသြားတယ္။အခု ကြၽန္ေတာ္ ညေမွာင္ေမွာင္ ေတာႀကီးထဲမွာ တစ္ေယာက္တည္း ေလွ်ာက္သြားေနတယ္။ ဘယ္ေနရာ ေရာက္ေနမွန္း မသိပါဘူး။ ေျခဦးတည့္ရာ ေလွ်ာက္သြားေနမိတယ္။ ညာလက္ေမာင္းရင္းမွာ က်ည္ဆန္ထိထားလို႔ ဒဏ္ရာက ေသြးေတြ ထြက္ၿပီး အရမ္းနာေနတယ္။လူက ေမာလည္းေမာ၊ ေရလည္းငတ္၊ ဒဏ္ရာက ေသြးထြက္မ်ားလို႔ အားကုန္လာတာေၾကာင့္ ကြၽန္ေတာ္ ေျမျပင္ေပၚ လွဲအိပ္လိုက္ခ်င္တယ္။ ဒါေပမဲ့ မအိပ္ရဲဘူး။ ရန္သူေတြ အနားမွာ ရွိတယ္လို႔ ကြၽန္ေတာ့္ စိတ္ထဲမွာ သိေနလို႔ပါ။ကြၽန္ေတာ္ ေတာထဲမွာ ဆက္ေလွ်ာက္ေနတာ ၄ နာရီေလာက္ ၾကာသြားၿပီ။ အခု ည ၁၀ နာရီထိုးၿပီ။ ကြၽန္ေတာ္ စိတ္ေလွ်ာ့ၿပီး ေျမျပင္ေပၚကို လွဲအိပ္လိုက္ဖို႔ စိတ္ကူးခ်ိန္မွာပဲ အေဝးတစ္ေနရာမွာ မီးေရာင္မွိန္ပ်ပ်ေလးတစ္ခုကို လွမ္းျမင္လိုက္တယ္။ကြၽန္ေတာ္ အဲဒီမီးေရာင္ဖက္ကို အျမန္ေလွ်ာက္သြားလိုက္တယ္။မီးေရာင္ေပၚေနတာ ေတာင္ကုန္းေလးတစ္ခုေပၚမွာ ရွိတဲ့ တဲအိမ္ေလးတစ္ခုကပါ။ ကြၽန္ေတာ္ ဒဏ္ရာေၾကာင့္ အရမ္းနာက်င္ေနသလို ေမာပန္းလြန္းလို႔ တဲအိမ္ပိုင္ရွင္ဟာ ရန္သူ႕ဖက္ကလားဆိုတာကို မစဥ္းစားနိုင္ေတာ့ပါဘူး။ ကြၽန္ေတာ္ တဲအိမ္တံခါးကို ေခါက္လိုက္တယ္ ။ပထမ ဘာသံမွ မၾကားရဘူး။ ၅ မိနစ္ေနမွ တဲတံခါး ပြင့္လာၿပီး အသက္ ၅၀ ေက်ာ္အ႐ြယ္ မိန္းမႀကီးက မွန္အိမ္တစ္လုံးကိုင္ၿပီး ထြက္လာတယ္။ သူက မွန္အိမ္ကို ျမႇောက္ၿပီး ကြၽန္ေတာ့္ကို မီးေရာင္နဲ႕ ၾကည့္တယ္။ကြၽန္ေတာ္ဟာ တပ္မေတာ္ယူနီေဖါင္းကို ဝတ္ထားလို႔ တပ္မေတာ္သားမွန္း သူ သိသြားတယ္။သူ ကြၽန္ေတာ့္ကို တဲထဲကို တြဲေခၚသြားၿပီး မီးဖိုခန္းထဲက ပက္လက္ကုလားထိုင္တစ္လုံးမွာ ထိုင္ခိုင္းလိုက္တယ္။ ၿပီးေတာ့ ေရတစ္ခြက္ လာေပးတယ္။ ကြၽန္ေတာ္ ေရေသာက္လိုက္ရလို႔ ေရငတ္ေျပသြားတယ္။ ကြၽန္ေတာ္ဟာ တပ္မေတာ္ေထာက္ခံသူ တစ္ေယာက္ရဲ႕ အိမ္မွာ ေရာက္ေနၿပီဆိုၿပီး စိတ္ကို ေလွ်ာ့ခ်လိဳက္တယ္။ ကြၽန္ေတာ္ ထိုင္ေနရင္းနဲ႕ အိပ္ေပ်ာ္သြားတယ္။ကြၽန္ေတာ္ တဲေရွ႕ခန္းက စကားေျပာသံေတြေၾကာင့္ လန႔္နိူးလာတယ္။ စကားကို တိုးတိုးေျပာေနၾကေပမယ့္ ကြၽန္ေတာ္ ေကာင္းေကာင္း ၾကားေနရတယ္။– “အေမ ဘာလို႔ သူ႕ကို တဲထဲမွာ လက္ခံထားရတာလဲ။ကြၽန္ေတာ္တို႔ ဒုကၡေရာက္ၾကေတာ့မယ္ေနာ္”– “ဟဲ့ သူ႕မွာ ဒဏ္ရာႀကီးနဲ႕၊ ေသြးေတြလည္း အမ်ားႀကီး ထြက္ေနတယ္ .. ။ ငါ မကူညီရင္ သူ ေသသြားမွာေပါ့”– “ေသရင္ ေသဗ်ာ။ သူက ရန္သူပဲဟာ”– “နင္ အဲဒီလို မေျပာနဲ႕ေလ။ သူလည္း နင့္လို လူသားတစ္ေယာက္ပဲ။ ရန္သူျဖစ္ေပမယ့္ သူလည္း တိုင္းရင္းသားညီအစ္ကို တစ္ေယာက္ပဲေလ”– “အေမက ခက္တာပဲဗ်ာ”– “ခက္တာေတြ ဘာေတြ ေနာက္မွေျပာ။ငါတို႔ သူ႕ကို ေဆးကုေပးရမယ္။ နင္ လိုက္လာခဲ့”ကြၽန္ေတာ္ သိလိုက္ပါၿပီ။ အခုစကားေျပာေနသူဟာ ရန္သူ႕တပ္ကဆိုတာပါ။ ကြၽန္ေတာ္ အခုမွ သတိရလိုက္တယ္။ ကြၽန္ေတာ့္ ေသနတ္ပါမလာဘူး။ ေျပးရင္း လႊားရင္းနဲ႕ ဘယ္က်ေနမွန္း မသိေတာ့ဘူး။ ကြၽန္ေတာ့္မွာ ေသနတ္ရွိေနလည္း ေသနတ္ကို ကိုင္နိုင္တဲ့ အားအင္မရွိေတာ့ပါဘူး။ကြၽန္ေတာ္ ရန္သူ ျပဳသမွ် ႏုရမယ့္ ဘဝေရာက္ေနပါၿပီ။မၾကာခင္မွာ သူတို႔သားအမိ ႏွစ္ေယာက္ ကြၽန္ေတာ္ ရွိတဲ့ မီးဖိုခန္းထဲကို ဝင္လာၾကတယ္။ အေမျဖစ္သူရဲ႕ လက္မွာ ကိုင္ထားတဲ့ မီးအိမ္က အလင္းေရာင္ေၾကာင့္ သူဟာ ရန္သူ႕တပ္က တပ္ၾကပ္တစ္ေယာက္မွန္း သိလိုက္တယ္။သူတို႔ သားအမိဟာ ကြၽန္ေတာ့္ကို ပက္လက္ကုလားထိုင္ကေန တြဲထူၿပီး အိပ္ယာေပၚမွာ လဲသိပ္လိုက္တယ္ …. ။သူတို႔ ကြၽန္ေတာ့္ အက်ႌကို ခြၽတ္လိုက္ၾကတယ္။ အေမက ကြၽန္ေတာ့္ ဒဏ္ရာကို ၾကည့္ၿပီး လက္ေမာင္းက က်ည္ဆံကို ခြဲထုတ္ရမယ္လို႔ ေျပာတယ္။ကြၽန္ေတာ္ အေတာ္ေၾကာက္သြားတယ္ … ။ သူ႕သားကကြၽန္ေတာ့္ ေၾကာက္ေနတဲ့ မ်က္ႏွာကို ၾကည့္ၿပီး ခုလို တိုးတိုးေလး ေျပာလာတယ္။ ‘မိတ္ေဆြ၊ မပူပါနဲ႕။ အေမက အရင္ ေဆး႐ုံမွာ လုပ္ခဲ့တဲ့ သူနာျပဳဆရာမႀကီးပါ။သူ ဒါမ်ိဳး ခြဲစိပ္တာေတြ အမ်ားႀကီး လုပ္ခဲ့ဖူးပါတယ္’မၾကာခင္ အေမဟာ ေရေႏြးပူပူ ထည့္ထားတဲ့ သံဇလုံတစ္ခုရယ္၊ ဂြမ္းလိပ္ရယ္၊ ဓားေျမာင္တစ္ေခ်ာင္း ယူလာၿပီး ကြၽန္ေတာ့္ ဒဏ္ရာက က်ည္ဆံကို ခြဲစိပ္ထုတ္ယူပါတယ္။ ထုံေဆး ေမ့ေဆး မပါလို႔ ဒဏ္ရာထဲကို ခြဲစိပ္ေနတာ မခံနိုင္လို႔ ကြၽန္ေတာ္ သတိေမ့ေမ်ာသြားပါတယ္ … ။ ကြၽန္ေတာ္ အိပ္ယာက နိူးလာတယ္။ မနက္ေရာက္လို႔ ေနေတာင္ ထြက္ေနၿပီ။ အေမဟာ ဆံျပဳတ္ခြက္တစ္ခြက္ကို ကိုင္ၿပီး ကြၽန္ေတာ့္ကုတင္နားကို ေရာက္လာတယ္။ သူက ‘သားေလး ဒဏ္ရာသက္သာရဲ႕လား … ။ဒီေဆးေလးေတြ ေသာက္ထားလိုက္’ ၾကင္နာတဲ့ ေလသံနဲ႕ ေျပာပါတယ္။ ကြၽန္ေတာ္က ‘ဟုတ္ကဲ့ အေမ၊ သက္သာပါတယ္။ဒါနဲ႕ ညက ေတြ႕လိုက္တဲ့ အေမ့သားေကာ’ လို႔ ျပန္ေမးလိုက္တယ္။ သူက ‘ေအး ဒီမနက္ အေစာႀကီး သူ႕တပ္ကို ျပန္သြားၿပီ။ သူက သားအေၾကာင္း သူ႕တပ္ကို သတင္းပို႔မွာ မဟုတ္ပါဘူး။ ငါ့သား ဒဏ္ရာေကာင္းသြားတဲ့အထိ ဒီမွာပဲ အနားယူေနေနာ္’ လို႔ ေျပာတယ္ …. ။ကြၽန္ေတာ္ အေမ့စကားကို ၾကားေတာ့ ဝမ္းသာဝမ္းနည္းနဲ႕ ငိုခ်လိဳက္တယ္။ ကြၽန္ေတာ္ ဝမ္းသာတာက လူသားခ်င္းစာနာစိတ္ရွိတဲ့ ဒီသားအမိနဲ႕ ေတြ႕လိုက္ရလို႔ပါပဲ … ။ ဝမ္းနည္းမိတာက ကြၽန္ေတာ္တို႔ တိုင္းရင္းသား ညီအစ္ကိုေတြ တစ္ေယာက္နဲ႕ တစ္ေယာက္ သတ္ျဖတ္ေနၾကတဲ့ အျဖစ္ကိုပါ။ဒီအခါမွာ ကြၽန္ေတာ့္ေခါင္းထဲမွာ အေတြး တစ္ခု ေပၚလာတယ္။အဲဒါက– “ကြၽန္ေတာ္တို႔ တိုင္းရင္းသားညီအစ္ကိုအခ်င္းခ်င္း ရန္သူေတြလို တစ္ေယာက္နဲ႕တစ္ေယာက္ တိုက္ခိုက္သတ္ျဖတ္ေနၾကတာ မွားတယ္။ တကယ္ေတာ့ ကြၽန္ေတာ္တို႔ သတ္ပစ္သင့္တာက တိုင္းရင္းသား ညီအစ္ကို အခ်င္းခ်င္းကို မုန္းတီးေစတဲ့ အေၾကာင္းေတြကိုပါလားလို႔
Credit မူရင္း
Copy from: Herculy

တာ့ဂျ်မဟာ ထက်တောင် ကမ္ဘာလှည့်ခရီးသည်တွေ အသွားများတဲ့ အိန္ဒိယက ကျူးကျော်ရပ်ကွက်

Screenshot_744.png

“သွားခဲ့ရကျိုးနပ်တဲ့ နေရာပဲ” လို့ အိန္ဒိယနိုင်ငံ မန်ဘိုင်းမြို့မှာ ရှိတဲ့ ဒါရာဗီ ကျူးကျော်ရပ်ကွက် ကို သွားကြည့်ခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည် တစ်ယောက်က ပြောပါတယ်။ အဲဒီမှာ လူတိုင်းက ဖော်ရွေကြပြီး တောင်းစားတဲ့သူ တစ်ယောက်မှ မရှိဘူးလို့ ဆိုပါတယ်။

Loading...

အဲဒီခရီးသည်ဟာ အာရှဒေသရဲ့ အကြီးဆုံး ကျူးကျော်ရပ်ကွက်ရဲ့ လမ်းကြိုလမ်းကြားတွေထဲ လျှောက်သွားကြည့်ခဲ့ကြတဲ့ ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာထဲက တစ်ဦး ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကို အပန်းဖြေခရီး လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လုပ်လေ့ ရှိတဲ့ ခရီးစဉ်ထဲမှာ အဲဒီကျူးကျော်ရပ်ကွက်မှာ နေတဲ့ ဆင်းရဲသားတွေရဲ့ တကယ့်ဘဝ ဘယ်လို ရှိသလဲ ဆိုတာကို ကိုယ်တိုင် သွားကြည့်တဲ့ အစီအစဉ်က ထိပ်ဆုံးက ပါပါတယ်။

အိန္ဒိယနိုင်ငံကို လာလည်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေအကြား ရေပန်းအစားဆုံး ခရီးစဉ်လို့ သတ်မှတ်ထားပြီး တာ့ဂျ်မဟာ ထက်တောင် အသွား ပိုများတဲ့ အဲဒီ ဒါရာဗီ ကျူးကျော်ရပ်ကွက် ခရီးစဉ်ကို TripAdvisor ခရီးသွားဝက်ဆိုက်က “ခရီးသွားတွေရဲ့ အကြိုက်ဆုံးဆု” ချီးမြှင့်ခဲ့ပါတယ်။

အဲဒီကို လာကြည့်ကြတဲ့ ခရီးသွား အများစုဟာ အမေရိကန်၊ ယူကေ၊ သြစတြေးလျ နိုင်ငံတွေက ဖြစ်တယ်လို့ ကျူးကျော်ရပ်ကွက်ခရီးစဉ် စီစဉ်ပေးတဲ့ Reality Tours and Travel ကုမ္ပဏီကို ၂၀၀၅ ခုနှစ်က ပူးတွဲ တည်ထောင်သူ ခရစ်ရှ်နာ ပူဂျာရီ က ပြောပါတယ်။

အဲဒီကုမ္ပဏီဟာ ဒါရာဗီ ကျူးကျော်ရပ်ကွက် တစ်ခုတည်းကိုပဲ အဓိကထားပြီး ခရီးစဉ်တွေ စီစဉ်ပေးတဲ့ ကနဦးကုမ္ပဏီတွေထဲက တစ်ခု ဖြစ်ပါတယ်။

“ဒီကုမ္ပဏီကို ပူးတွဲထောင်ခဲ့တဲ့ ဗြိတိသျှလူမျိုး ခရစ်စ် ဝေး က ဒီကျူးကျော်ရပ်ကွက် ခရီးစဉ် စစီစဉ်ရအောင်လို့ စ အကြံပေးတုန်းက ကျွန်တော် သိပ်နားမလည်မိခဲ့ဘူး။ ဆင်းရဲသားရပ်ကွက်လို နေရာမျိုးကို ဘယ်သူက သွားချင်မှာလဲပေါ့။ ဒါပေမဲ့ အဲဒီနေရာမှာ ကြည့်စရာတွေ၊ သင်ခန်းစာ ယူစရာတွေ အများကြီး ရှိတယ် ဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်” လို့ သူက ပြန်ပြောပြပါတယ်။

Loading...

ဒါရာဗီ ကျူးကျော်ရပ်ကွက်ဟာ မွန်ဘိုင်း မြို့လယ်ခေါင် အချက်အချာ ကျတဲ့ နေရာမှာ တည်ရှိပါတယ်။

မဆုံးနိုင်တဲ့ လမ်းကြိုလမ်းကြားတွေ၊ ပြွတ်သိပ်နေတဲ့ အိမ်တွေ၊ အလုပ်ရုံတွေနဲ့ ပြည့်နေတဲ့ အဲဒီ ကျူးကျော်ရပ်ကွက်မှာ နေထိုင်နေသူ တစ်သန်း နီးပါး ရှိတယ်လို့ ခန့်မှန်းရပါတယ်။

အဲဒီမှာ အများသုံး အိမ်သာတွေ၊ ရေဘုံဘိုင်တွေ ရှိပေမဲ့ လမ်းကြားတလျှောက် ဟောင်းလောင်းပေါက် မိလ္လာပိုက်တွေ တွေ့ရပြီး အညစ်အကြေးစွန့် စနစ်က ဆိုးဝါး ချို့တဲ့လွန်းပါတယ်။

အဲဒီရပ်ကွက်ထဲ နေထိုင်သူ အတော်များများဟာ ရပ်ကွက်တွင်းက ဇာထိုးပန်းထိုး အဝတ်တွေ၊ ပြည်ပပို့ သားရေပစ္စည်းတွေ၊ အိုးခွက် ပလတ်စတစ်တွေ ထုတ်လုပ်တဲ့ အသေးစား လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။ အဲဒီက စီးပွားရေးလုပ်ငန်းတွေက ရတဲ့ နှစ်စဉ်ဝင်ငွေဟာ ဒေါ်လာ သန်း ၆၅၀ ကျော်မယ်လို့ ခန့်မှန်းရပါတယ်။

ဒါပေမဲ့ အဲဒီမှာ အမှိုက်ကောက်သူတွေ၊ တက္ကစီမောင်းသူတွေ၊ အလုပ်ကြမ်းသမားတွေလည်း နေထိုင်ပါတယ်။

သူတို့အားလုံး နားရက်မရှိသလောက် နေ့စဉ် အလုပ်လုပ်ကြရပါတယ်။

ကျူးကျော်ရပ်ကွက် အတွေ့အကြုံခရီးစဉ်

ဒီတော့ ကမ္ဘာလှည့်ခရီးတွေ ဒီနေရာကို မဖြစ်မနေ ဘာ့ကြောင့် လာပြီး ကြည့်ကြတာပါလဲ။

၂၀၁၆ ခုနှစ်တုန်းက ဒါရာဗီ ကျူးကျော်ရပ်ကွက်ကို ၆ နာရီကြာ လှည့်လည် ကြည့်ခဲ့တဲ့ မယ်လစ်ဆာ နစ်စ်ဘက် က “ဟိုးအစကတည်းက ဆင်းရဲသားရပ်ကွက်တွေကို ကျွန်မတို့ သွားကြည့်ခဲ့ပါတယ်။ ပထမတော့ အပျော်သဘော သွားခဲ့တာပါ။ နောက်တော့ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ရည်ရွယ်ချက်နဲ့ သွားခဲ့တာပါ ” လို့ ပြောပြပါတယ်။

အခုအခါ ဒါရာဗီ ကျူးကျော်ရပ်ကွက်ထဲမှာတင် ဝန်ဆောင်ခ ပုတ်ပြတ်နှုန်းနဲ့ ခရီးစဉ် အစအဆုံး တာဝန်ယူ စီစဉ်ပေးတဲ့ ကုမ္ပဏီတွေ ရှိနေပါပြီ။ သူက အဲဒီထဲက အကောင်းဆုံး စီစဉ်ပေးတဲ့ ကုမ္ပဏီတစ်ခုကို ရွေးခဲ့ပါတယ်။

ကိုယ်ပိုက်ဆံ ဘယ်လောက် သုံးချင်သလဲ ဆိုတာပေါ် မူတည်ပြီး ကုမ္ပဏီတွေက လေအေးစက် တပ်ထားတဲ့ သယ်ယူပို့ဆောင်ရေးလို ကိုယ့်အကြိုက် ဝန်ဆောင်မှုတွေ ပေးပါတယ်။

ဒါ့အပြင် Inside Mumbai လို့ အမည်ပေးထားတဲ့ မွန်ဘိုင်းမြို့တွင်းခရီးစဉ် လို အစီအစဉ်တွေလည်း ရှိပါသေးတယ်။ အဲဒီ ခရီးစဉ်တွေမှာတော့ ယဉ်ကျေးမှု ဖလှယ်တဲ့ အနေနဲ့ ကျူးကျော်ရပ်ကွက်တွင်းက အိမ်တစ်ခုထဲမှာ နေ့လည်စာ စားရတဲ့ အတွေ့အကြုံလည်း ယူနိုင်ပါတယ်။

ဒီကျူးကျော်ရပ်ကွက် ခရီးစဉ်ဟာ ကမ္ဘာတဘက်ခြမ်းကလူတွေ နောက်ကမ္ဘာတဘက်ခြမ်းကို သွားပြီး အဲဒီက ဆင်းရဲသား လူမှုအသိုင်းအဝိုင်း အကြောင်း စူးစမ်းလေ့လာတဲ့ ခရီးစဉ်လို့ မယ်လစ်ဆာက ယူဆပါတယ်။

တကယ်တန်းမှာတော့ အိန္ဒိယနိုင်ငံဟာ ဘရာဇီး၊ တောင်အာဖရိက စတဲ့ နိုင်ငံတွေနဲ့ ယှဉ်ရင် ဒီ ကျူးကျော်ရပ်ကွက် ခရီးစဉ်တွေ စလုပ်တာ သိပ်မကြာသေးဘူးလို့ ပြောရမှာပါ။ အဲဒီနိုင်ငံတွေမှာ ဒီလို ကျူးကျော်ရပ်ကွက်တွေကို သွားရောက်ကြည့်ရှုတဲ့ ခရီးစဉ်တွေ လုပ်နေတာ အခုဆို အတော်လေး ကြာနေပါပြီ။

“ဒါရာဗီ ကျူးကျော်ရပ်ကွက်တွေကို သွားကြည့်ခဲ့တုန်းက ကျွန်မလိုပဲ တခြား ကမ္ဘာလှည့် ခရီးသည်တွေလည်း ကျူးကျော်ရပ်ကွက်က ဆင်းရဲသားတွေရဲ့ တကယ့် လက်တွေ့ဘဝကို ပိုသိနားလည်ချင်လို့ သွားကြတာလို့ ထင်ခဲ့မိပါတယ်”လို့ မယ်လစ်ဆာ က ပြောပါတယ်။

ဒါပေမဲ့ သူတွေ့ရ၊ ကြားရတာတွေကြောင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

ဆင်းရဲမွဲတေမှုကို အမွှန်းတင်နေကြသလား

လူတွေက ကျူးကျော်ရပ်ကွက်တွေကို ပြဿနာတစ်ရပ်အနေနဲ့ ရှေ့တန်းမတင်ကြတော့ပါဘူး။ ဆင်းရဲမွဲတေမှုကို သာမန် ပုံမှန်လိုပဲ သဘောထားပြီး တချို့နေရာတွေမှာ အမွှန်းတင် ပြောတာတွေ လုပ်လာကြပါတယ် လို့ မယ်လစ်ဆာက ပြောပါတယ်။

“ကျူးကျော်ရပ်ကွက်က လူတွေနဲ့ ကျွန်မတို့ကို စကားအပြောအဆို မလုပ်ခိုင်းတဲ့အတွက် သူတို့ရဲ့ စိတ်ခံစားချက်တွေကို တိုင်းတာဖို့ ခက်ပါတယ်။ အဲဒီလူတွေက သူတို့ နိစ္စဓူဝ ပုံမှန် သွားလာပြုမူနေတဲ့အတိုင်းပဲ လုပ်နေကြပြီး ကျွန်မတို့ကို အရေးထား ဂရုစိုက်တာမျိုး မရှိပါဘူး” လို့ သူက ပြောပါတယ်။

ကျူးကျော်ရပ်ကွက်က အပြန်မှာ မယ်လစ်ဆာ က တခြား ကမ္ဘာလှည့်ခရီးသည်တွေရဲ့ အတွေ့အကြုံတွေကို သိရအောင် TripAdvisor ခရီးသွား ဝက်ဆိုက်ပေါ်က မှတ်ချက် ရာပေါင်းများစွာကို ဖတ်ရှုလေ့လာခဲ့ပါတယ်။

အဲဒီအခါမှာတော့ အဲဒီကို သွားခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည် အများစုဟာ အစပိုင်းမှာ ဆင်းရဲမွဲတေမှုအကြောင်း စိုးရိမ်မကင်း ဖြစ်မှုတွေ ရှိခဲ့ပေမဲ့ အဲဒီကနေ ထွက်လာတဲ့အခါမှာတော့ ဆင်းရဲမွဲတေမှု ပြဿနာ ဘာမှ မရှိဘူးလို့ ယူဆခဲ့ကြတယ် ဆိုတာကို ဖတ်ရှုတွေ့ရှိခဲ့ပါတယ်။

“ကျူးကျော်ရပ်ကွက်ကို သွားကြည့်ပြီး ပြန်လာတဲ့သူတွေက အဲဒီလိုသာ ယူဆနေကြတယ် ဆိုရင် တခုခုတော့ မှားနေပြီလို့ ကျွန်မ ထင်လိုက်မိပါတယ်”

“ဒီကျူးကျော်ရပ်ကွက် ခရီးစဉ်က ရည်ရွယ်ချက်ကောင်းကောင်းနဲ့ လုပ်ခဲ့ပြီး ဝင်ငွေလမ်း ရှာပေးနိုင်တဲ့ နေရာတစ်ခုအဖြစ် ကျူးကျော်ရပ်ကွက်ကို ပုံဖော်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ နေထိုင်နေတဲ့ လူအများစုဟာ ဇာတ်နိမ့် ဇာတ်မြင့်စနစ်ကြောင့် ခွဲခြား ဆက်ဆံ ခံနေရတာ၊ သူတို့မှာ လျှပ်စစ်မီး၊ သောက်ရေသန့် နဲ့ တခြား အခြေခံပစ္စည်း အတော်များများ မရကြတာ စတဲ့ ကိစ္စတွေကိုတော့ ချန်လှပ်ထားခဲ့ကြပါတယ်”လို့ မယ်လစ်ဆာ က ပြောပါတယ်။

တခြားခရီးသွားကုမ္ပဏီတွေက ခရီးသည်တွေကို အဲဒီမှာ ဓာတ်ပုံရိုက်ခွင့် ပြုတာကို တွေ့ခဲ့ရပြီး ဒီလိုလုပ်တာဟာ ရပ်ကွက်သားတွေကို အနေရ ကျပ်စေနိုင်တယ်လို့ သူယူဆမိကြောင်း မယ်လီဆာ က ပြောပါတယ်။

ဆင်းရဲသားတွေရဲ့ ဘဝကို လေ့လာခဲ့သူလည်း ဖြစ် Observer Research Foundation ရဲ့ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်တဲ့ အဒစ်တီ ရာသို ကလည်း ရပ်ကွက်သူ ရပ်ကွက်သားတွေအနေနဲ့ သူတို့ဘဝကို နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် အများအပြား စိတ်ဝင်တစား ရှိကြတာအပေါ် အံ့သြမိကြမှာ အမှန်ပါပဲ လို့ ပြောပါတယ်။

“တချိန်တည်းမှာပဲ ဒီခရီးစဉ်တွေကြောင့် စီးပွားရေး အကျိုးအမြတ် ဒါမှမဟုတ် အလုပ်အကိုင် အခွင့်အရေးတွေ တိုက်ရိုက် ခံစားရတယ်လို့ ရပ်ကွက်သား အနည်းအပါးက ပြောပြကြပါတယ်။ ဘယ်လို အပြုသဘော ရလဒ်ပဲဖြစ်ဖြစ် ဒါတွေက သိပ်ပြီး အခိုင်အမာ မရှိလှပဲ ရေတို အကျိုးရလဒ်တွေပဲ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ကျူးကျော်ရပ်ကွက် ခရီးစဉ်တွေကို စီစဉ်ပေးနေတဲ့ Reality Tours and Travel ကုမ္ပဏီကို ပူးတွဲ တည်ထောင်သူ ခရစ်ရှ်နာ ပူဂျာရီ ကတော့ ဒီအချက်တွေကို လက်မခံပါဘူး။

ကြံရည်ဖန်ရည် စိတ်ဓာတ်

ကြံရည်ဖန်ရည် စိတ်ဓာတ်ကို ဗန်းပြပြီး သူ့ကုမ္ပဏီအနေနဲ့ ကျူးကျော်ရပ်ကွက်က ဆင်းရဲသားတွေရဲ့ ဘဝအကြောင်း လူတွေရဲ့ ထင်မြင် ယူဆထားမှု တွေကို ပြောင်းလဲသွားအောင်၊ ဘက်စုံအမြင်ရအောင် လုပ်ပေးနိုင်တယ်လို့ သူက ပြောပါတယ်။

“မီးကြိုးသွယ်တာကအစ သုံးပြီးသားပစ္စည်းတွေကို အသစ်ပြန်ထုတ်လုပ်တဲ့ လုပ်ငန်းအထိ ဒီခရီးစဉ်မှာ အမှန်အတိုင်း အပြည့်အဝ ပြခဲ့ပါတယ်။ ဒါပေမဲ့ ကျူးကျော်ရပ်ကွက်ဆိုတာ ဆင်းရဲသားတွေ၊ သူတောင်းစားတွေ၊ ဘေးအန္တရာယ်တွေနဲ့ ပြည့်နေတဲ့ နေရာလို့ လူတွေ ထင်နေတာကို ကျွန်တော်တို့က ပြောင်းလဲပစ်ချင်တာပါ။ အဲဒီကို သွားကြည့်တဲ့ ခရီးသည်တွေအနေနဲ့ အဲဒီမှာ ဘယ်လို အခြေအနေ ရှိသလဲ ဆိုတာ သူတို့ကိုယ်တိုင် ကြည့်နိုင်ပါတယ်”

သူ့ခရီးသွားကုမ္ပဏီက အဲဒီမှာ ခရီးသည်တွေ ဓာတ်ပုံရိုက်တာကို ကန့်သတ်ထားပါတယ်။ ကင်မရာ လုံးဝယူခွင့်မပြုဘူး ဆိုတဲ့ မူချမှတ်ထားပါတယ်လို့ သူက ပြောပါတယ်။

ကျူးကျော်ရပ်ကွက်မှာ နေထိုင်နေတဲ့ ဆင်းရဲသားတွေအတွက် ပညာရေး စီမံကိန်း အတော်များများကို သူ့ကုမ္ပဏီရဲ့ ပရဟိတ အဖွဲ့ခွဲ Reality Gives အဖွဲ့ကနေ တဆင့် ထောက်ပံ့ဆောင်ရွက်နေတယ်လို့ ခရစ်ရှ်နာ ပူဂျာရီက ပြောပြပါတယ်။ ဒီထောက်ပံ့ငွေတွေကို ခရီးစဉ်တွေက ရတဲ့ အမြတ်ငွေတွေကို သုံးပြီး ပေးခဲ့တာလို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ အဲဒီ ကျူးကျော်ရပ်ကွက်မှာ လူ ၆၅ သန်းလောက် နေထိုင်နေတယ်လို့ သိရပါတယ်။ လူတွေ နေထိုင်ဖို့ မသင့်လျော်တဲ့ အိမ်တွေနဲ့ ပြည့်ကျပ်နေတဲ့ လူနေရပ်ကွက်တစ်ခု အဖြစ်လည်း စစ်တမ်းမှာ ဖော်ပြထားပါတယ်။

Inside Mumbai ခရီးအစီအစဉ်အတွက် ခရီးစဉ်တွေ ဆောင်ရွက်နေတဲ့ မိုဟာမက် က အဲဒီကျူးကျော်ရပ်ကွက်မှာ နေထိုင်နေသူတွေရဲ့ ဇွဲသတ္တိ၊ ဒူပေနာပေ ခံနိုင်မှုတွေကို ကမ္ဘာလှည့်ခရီးသည်တွေ ကိုယ်တိုင် မျက်မြင် တွေ့နိုင်ခွင့် ရကြလိမ့်မယ်လို့ ယူဆပါတယ်။ ဒီလူ့အသိုင်းအဝိုင်းကို လစ်လျူရှုထားပြီး သူတို့မရှိသလို ဟန်ဆောင်နေတာဟာ လူအမြောက်အမြားအပေါ် ကျူးလွန်တဲ့ တကယ့်ရာဇဝတ်မှုကြီး ဖြစ်လာလိမ့်မယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒီလို ခရီးစဉ်မျိုးက ပုဂ္ဂိုလ်ရေး ချမ်းသာကြွယ်ဝမှုကို ကျော်လွန်ပြီး အခြေခံအဆောက်အအုံပိုင်း ပြောင်းလဲမှုတွေအထိ ဖြစ်လာစေနိုင်မှာပါလား။

“ဒီကြိုးပမ်းဆောင်ရွက်မှုတွေက ရှုပ်ထွေးနက်နဲပြီး ကျယ်ပြန့်တဲ့ ဆင်းရဲမွဲတေမှု ကိစ္စတွေကို လုံလုံလောက်လောက် ဖြေရှင်းနိုင်ဖွယ် မရှိဘူး” လို့ လက်စတာ တက္ကသိုလ်က ကထိကတစ်ဦး ဖြစ်သူ ဖေဘီယန် ဖရန်ဇယ်လ် က ပြောပါတယ်။

အဲဒီအစား ဒီလို ခရီးစဉ်တွေရဲ့ အပြုသဘော အကျိုးရလဒ်တွေကြောင့် ဒီဆင်းရဲသား ရပ်ကွက်တွေကို လူတွေ တွေ့မြင်လာနိုင်ခွင့်ရလာတယ်၊ အရင်းအမြစ်တွေ ပိုခွဲဝေရလာအောင် ဆင်းရဲသားတွေ တောင်းပိုင်ခွင့် ရှိလာတယ်၊ ဒီလိုကျူးကျော်ရပ်ကွက်တွေကနေ နှင်ထုတ်ခံရမယ့် အန္တရာယ်တွေကို ကာကွယ်နိုင်စွမ်း ရှိလာတယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေး အလားအလာ

လက်ရှိခရီးစဉ်တွေကနေ ဆင်းရဲသားရပ်ကွက်တွေအကြောင်း ရှုထောင့်တစ်ခုထဲကနေ ပုံဖော်တာမျိုး ရှိလာနိုင်ပေမယ့် ဒီခရီးစဉ်ဟာ နိုင်ငံရေးနဲ့ လူမှုရေး အသိကို ပုံဖော်ဖို့ အခွင့်အလမ်းတစ်ခုအဖြစ် ဖေဘီယန်က ယူဆပါတယ်။

“အိန္ဒိယနိုင်ငံဟာ လကမ္ဘာကိုတောင် ရော့ကက်ဒုံးပျံတွေ ပစ်လွှတ်နေပါပြီ။ ဒါပေမဲ့ လူဦးရေ အများစုက သင့်တင့်လျောက်ပတ်တဲ့ အိမ်၊ အညစ်အကြေး စွန့်စနစ် အပါအဝင် ထိုက်သင့်တဲ့ ဝန်ဆောင်မှုတွေ မရကြပါဘူး”

“ကျူးကျော်ရပ်ကွက် ခရီးသွားလုပ်ငန်းဟာ အိန္ဒိယ ကြေးရတတ်တွေအတွက်တော့ သိက္ခာကျစရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်၊ ဒါပေမဲ့ ဒီလုပ်ငန်းကြောင့် နိုင်ငံရေး ရွေးချယ်မှုတွေ၊ မတရားမှုတွေကို မီးမောင်းထိုးပြပေးနေတဲ့ နိုင်ငံရေး အလားအလာ ရှိလာနိုင်တယ် ဆိုတာ ထင်ရှားနေပါတယ်” လို့ ပြောပါတယ်။

မင်္ဂလာဒုံမှာပါ အိပ်စရာ နေစရာမရှိလို့ လမ်းဘေးမှာနေနေရရှာတဲ့ အဘွားအိုပါတဲ့ ကူညီပေးလိုက်ကြပါအုန်း

Screenshot_740.png

မာယာပွေလီတဲ့ လူ့ဘောင်လောကကြီးမှာ ကျနော်တို့တတွေဟာ လောကဓံတရားတွေကို ကိုယ်တတ်နိုင်သလောက် ခွန်အားနဲ့ ရင်ဆိုင်ရင်း ဘဝကို အဆင်ပြေအောင် ဖြတ်သန်းနေကြသူတွေ ချည်းပါပဲ တချို့က ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းနိုင်ကြတယ် တချို့ကတော့ ဆင်းဆင်းရဲရဲနဲ့ ဖြတ်သန်းကြရတယ် ရှေးကုသိုလ်ကံပဲ ပြောပြော ခုလက်ရှိအခြေအနေကြောင့်ပဲ ဆိုဆို တချို့သူတွေက လောကဓံတရားကို ပိုပြီးဆင်းဆင်းရဲရဲနဲ့ ခံစားကြရပါတယ် အသက်ငယ်ရွယ်တဲ့ အချိန်မှာ ဒီလိုဆင်းရဲ ဒုက္ခတွေကို မိမိကာယအား ဉာဏအားနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်ကြပေမဲ့။

Loading...

Loading...

အသက်အရွယ်အိုမင်းလာတဲ့ အခါ မိမိကို ပြုစုစောင့်ရှောက်မဲ့သူ မရှိတဲ့အခါမှာ ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ဖို့ ခွန်အားတွေ မရှိတော့ပါဘူးဒီလိုအချိန်မှာ သူတို့လို လူတွေအတွက် အကောင်းဆုံးကတော့ ပတ်ဝန်းကျင်လူ့အသိုင်းအဝိုင်းက လူပီသစွာနဲ့ ဝိုင်းဝန်း ကူညီ ပေးကြဖို့ပါပဲ ခုပြောမဲ့ အဖြစ်အပျက်လေးကလည်း အသက်အရွယ်အိုမင်းပြီး ကျောထောက်နောက်ခံကလည်းမရှိ မျက်စိကလည်းမမြင် နားကလည်းမကြားတဲ့ အဖွားအိုတစ်ဦးရဲ့ ဆင်းရဲဒုက္ခရောက်နေရတဲ့ အကြောင်းလေးပါပဲ။

ဒီအကြောင်းလေးကို July Love ဆိုတဲ့ လူမှုကွန်ယက်အကောင့် ပိုင်ရှင်က တဆင့် မျှဝေခဲ့တာ ဖြစ်ပြီးတော့ ဒီစာလေးကို ဖတ်ရသူတိုင်းက အဘွားအိုအပေါ် သနားကရုဏာ သက်နေကြတာပဲ ဖြစ်ပါတယ် မျှဝေပေးသူကလည်း ကိုယ်နဲ့ မဆိုင်ပေမဲ့ အဘွားအိုအတွက် အလှူရှင်တွေ တတ်နိုင်သလောက် လှူလို လှူငြား စေတနာနဲ့ မျှဝေခဲ့တာပဲ ဖြစ်ပြီး ဒါဟာ လူမှုကွန်ယက်ကို အကျိုးရှိရှိအသုံးချတာဖြစ်တဲ့ အတွက် ချီးကျူးစရာပါ သနားစရာအဘွားအို အကြောင်းလေးကို ပရိသတ်ကြီးတို့လည်း သိပြီး ကူညီနိုင်အောင် သူမျှဝေထားတဲ့ စာလေးကို အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်… လှတင်အတော့်ကို စိတ်မကောင်းဖြစ်ရပါတယ်။

မင်္ဂလာဒုံမြို့နယ် စံပြ(၄)လမ်းတံတားအတက်အဆင်းနားမှာ အခုပုံပါအဖွားက တစ်ညလုံးအဲ့လိုလေးနေ နေတာပါ… မိုးရွာလဲအဲ့တိုင်း အေးနေလဲအဲ့တိုင်းနေနေတာပါ နေ့ရောညရော ကိုယ်လဲည(၁၁)နာရီလောက်ကြီးဖြတ်သွားတုန်းမြင်တာနဲ့သွားပြီးမေးကြည့်တော့ အဖွားကမျက်စိလဲမမြင်နားလဲမကြားဘူး နေ့ဘက်ဆိုရင်ရှေ့မှာချထားတဲ့စတီးဗန်းလေးထဲ အသီးအရွက်လေးတွေထည့်ပြီးရောင်းပါတယ် တောင်းမစားပါဘူး အရင်ကနေ့ဘက်တွေမှာ အဖွားကိုဈေးရောင်းနေတာမြင်ရင်တတ်နိုင်သလောက်လှုခဲ့ပါတယ်။

အခုညဘက်ကြီးအခုလိုကြီးမြင်တော့တော်တော်စိတ်မကောင်းဖြစ်ရတယ် မိုးရွာရင် သူဘယ်လိုနေမလဲမသိဘူး သူ့မှာမြေးတွေရှိတယ်လို့ဘေးနားကသူတွေပြောပေမယ့် ဘယ်သူမှလာကြည့်တာမမြင်မိဘူး ပစ်ထားကြတယ်ထင်ပါတယ် ကိုယ်လဲစကားသွားပြောတော့ နားလဲမကြားမျက်လုံးလဲမမြင်ဘူး ဘာမှပြောလို့မရလို့ ကိုယ်တတ်နိုင်သလောက် လေးလှုပြီးပြန်လာခဲ့တယ် ။

အဖွားက နေစရာလဲမရှိ အိပ်စရာလဲမရှိဖြစ်နေလိုပါ ကိုယ့်ခြေသံလေးကြားတော့ သူထမင်းမစားရသေး ဘူးလို့တော့ပြောတယ် ဖြတ်သွားဖြတ်လာတဲ့သူတွေက တွေ့ရင်တော့လှုသွားတာမြင်မိပါတယ် ဒါပေမယ့် အသက်အရွယ်ကြီးတဲ့သူအခုလိုကြီးနေနေတာတော့ ဝမ်းနည်းမိတယ် အဖွားခုနေတဲ့နေရာက စံပြဥက္ကဋ္ဌရုံးရှေ့နဲ့နီးပါတယ် အသက်ဒီလောက်ကြီးနေတာကို ကိုယ်လဲဘယ်လိုလုပ်ရမှန်းမသိလို့ ပို့စ်တင်လိုက်တာပါ ကူညီမယ့်သူရှိရင်ကူညီပေးကြပါဦး ညီမလဲတတ်နိုင်သလောက်ပါဝင်ပါ့မယ် ဘိုးဘွားရိပ်သာဘဲဖြစ်ဖြစ် လူမှုကယ်ဆယ်ရေးဘဲဖြစ်ဖြစ်ာ အသိမိတ်ဆွေများရှိရင် ကူညီပေးကြပါလို့မေတ္တာရပ်ခံပါတယ်။ဒီထက်ပိုကူညီနိုင်အောင်လို့ အများသိအောင် မျှဝေပေးတာလို့ ဆိုထားပါတယ် ပရိသတ်ကြီးတို့ထဲမှာလည်း ကူညီနိုင်မဲ့ သူတွေရှိရင် ဝိုင်းဝန်းကူညီပေးကြပါအုံး….ဒါမှလည်း ကျနော်တို့ မြန်မာ့လူ့ဘောင်အသိုင်းအဝိုင်းဟာ စာနာဖေးမကူညီမှုတွေပေါများလာတာနဲ့ အတူ ဒုက္ခဆင်းရဲ ရောက်ရသူတွေ နည်းပါးလာမှာပဲ မဟုတ်လားဗျ။

scroll to top